Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ငြိမ်းချမ်းရေးမဲ့မြေ၀ယ် ဤနေကွယ်ခဲ့လေပြီ

$
0
0
''ငြိမ်းချမ်းရေးဆိုတာ ကိုယ့်ရင်ထဲ က စရတာပဲ'' ဟု တာရာဗေဒကို ဖွင့်ဆို လိုက်သော ကဗျာဆရာမောင်အောင် ပွင့်၏ အသံမှာ တုန်ခါစွာ။

''ဒါ အပင်ကြီးလဲသွားတာပဲ'' ဟု ထပ်ဆိုသည်။ သေနတ်သံများသည် မစဲ၊ လူ့အသက်ဆိုသည် ပြည်တွင်းစစ်မီးကို အဆုံးမဲ့ တောက်လောင်စေရေး အတွက် အတောမသတ်လိုအပ်နေသော လောင် စာဟု သတ်မှတ်ခံ ရလေတော့။

လူထုက ငြိမ်းချမ်းရေးကို လိုချင် ပြီး လူတစ်စုက ငြိမ်းချမ်းရေးကို ဖျက်ဆီး နေခြင်းလား။ ဝမ်းနည်းစရာ အကောင်း ဆုံးက မသေခင် ငြိမ်းချမ်းရေးကို မြင် သွားချင်သည်ဆိုသော ဆရာကြီးသခင် ကိုယ်တော်မှိုင်း လည်း ငြိမ်းချမ်းရေးကို မြင်မသွားရရှာ။ ဘဝတစ်သက်တာ ငြိမ်းချမ်းရေး၌ သာ ဦးခိုက်ခဲ့သော ဆရာ ဒဂုန်တာရာသည်လည်း ငြိမ်းချမ်းရေး ကို မြင်မသွားရရှာ။

သေနတ်နှင့် ပြောသော နိုင်ငံရေး သည် ဘယ်သောအခါမျှ ရပ်စဲမည် မသိ။ အစားထိုးလို့ မရသော အပင်ကြီးမှာ ပြို လဲခဲ့ပြီ။ ဆရာဒဂုန်တာရာ သို့မဟုတ် ရန်သူမဲ့ကမ္ဘာ။

အာဏာရှင်စနစ်က လည်မျိုညှစ် ဆက်ဆံနေသည့် ခေတ်ထဲမှာပင် ရန်သူ မရှိ၊ မိတ်ဆွေသာရှိဟု ဆရာက ဆို သည်။ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ခြင်းသည် နိုင်ငံရေးအလုပ်ဟု ဆို သည်။

စကားလုံးသက်သက် ဖွဲ့ဆိုထား ခြင်းမဟုတ်။ သမိုင်းခေတ်များစွာ၊ စစ် နှင့် တော်လှန်ရေးကို ဖြတ်သန်းလာခဲ့ပြီး မှ ရရှိလာသည့် အတွေးအခေါ် ဟု ဆရာက ဆိုခဲ့သည်။

ဆရာ၏ တစ်သက်တာ မည်သူ နှင့်မျှ ရန်ဖြစ်ခဲ့ဖူးခြင်းမရှိ။ ဆရာ ၈ တန်းနှစ်က အကြောင်းမဲ့သူ့ကျော ပြင် ကို လာရိုက်သွားသော ကျောင်းသား တစ်ဦးအပေါ် ပြန်လည်ရန်ပြု တုံ့ပြန် ခြင်းမရှိသည့်အပြင် အခေါ်အပြောပင် မပျက်။

''သူကတစ်ပြန် ကိုယ်ကတစ်ပြန် တုံ့ ပြန်ကြမည်ဆိုလျှင် ဘယ် မှာအေးချမ်း မည်လဲ။ ကျွန်တော့်ကို လာရိုက်သော ကျောင်းသားကို ကျွန်တော် နောက်ထပ် ဘာမှ ပြန်၍မတုံ့ပြန်သဖြင့် နောက်ထပ် လည်း ကျွန်တော့်ကို ပြန်မလုပ်တော့'' ဟု ဆရာက ဆိုသည်။

