Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

“အလင်္ကာ အလွမ်းမှတ်တမ်း”

$
0
0

“အလင်္ကာ အလွမ်းမှတ်တမ်း”
အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်သည် ငယ်ရွယ်စဉ် (၁၄)နှစ်သားအရွယ်ကပင် မြန်မာ့ဇာတ်သဘင် လောကသို့ရောက်ရှိ ကပြခဲ့သူ။ ရွှေမန်းတင်မောင် ဇာတ်သဘင်ကို တီထွင်ဆန်းသစ်မှုများစွာဖြင့် ကိုယ်တိုင် ထူထောင်ခဲ့သူ။ အလင်္ကာကျော်စွာဘွဲ့ကိုရရှိခဲ့သူ။ ဇာတ်ကရင်း ကွယ်လွန်ခဲ့သူ။ လက်ဝဲသုန္ဒရ၊ ဗုဒ္ဓဝင်ဇာတ်ထုပ်များ၊ ရွဲကုန်သည် စသည်တို့မှာ အထူးထင်ရှားခဲ့သူ။ ရုပ်ရှင်နှင့်သဘင်နယ်ပယ်တွင် အောင်မြင်သည့် အနုပညာ မျိုးဆက်သစ်များအား ညွှန့်ဝင်းမှ ကျော်ကျော်ဗိုလ်နှင့် တင်မောင်ဆန်းမင်းဝင်းတို့ လက်ထက်ထိတိုင် မျိုးဆက် အမွေပေးနိုင်ခဲ့သူ။ စသည့်ထင်ရှားမှုများစွာဖြင့် လူသိများသော ပုဂ္ဂိုလ်တစ်ဦးပင်ဖြစ်သည်။ ၄င်း၏ သဘင် သက်အနှစ် (၈ဝ)ပြည့်အခမ်းအနားအား သြဂုတ်လ၊ ၁၃ရက်နေ့၊ နံနက် ၉နာရီအချိန်တွင် ဆီဒိုးနားဟိုတယ်၌ ကျင်းပ ခဲ့သည်။ အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်၏ ရွှေမန်းသဘင်အနှစ်(၈ဝ)ပြည့် "အလင်္ကာ အလွမ်းမှတ်တမ်း" ဖျော်ဖြေပွဲကြီးတွင် ပါဝင်ကူညီအားဖြည့်ကြသော အနုပညာရှင်များ၊ အတတ်ပညာရှင်များ၊ မေတ္တာဖြင့် ကူညီဆောင်ရွက်ပေးကြသူများကို ရွှေမန်းသဘင်မိသားစုမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားအား ကျင်းပခဲ့သည်။ ယင်းအခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့လည်း အလှူငွေ ပေးအပ်ခဲ့သည်။

အလင်္ကာကျော်စွာ ရွှေမန်း ဦးတင်မောင်၏ ရွှေမန်းသဘင် အနှစ်(၈ဝ)ပြည့် ဂုဏ်ပြုပွဲအခမ်းအနားသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဒုဥက္ကဌ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်မှ အလှူငွေအား လက်ခံရယူခဲ့ပြီး ဂုဏ်ပြုကဒ်အား ပြန်လည်ပေးအပ်ခဲ့သည်။ အခမ်းအနားတွင် ရွှေမန်းသဘင်မိသားစုမှ သဘင်ဘိုးဘွားရိပ်သာ ထူထောင်ရေးအတွက် မတည်ငွေကျပ် သိန်း(၃ဝ)၊ ရွှေပါရမီ ပညာရေးဖောင်ဒေးရှင်းအား ကျပ် သိန်း(၂ဝ)၊ ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်းအား ကျပ် သိန်း(၂ဝ)နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)အား ကျပ် (၁ဝ)သိန်း၊ ပုဂ္ဂလိက စာနယ်ဇင်း နာမကျန်းရံပုံငွေ အဖွဲ့အား ကျပ် (၁ဝ)သိန်းအား တို့အား အသီးသီးလှူဒါန်းခဲ့ပါသည်။

အလင်္ကာဖျော်ဖြေပွဲမှ ရရှိခဲ့သော အလှူငွေများကို နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းရခြင်းနှင့် ယင်းဖျော်ဖြေပွဲတွင် ပါဝင်ခဲ့ကြသော အနုပညာရှင်များ၊ အတတ်ပညာရှင်များ၊ မေတ္တာဖြင့် ကူညီဆောင်ရွက် ပေးကြသောသူများနှင့်တကွ အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်နှင့် ရွှေမန်းသဘင် မိသားစုတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အများပြည်သူတို့ကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် သာဓု အနုမောဒနာ ခေါ်ဆိုလိုက်ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)သည်လည်း ယင်းအလှူအား “အလင်္ကာ အလွမ်းမှတ်တမ်း” ဟူ၍ မှတ်ကျောက် တင်လိုက်ရပါတော့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>