Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

" ဗိုလ်ချုပ်လက်ရေးမူစာအုပ်မိဘဆရာအသင်းနှင့်စာအုပ်ပြန်လည်ရရှိရေးကော်မတီ နေပြည်တော်သို့သွားယူမည် "

$
0
0
ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူစာအုပ်အားလွှတ်တော်အစည်းအဝေးပြီးသည်ကို မစောင့်ပဲ ကြားကာလအတွင်း နေပြည်တော်သို့ သွားရောက်ယူမည်ဖြစ်ကြောင်း ရေနံချောင်း အ.ထ.က (၁) မိဘဆရာအသင်းမှ သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘဝလက်ရေးမူစာအုပ်ကို ရေနံချောင်းမြို့လူထုဆန္ဒအရ ပြန်လိုချင်ပါကလွှတ်တော်အစည်းအဝေး(စက်တင်ဘာလ)ပြီးပါက အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ၎င်းကိုယ်တိုင်ပြန်ပို့ပေးမည်ဖြစ်ကြောင်း၊ ၎င်းကာလအား မစောင့်နိုင်ပါက နေပြည်တော်သို့ လာယူနိုင်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ကိုယ်စား ချောက်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်က ရေနံချောင်း အ.ထ.က (၁)ခန်းမတွင် ယနေ့နံနက်ကပြောကြားခဲ့သည်။

ရေနံချောင်း အ.ထ.က (၁) မိဘဆရာအသင်းမှ ဒုဥက္ကဌ ဦးကျော်ဆန်းဦးက " မြို့နေလူထုဆန္ဒအရ ဗိုလ်ချုပ်လက်ရေးမူစာအုပ်ကို သွားယူမှာပါ။ စက်တင်ဘာလ လွှတ်တော်အစည်းအဝေးပြီးတာကို မစောင့်ဘဲ နေပြည်တော်ကိုသွားပြီး ယူမှာပါ။ ဒါပေမယ့် ဟိုဘက်က ဘယ်နေ့လာယူလို့ရပြီလို့ အကြောင်းကြားမှပဲ သွားယူဖြစ်မှာ၊ အခုက
သွားယူမယ့် အချိန်ဇယားညှိနေတုန်းပါ " ဟု သြဂုတ် ၉ ရက်နေ့တွင်ပြောသည်။

ဗိုလ်ချုပ်လက်ရေးမူ စာအုပ်အားသွားယူရာတွင် ရေနံချောင်း အ.ထ.က (၁) မိဘဆရာအသင်း(သို့မဟုတ်) စာအုပ်ပြန်လည်ရရှိရေးကော်မတီ အနေဖြင့်လည်းကောင်း အဖွဲ့ ၂ ဖွဲ့ပူးပေါင်း၍လည်းကောင်း နေပြည်တော်သို့ သွားရောက်ယူမည်ဟု ၎င်းကပြောသည်။

ထက်ထက်မိုးမြင့်
popular myanmar news journal

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>