ရန်ကိုရန်ခြင်း မတုံ့ပြန်ခြင်းသည် ဆရာ့ကို ဖွဲ့ဆိုထားသော မွေးရာပါ ဂီတဖြစ်မည်ထင်၏။ ဆရာ့တွင် ရန်သူ မရှိ။ ဆရာသည် ရန်သူမဲ့ကမ္ဘာ။ ဆရာ့ ကို ရန်သူလိုသဘောထားခြင်းအပေါ် တော့ မတတ်နိုင်။ ဆရာကတော့ ရန်သူ မရှိ။

''မြွေပွေးကို မိတ်ဆွေဖွဲ့လို့ ရမ လား''ဟု တစ်ယောက်ကဆိုတော့ ဆရာ က ပြုံးနေသည်တဲ့။

ဆရာ၏ ရန်သူမရှိ၊ မိတ်ဆွေသာရှိ အယူအဆအပေါ် မကြိုက်သူများ ရှိ သည်။ ဆရာကတော့ သူ့အယူအဆ နှင့်သူ။သူ့အယူအဆအပေါ်တွင် သူခိုင် မာစွာ။

၁၉၆၁ ခုနှစ်ဝန်းကျင်၊ ကမ္ဘာအေး ကုန်းမြေ၌ ကျင်းပသည့် စာရေးဆရာ ညီလာခံ၌ ဆရာစာတမ်းဖတ်နေစဉ် စာရေးဆရာတစ်ဦး၏ အပြင်းအထန် တိုက်ခိုက်ခြင်းကို ခံခဲ့ရဖူးသည်။

''ခင်ဗျားကို သူဘာဖြစ်လို့ ဒါ လောက် အငြှိုးကြီးနေတာလဲ'' ဟု ဆရာ ပါရဂူကမေးတော့ ''ကျွန်တော် လည်း မသိဘူး။ သူနဲ့ ကျွန်တော်ဟာ ဘာပြဿနာမှ မရှိဘူး'' ဟု ဆရာက ပြန်ပြောခဲ့သည်။

ဆရာ့၏ ငြိမ်းချမ်းရေး ဒဿန နိဒါန်းမှာ ဒုတိယကမ္ဘာစစ်ဟု ဆိုသည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးကို အတူ တိုက်ခဲ့သူချင်း သေနတ်နှ င့် ဖြေရှင်းကြ တော့ ဆရာက ငြိမ်းချမ်းရေးဘက်တော် သား။ ဆရာ့၏ တာရာမဂ္ဂဇင်းမှနေ၍ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုအကြောင်း ရေးသား ခဲ့သည်။ ၁၉၅၁ ခုနှစ်မှစတင် ကာ ငြိမ်းချမ်းရေး လှုပ်ရှားမှုထဲတွင် ပါ ဝင်ခဲ့သည်။

ဆရာ့၏ ငြိမ်းချမ်းရေး အမြင်က ရှင်းသည်။ ငြိမ်းချမ်းရေးတွင် မည်သည့် ဗိုင်းရပ်စ်မှ ကပ်ငြိနေခြင်းမရှိ။

၁၉၅၆ ခုနှစ် ဆိုဗီယက်တပ်များ ဟန်ဂေရီသို့ဝင်တော့ ငြိမ်းချမ်းရေးကို ထိပါးခြင်းဟု ဆရာက အဓိပ္ပာယ်ဖွင့်ဆို ၍ ကန့်ကွက်သည်။ ဆရာ့၏ မိတ်ဆွေ များကတော့ ထိုသို့ဝင်ရောက်ခြင်းသည် ဆိုရှယ်လစ်စနစ်အတွက် ကာကွယ် သည်ဟု ဆို၏။ ဆရာက ဆိုဗီယက် တပ်များ ဟန်ဂေရီမှ ဆုတ်ခွာပေးရ မည်ဟု တင်ပြခဲ့သည်။

