Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အခြေခံအဆောက်အဦစီမံကိန်း တင်ဒါ ရှုံးနိမ့်ပြီးနောက် မြန်မာနိုင်ငံ မဟာဗျူဟာကို ဂျပန်ပြန်စဉ်းစားမည်

$
0
0
(The Japan Times မှ 18 Aug 2013 ရက်စွဲပါ ‘ Myanmar Strategy to get Rethink after failed infrastructure bids သတင်းကို ဘာသာပြန်သည်)

အာရှ၏နောက်ဆုံးလတ်ဆတ်သော ဈေးကွက်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦးစနစ် ဖွံ့ဖြိုးရေးတင်ဒါပြိုင်ပွဲတွင် ဂျပန်ကုမ္မဏီများရှုံးနိမ့်ခဲ့ရခြင်းကြောင့် ယင်းနိုင်ငံတွင် စီးပွားရေးအခွင့်အလမ်းများ ဖမ်းဆုပ်မည့် မဟာဗျူဟာကို ဂျပန်နိုင်ငံအနေဖြင့် ပြန်လည်စဉ်းစားနေရပြီဖြစ်သည်။

တောင်ကိုရီးယားနှင့်တရုတ်ကုမ္မဏီများ ပါဝင်သော အခြားနိုင်ငံခြားကုမ္မဏီများကို ဂျပန်တို့ရှုံးနိမ့်ခဲ့ရသော သော့ချက်ခွင်များထဲတွင် လေဆိပ်ဆောက်လုပ်ခြင်း၊ တိုးချဲ့ခြင်းစီမံကိန်းများ၊ တယ်လီကွန်းအော်ပရေတာလိုင်စင်များ ပါဝင်ပြီး၊ ထို့အတွက်ကြောင့် အစိုးရအဆင့်နှင့်ပုဂလိကအဆင့် တင်ဒါအောင်ရေးကြိုးပမ်းမှုများကို ထိုးနှက်ခံရသကဲ့သို့ ဖြစ်ခဲ့ရသည်။

မြန်မာနိုင်ငံအတွက် ကြွေးမြီလျှော်ပစ်ရေးနှင့် တရားဝင်ဖွံ့ဖြိုးရေးအကူအညီများ ကတိကဝတ်ပြု ထားသော်ငြား လည်း ကန်ထရိုက်ရရှိမှုမှတ်တမ်းများ ဆိုးဝါးနေရခြင်းနှင့် ပတ်သက်၍ ဂျပန်အစိုးရအကြီးတန်း တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ရဲ့ ကစားပွဲဗျူဟာကို ပြန်သုံးသပ်ဖို့လိုနေပါပြီ“ ဟု ပြောကြားလိုက်ပါသည်။

ပြည်ပခရီးသွားများအတွက် အဓိကဝင်ပေါက်ဖြစ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်မည့် စီမံကိန်းအတွက် နောက်ဆုံးတင်ဒါခေါ်ရာတွင် နောက်ဆုံးမိနစ်မတိုင်မှီအထိ ကိစ္စပြီးပြီးသားဟု ဂျပန်အစိုးရတာဝန်ရှိ သူများဖက်မှ ယုံကြည်စိတ်ချထားခဲ့ကြသည်။

သို့သော်လည်း ပြီးခဲ့သောစနေနေ့က မြန်မာအစိုးရက ထုတ်ပြန်ကြေညာသောအခါ လေဆိပ်တိုးချဲ့ရေးစီမံကိန်း တင်ဒါအောင်သူမှာ တရုတ်နှင့် ပြည်တွင်းကုမ္မဏီများပါဝင်သော ဖက်စပ်ကုမ္မဏီဖြစ်နေသည်။

ထို့အပြင် ဟံသာဝတီလေဆိပ်တည်ဆောက်ရန်အတွက် တောင်ကိုရီးယား Incheon ကုမ္မဏီကို ကန်ထရိုက်ပေးလိုက်ကြောင်း ထုတ်ပြန်ကြေငြာချိန်တွင် ဂျပန်တို့၏ New Kansai လေဆိပ်လုပ်ငန်းပါဝင်သော ကုမ္မဏီ နောက်ကောက်ကျသွားခဲ့ပြန်သည်။

ဂျပန်တို့အတွက် အားလုံးသတင်းဆိုးချည်တော့ မဟုတ်ပါ။ ဂျပန် Mitusubishi နှင့် JALUX တို့ပါဝင်သော ဖက်စပ်ကုမ္မဏီက မန္တလေးတံတားဦးလေဆိပ် မွမ်းမံလုပ်ကိုင်ခွင့် နှစ်သုံးဆယ်ကန်ထရိုက်ရရှိခဲ့ပါသည်။

