Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ငါတို့နဲ့မဆိုင်ဘူးလို့ လွှဲလွှဲချနေတဲ့ မန္တလေး ရဲ

$
0
0

(မန္တလေးကျုံးနဘေးမှာ ဓားနဲ့လိုက်အခုတ်ခံရတဲ့.. မျိုးသူရဦး-ဆိုသူ လူငယ် နောက်ထပ်တစ်ယောက်ရဲ့ ရင်ဖွင့်သံကို ပြည်သူ့ဆန္ဒဂျာနယ် မှာ ဖော်ပြထားတာတွေ့လို့ ကူးယူဖော်ပြလိုက်ပါတယ်)

ကျွန်တော့်နာမည် မျိုးသူရဦးပါ။ မန္တလေးကျုံးနဘေးမှာ ဓားနဲ့အခုတ်ခံရတဲ့အကြောင်းကို တင်ပြချင်ပါတယ်။ ဇူလိုင်လ (၂၇)ရက်၊ စနေနေ့ည (၈)နာရီအချိန်လောက်က ဖြစ်ပါတယ်။ ကျွန်တော် အလုပ်ကနေ ဆိုင်ကယ်နဲ့ ပြန်လာတာပါ၊ လမ်း၈၀ အတိုင်း တောင်ဖက်ကနေ မြောက်ဖက်ကို ပြန်အလာ ၁၄လမ်းနဲ့၁၅လမ်းကြားအရောက်မှာ နောက်ကနေ ဖီနိုဆိုင်ကယ်၃စီးနဲ့ လိုက်လာပြီး ခုတ်တာပါ၊ ကျွန်တော်လည်း ဓားနဲ့အခုတ်ခံလိုက်ရတာနဲ့ ကြောက်ပြီး အိမ်ကိုအရောက် အတင်းမောင်းပြေးခဲ့ပါ တယ်၊ အဲဒီအချိန်မှာ နောက်ကနေ အစ်ကိုကြီးတစ်ယောက် ဆိုင်ကယ်နဲ့လိုက်လာပြီး ကျွန်တော့်ကို သတင်းမေးပါတယ်၊ ကျွန်တော်တို့ ဆိုင်ကယ်မောင်းလာရင်းနဲ့ ကျုံးရဲ့မြောက်ဖက်ပေါက်ကို ရောက်လာပါတယ်။ နောက်က သတင်းလိုက်မေးတဲ့ အစ်ကိုကြီးက မြောက်ပေါက်မှာ တာဝန်ကျနေတဲ့ ရဲတွေတွေ့တာနဲ့ ၀င်ပြီးအကြောင်းကြားဖို့ပြောပါတယ်။ ဒါနဲ့ အဲဒီအစ်ကိုကြီးက ပဲ ဦးဆောင်ပြီး ရဲတွေကို ကျွန်တော်ရလာတဲ့ ဒဏ်ရာတွေပြပြီး အကျိုးအကြောင်းပြောပြပါတယ်။

အဲဒီအခါမှာ ရဲတွေက ခင်ဗျားဖြစ်ခဲ့တာ ကျွန်တော်တို့ အပိုင်မဟုတ်ဘူး၊ အမှတ်(၄)စခန်းပိုင်နယ်မြေမှာဖြစ်တာ၊ အဲဒီကိုပဲသွားလို့ပြောပါတယ်၊ ဒါနဲ့ပဲ အကူအညီပေးတဲ့အစ်ကိုကြီးက ဦးဆောင်ပြီး ကျွန်တော်တို့ အမှတ်(၄)ရဲစခန်းကိုသွားခဲ့ပါ တယ်။ အမှတ်(၄)ရဲစခန်းကိုရောက်တော့ တာဝန်ကျနေတယ်ဆိုတဲ့ ရဲတစ်ယောက်ပဲ တွေ့ပါတယ်၊ ယူနီဖောင်းဝတ်မထားပါဘူး။ နောင်မှ အဲဒီသူဟာ ရဲတပ်ကြပ်အောင်မြင့်ဦးလို့ သိရပါတယ်။ တာဝန်ကျတပ်ကြပ်အောင်မြင့်ဦးကလည်း “ကျုံးဘေးမှာ တာဝန် ကျနေတဲ့ရဲတွေရှိတယ်၊ အဲဒီကိုသွားပါ” လို့ လွှဲချပြန်ပါတယ်။ လိုက်ကူညီပေးတဲ့အစ်ကိုကြီးက ဒဏ်ရာရလာတဲ့လူ ပါလာပါတယ် ဆိုပြီး ကျွန်တော့်ကိုပြပြီးပြောမှ ဆေးစာရေးပေးပါတယ်။
ကျွန်တော့်ကို လိုက်ကူညီပေးတဲ့အစ်ကိုကြီးဟာ မဇ္ဇျိမသတင်းစာက သတင်းထောက် အောင်ကိုဦးဆိုတာကို နောက် နေ့ကျမှပဲသိခဲ့ရပါတယ်။ သတင်းထောက်အောင်ကိုဦးက ကျွန်တော့်အဖြစ်အပျက်ကို မဇ္ဇျိမသတင်းစာမှာ ဖော်ပြပေးလို့ ဓာတ်ပုံနဲ့ တကွ ပါလာခဲ့ပါတယ်။

ကျွန်တော်ပြောချင်တာက ပြည်သူ့ရဲတွေကိုပါ။ လောလောလတ်လတ် ဓားနဲ့အခုတ်ခံထားရတဲ့ ဒဏ်ရာကြီးကို မြင်နေပါ ရက်နဲ့ အကူအညီမပေးပဲ ငါတို့နဲ့မဆိုင်ဘူးလို့ လွှဲချနေကြတာကို နားမလည်နိုင်ပါဘူး။ ဒီလိုသာဆိုရင် ပြည်သူလူထုက ဘယ်သူ့ ကို အားကိုးရတော့မှာလဲ။

ကျွန်တော်ဓားနဲ့အခုတ်ခံရတဲ့အမှုဟာလည်း အခုထိ ဘာမှ မထူးခြားပါဘူး။ ခုတ်တဲ့သူတွေကိုလည်း မဖမ်းမိပါဘူး။ ကျွန်တော့်လိုပဲ ကျုံးဘေးမှာ ဓားနဲ့အခုတ်ခံရသူပေါင်း တစ်ရာကျော်ရှိပြီလို့ သိရပါတယ်။ တစ်မှုမှ မပေါ်ပါဘူး၊ တရားခံတစ် ယောက်မှ မဖမ်းမိပါဘူး။ ဒီအတိုင်းဆိုရင် ကျုံးဘေးမှာ သွားလာရမှာတောင် ကြောက်နေရပါပြီ။ ကျွန်တော်ဓားနဲ့အခုတ်ခံရတာ ည(၈)နာရီလောက်ပဲရှိပါသေးတယ်။ ကျုံးဘေးမှာ တခြားသွားလာနေသူတွေ၊ ယာဉ်တွေ အများကြီးရှိနေတဲ့ကြားထဲကနေ ဓားနဲ့ ခုတ်ပြေးကြတာပါ။
ကျွန်တော်တို့ ဘယ်သူ့ကို အားကိုးရမလဲခင်ဗျာ။

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>