Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဟာသလူရွှင်တော် ဒိန်းဒေါင် သွေးတိုးရောဂါကြောင့် OSC ဆေးရုံတင်ထားရ

$
0
0

ဟာသသရုပ်ဆောင်နှင့် လူရွှင်တော် ဦးဒိန်းဒေါင်သည့် မြောက်ဥက္ကလာပ ရှိ OSC ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း ဟာသ သရုပ်ဆောင်နှင့် လူရွှင်တော် ဦးခင်လှိုင်က ၎င်းကိုယ်ပိုင် ဖေ့စ်ဘုတ်စာမျက်နှာပေါ်တွင် မေ ၈ ရက် နေ့လယ်ပိုင်း ရေးတင်ထားသည်။

ဦးခင်လှိုင် အဆိုပါပို့စ်အား ရေးတင်ရာတွင် ဆေးကုသမှု ခံယူနေသည့် ဦးဒိန်းဒေါင် ပုံနှင့် ရေးတင်ထားပြီး အဆိုပါ ပို့စ်၏ ကွန်မန့်ထဲတွင် ပရိသတ်များ၊ အနုပညာရှင် အသိုင်းအ၀ိုင်းမှ မိတ်ဆွေများ၏ မေးမြန်းချက်များအား ကွန်မန့်ထဲတွင် သွေးတိုးရောဂါနှင့် မြောက်ဥက္ကလာပ OSC ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း ပြန်လည်ဖြေကြား ထားသည်ကို တွေ့ရသည်။

ဦးခင်လှိုင်က “ညီအစ်ကိုတမျှ ချစ်ရတဲ့ သူငယ်ချင်းက မနေ့ညက ဆေးရုံတင်ရတယ်။ ကျွန်တော် ပြင်ဦးလွင်မှာ ရောက်နေတယ်၊ စိတ်တွေပူလို့ ညက ကောင်းကောင်းအိပ်လို့ မဘူးချစ်သူငယ်ချင်း။ မြန်မြန်နေကောင်းဖို့ အတွက် မနက်က အစေားကြီး ဘုရားမှာ ဆုတောင်းမေတ္တာ ပို့သပေးခဲ့တယ်၊ မြန်မြန်နေကောင်းပါစေ သူငယ်ချင်းရေ” ဟု ရေးထားသည်။

ဦးခင်လှိုင်မှာ ၎င်းကိုယ်ပိုင် ဖေ့စ်ဘုတ် စာမျက်နှာတွင် မရေးသားမီ မေ ၇ ရက်ညပိုင်းက ခင်လှိုင်နှင့် ဒိန်းဒေါင်း- ဟာသညီနောင် ဖေ့စ်ဘုတ် လူမှုကွန်ရက် စာမျက်နှာတွင် “သေလည်း ဘာမှမဖြစ်ဘူး၊ ၄၄ နှစ် လူ့လောကမှာ နေပြီးပြီ” ဟု ရေးသားထားသည်ကို တွေ့ရသည်။

ဒိန်းဒေါင်အနေဖြင့် ဆေးရုံတက်နေသည့် ကိစ္စနှင့် ပတ်သက်ပြီး ၎င်းတို့ ရေးတင်ထားသည့် ပို့စ်များအောက်တွင် ပရိသတ်များနှင့် အနုပညာရှင် အသိုင်းအ၀ိုင်းမှ မိတ်ဆွေများက ဒိန်းဒေါင်အား အမြန်ဆုံး နေပြန်ကောင်းစေလိုကြောင်း ဆုတောင်းစကားများ ဆိုကြသည်။

ဒိန်းဒေါင်သည် လူရွှင်တော်ပိုင်းတွင် သာမက သရုပ်ဆောင်ပိုင်း၌လည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦးဖြစ်သည်။ ယခုနောက်ပိုင်းတွင် ဒါရိုက်တာ အဖြစ် ဇာတ်ကား ရိုက်ကူးခြင်းများရှိကြောင်း သတင်းများအရ သိရသည်။

ဓာတ်ပုံ-ခင်လှိုင်နှင့်ဒိန်းဒေါင် -ဟာသညီနောင်(FB)
The Ladies News

Viewing all articles
Browse latest Browse all 32865

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


မောင်ကိန်းရွှေဆိုင်ဓားပြတိုက်သူမှာလောက်ကိုင် အမျိုး သား လွှတ် တော် ကိုယ် စား...


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


ဆင်ဖြူ ရှင်၏ ယိုးဒယားအောင်ပွဲ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


သမားဇာနည်တို့ မွေးဖွားရာမြေ (THE NATIVE OF THAMAR ZARNI)


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>