စစ်အုပ်ချုပ်ရေးအလွန် ကမ္ဘာကို တံခါးဖွင့်ပေးနေသော မြန်မာနိုင်ငံသည် ၂၀၂၀ ခုနစ်အရာက်တွင် ခရီးသွား ဧည့်သည် ၇သန်းကျော်ကို ဆွဲဆောင်ရန် မျှော်လင့်နေသည်။

မြန်မာအစိုးရသည် တင်ဒါရွေးချယ်ရေးစည်းကမ်းများကို ထုတ်ဖော်ပြောဆိုခြင်းမပြုပါ။ သို့သော် သမ္မတ ဦးသိန်းစိန်နှင့် နီးစပ်သော သြဇာကြီးပုဂိုလ်များနှင့် အဆက်သွယ်ရှိခြင်းမှာ အဆုံးအဖြတ်ပေးသော အချက်ဖြစ်ကြောင်း ကုန်သွယ်ရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာအစိုးရသည် တင်ဒါရွေးချယ်ရာတွင် ပါဝင်ယှဉ်ပြိုင်သော နိုင်ငံများအကြား ဟန်ချက်ထိန်းရန် ကြိုးစား နေကြောင်း အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

ဂျပန်တို့သည် အလားအလာကောင်းသော လူဦးရေသန်းခြောက်ဆယ်ဈေးကွက်ရရှိမည့် တယ်လီဖုန်း အော်ပရေတာလိုင်စင် တင်ဒါပြိုင်ရာတွင်လည်း အောင်မြင်မှုမရရှိခဲ့ပါ။

အဆိုပါ တယ်လီကွန်းလိုင်စင်အတွက် ဂျပန် KDDIနှင့် sumitomoအပါအဝင် ဆန်ကာတင်စာရင်းဝင်သူ ၁၂ ဦး အနက်မှ နော်ဝေ Telenorနှင့် ကာတာ Ooredoo တို့ကို ဇွန်လတွင် မြန်မာအစိုးရက ရွေးချယ်ခဲ့သည်။

ပုံမှန်မဟုတ်သော ရင်းနှီးမြှပ်နှံမှုပမာဏကို ကမ်းလှမ်းခြင်းဖြင့် ကာတာကုမ္မဏီ တင်ဒါအောင်သွားသောကြောင့် မြန်မာနိုင်ငံတွင် ထင်ကြေးပေးမှုများစွာထွက်ပေါ်ခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် စီးပွားရေးကဏ္ဍကိုယ်စားလှယ် ၁၀၀ ကျော်ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မေလက သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ဖွံ့ဖြိုးမှုကို ပံ့ပိုးရန် ဂျပန်နိုင်ငံက လိုလားနေကြောင်း ပြသခဲ့ပြီး ဖြစ်သည်။

သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ကြွေးဟောင်း ယမ်းငွေ ၁၉၀ ဘီလီယံကို လျှော်ပေးပြီး ချေးငွေအသစ် ယမ်းငွေ ၉၁ ဘီလီယံကို ကူညီရန် ဂျပန်ဝန်ကြီးချုပ်က ကတိပြုခဲ့သည်။ ထိုအပြင် မြန်မာနိုင်ငံ၏ ထူထောင်ရေးလုပ်ငန်းများတွင် ဂျပန်အစိုးရပိုင်းနှင့် ပုဂ္ဂလိကပိုင်တို့ကို အတူတကွ ကူညီပံ့ပိုးပေးသွားမည်ဟု ပြောကြား ခဲ့သည်။

ဂျပန်နိုင်ငံသည် နိုင်ငံတကာတင်ဒါပြိုင်ရာတွင် အမေရိကန်နှင့် ဥရောပပြိုင်ဘက်များကိုသာ အာရုံစိုက်နေ သော်လည်း အခြားအာရှပြိုင်ဘက်များနှင့် ပြိုင်ဆိုင်မှုမှာလည်း အရှိန်မြင့်လာနေသည်။

“နိုင်ငံတကာ တင်ဒါပြိုင်ရာတွင် တောင်ကိုရီးယားနှင့် တရုတ်တို့သည် ဂျပန်နိုင်ငံ၏ အောက်စည်းသို့ ရောက်စရာကြောင်းမရှိကြောင်း ဂျပန်နိုင်ငံ၏ကြေွးမြီလျှော်ပစ်မှုနှင့် ဖွံ့ဖြိုးရေးအကူညီတို့သည် တင်ဒါရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားသည့် အချက်အလက်များထဲမှ တစ်ခုမျှသာဖြစ်ကြောင်း” မြန်မာအစိုးရတာဝန်ရှိသူက မှတ်ချက်ပေး ပြောကြားသည်။

Yangon chronicle

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>