''ကျွန်တော်က ဘုရင်ကြီး ဝတ်လဲ တော်မပါဘဲ လမ်းသွားသည်ကို ကလေး ငယ်က အမှန်အတိုင်း မြင်သကဲ့သို့ မြင် တတ်သူဖြစ်သည်''ဟု ဆရာက ဆိုခဲ့ သည်။

ထိုသို့ ငြိမ်းချမ်းရေး အပေါ် ငြိမ်း ချမ်းရေးအမြင် တစ်ခုတည်းဖြင့် သာ လျှောက်ခဲ့သော ဆရာ့၏ခရီးမှာ သူ၏ ဘဝတစ်သက်တာ။ မငြိမ်းချမ်းသော ခေတ်ကြီးထဲတွင် ငြိမ်းချမ်းရေးကိုသာ ဆရာတွင် တွင် ပြောခဲ့သည်။ ယနေ့ အစိုးရသစ်လက်ထက်တွင်လည်း ဆရာ့ ၏ ငြိမ်းချမ်းရေးပန်ကြားလွှာများ။ ကျည်ဆံခြုံ၍ မလုံ၊ မေတ္တာခြုံမှ လုံလိမ့် မည်တဲ့။

''ဆရာသတိ ကောင်းတုန်း အချိန် ထိ ငြိမ်းချမ်းရေးကို လုပ်သွားတာ'' ဟု ကဗျာဆရာ မောင်အောင်ပွင့်က ဆို သည်။

သို့သော် ယနေ့တိုင် ဆရာ့တစ် သက်တာ ထွန်းလင်းခဲ့သော ငြိမ်းချမ်း ရေးဆိုသည်မှာ မရေရာသေးသည့် အဆင့်၌ပင် ရှိသေးသည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက သူမနာ ကိုယ် မနာ ငြိမ်းချမ်းရေး လမ်းစဉ်ကို ပေးခဲ့ သည်။ ဆရာဒဂုန်တာရာက တန်းတူ အခွင့်အရေး၊ လွတ်လပ်ရေးနှင့် ညီညွတ် ရေး။ သူမနာ-ကိုယ်မနာ-ပြည်သူမနာ ငြိမ်းချမ်းရေးဖူးပွင့်လာပါစေဟု မှိုင်းဗေဒ ကို ဆရာဆက်စီးဆင်း ခဲ့သည်။ ပြည်သူ တို့အတွက် ငြိမ်းချမ်းရေးသည် မရှိမဖြစ် ရေနှင့်လေ။

''လွတ်လပ်ရေးမရှိလျှင် ငြိမ်းချမ်း ရေးလည်း ရှိနိုင်မည်မဟုတ်။ ငြိမ်းချမ်း ရေးမရှိလျှင် တိုင်းပြည်၏ တိုးတက်ရေး ဆောင်ရွက်နိုင်မည် မဟုတ်။ ငြိမ်းချမ်း ရေးသည် အရာရာကို ဖန်တီးနိုင်သော အခြေအနေ၊ အရာရာကို ဖြေရှင်းနိုင် သော အခြေအနေဖြစ်သည်။ ငြိမ်းချမ်း ရေးသည် သာလျှင် ပြည်သူတို့၏ တိုး တက်ရေးကို စွမ်းဆောင်နိုင်ပေမည်'' ဟု ဆရာက ဖွင့်ဆိုခဲ့ပြီးဖြစ်သည်။

မှတ်စု - နိုင်ငံရေးယဉ်ကျေးမှု(ဒဂုန်တာရာ)
- ပရကထာ (ပါရဂူ)

အယ်ဒီတာတစ်ဦး
Popular Myanmar News Journal

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>