Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အကျဉ်းထောင်များအတွင်းနှိပ်စက်ညှင်းပန်းခံခဲ့ရသော နိုင်ငံရေးအကျဉ်းသားထောင်များ၏ဖြစ်ရပ် များကိုဖော်ထုတ်မည်

$
0
0
သြဂုတ် ၁၀ရက်နေ့နေ့လည် တွင်ကျောက်တံတားမြို့နယ်Mr, Brown ကဖေး၌သာယာဝတီ အကျဉ်းထောင်တွင်နှိပ်စက်ခံခဲ့ရ သောနိုင်ငံရေးအကျဉ်းသားဟောင်း များတွေ့ဆုံဆွေးနွေးကြပြီးမြန်မာနိုင်ငံရှိ အကျဉ်းထောင် အသီးသီး၌ ဖြစ်ပေါ်ခဲ့သည့်နိုင်ငံရေးအကျဉ်း သားများနှိပ်စက်ခံရမှုများကိုစုံစမ်း ဖော်ထုတ်သွားရန်ကော်မတီတစ် ရပ်ဖွဲ့စည်းလိုက်ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံပွဲမှာရှစ်လေး လုံးဒီမိုကရေစီအရေးတော်ပုံငွေရ တုအခမ်းအနားသို့တက်ရောက် ဆွေးနွေးရန်အမေရိကန်ပြည်ထောင် စုမှရောက်ရှိလာသူသာယာဝတီ ထောင်ပြန် ANTILABOURရဲ ဘော်တစ်ဦးဖြစ်သည့်ကိုအောင် သန်းမှစီစဉ်၍တိုင်းပြည်၏ပြုပြင် ပြောင်းလဲရေးကာလဖြစ်သည့်ယခု အချိန်မျိုးတွင်နိုင်ငံရေးအကျဉ်း သားဟောင်းများအနေနှင့်တရား မျှတမှုကာကွယ်စောင့်ရှောက်ရေး အတွက်ကော်မတီတစ်ရပ်ဖွဲ့စည်း သွားကြရန်ဆွေးနွေးပြီးနိုင်ငံရေး အကျဉ်းသားများနှိပ်စက်ခံရမှုဖော် ထုတ်ရေးလုပ်ငန်းမှစတင်သွားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

အဆို ပါဆွေးနွေးပွဲသို့နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့မှကိုရဲအောင်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှကိုမြင့်ဝင်းမောင်၊AAPP မှကိုသက်မှူးတို့လည်းတက်ရောက် အကြံပြုဆွေးနွေးခဲ့ကြပြီးအဆိုပါ ကော်မတီအတွက်လိုအပ်လျှင်နိုင် ချုပ်ရုံးခန်းကိုယာယီအသုံးပြုနိုင် ကြောင်းကိုမြင့်ဝင်းမောင်မှကူညီ ပေးခဲ့သလိုလုပ်ငန်းများဖော်ဆောင် ရန်နည်းပညာများနှင့်ကွန်ရက်များ ချိတ်ဆက်ရေးကိုနိုင်ကျဉ်းအဖွဲ့မှ ကူညီသွားမည်ဖြစ်ကြောင်းကိုရဲ အောင်မှပြောကြားသည့် ““ဒီအဖွဲ့ မျိုးဒီလုပ်ငန်းမျိုးဟာတိုင်းပြည် အတွက်တရားမျှတမှုနဲ့အမှန်တရား အတွက်တကယ်လိုအပ်ပါတယ်ရုံး ခန်းမဖွင့်နိုင်သေးမှီလိုအပ်တဲ့စက် ကိရိယာတွေအရင်ဝယ်ထားပြီးလုပ် ငန်းတွေစတင်သွားသင့်ပါတယ်ကျ နော်တို့လည်းတတ်နိုင်သလောက် ပံ့ပိုးမှုတွေလုပ်ပေးမှာပါ”” ဟု၎င်း ကဆက်လက်ပြောကြားသည်။

လို အပ်နေသော အသံဖမ်းစက်၊ကင် မရာနှင့်ကွန်ပြူတာများကို International Foundation For Burma National Congress (IFBNC) အဖွဲ့ဝင်အမေရိကန် နိုင်ငံတွင်နေထိုင်သူကိုအောင်သန်း မှကူညီမတည်ပေးကြောင်းသိရ သည်။အစည်းအဝေးတက် ရောက်သူ ၂၅ဦးရှိပြီးလုပ်ငန်းဖော် ဆောင်ရေးကော်မတီကိုဆရာတော် ဦးပဏ္ဍိတဦးဆောင်၍သာယာဝ တီထောင်ပြန် ANTILABOUR ၈ဦးဖြင့်ဖွဲ့စည်းကာ၊မကြာမီအချိန် အတွင်းထောင်တွင်းနှိပ်စက်ခံရမှု များကိုစုံစမ်းဖော်ထုတ်သွားတော့ မည်ဖြစ်ကြောင်းနှိပ်စက်ခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသားဟောင်းများ အနေဖြင့်ဖုံးနံပါတ်၀၉၇၃၂၀၉၅၈၁, ၀၉၄၂၅၀၃၁၆၁၄,၀၉၄၂၁၁၀၁၂၀၄ များသို့ဆက်သွယ်နိုင်ကြောင်းသိ ရသည်။

ဇော်မြင့်
The hot news weekly

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>