Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လယ်သမားများမည်သူ့လက်အောက်ခံမှ မဖြစ်စေရဟု မင်းကိုနိုင်ပြောကြား

$
0
0
မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ လယ် သမားများအနေနှင့် မည်သူတစ်ဦးတစ် ယောက်အတွက်လုပ်ဆောင်ရမည့် လက်အောက်ခံမဖြစ်စေရန် လုပ်ဆောင် ရမည်ဟု သြဂုတ် ၁၉ ရက်နေ့တွင် ကျင်းပသော လယ်သမားများနှင့် တွေ့ ဆုံသော လယ်သမားများအသံဆွေးနွေး ပွဲတွင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့် လင်း လူ့အဖွဲ့အစည်းေ ခါင်းဆောင် ကိုမင်းကိုနိုင်က ပြောသည်။

”၈၈ မျိုးဆက် လက်အောက်ခံ လည်းမဖြစ်စေရဘူး။ ဘယ်သူ့လက် အောက်ခံမှ မဖြစ်စေရဘူး။ ဘယ်သော အခါမှလည်း မဖြစ်စေရဘူး”ဟု ကိုမင်း ကိုနိုင်က ဆိုသည်။
ထို့အပြင် လယ်သမားများအနေ နှင့် သတ္တိရှိရုံနှင့်မရဘဲ ဥပဒေကြောင်း အရ ဥပဒေနားလည်သော လယ်သမား များပါ လိုအပ်သည်ဟု ၄င်းကဆိုသည်။

”ဥာဏ်ပညာရှိတဲ့ မျိုးဆက်မွေးပါ။ သတ္တိရှိပါ။ ဥာဏ်ပညာရှိသူတွေနဲ့ ချိတ် ဆက်ပါ”ဟု ၄င်းကဆိုသည်။

ထို့အပြင် ပြည်ထောင်စုတစ်နေ ရာတွင် လယ်သမားများနစ်နာပါက ဝိုင်းရပ်ရန်လိုအပ်ကြောင်း၊ မိမိနှင့်မဆိုင် ဘဲ လျစ်လျူရှုနေပါက မကြာမီ မိမိထံသို့ သာ ရောက်ရှိ လာမည်ဟု ကိုမင်းကိုနိုင် က ပြောသည်။

”တချို့လယ်သမားတွေဆို ရုံး ရောက်၊ ဂါတ်ရောက်နဲ့ နောက်ဆုံးသံတိုင် ကြားရောက်နေပြီ”ဟု ၄င်းကဆိုသည်။

ဆက်လက်၍ ၈၈ မျိုးဆက်တောင် သူလယ်သမားရေးရာ တာဝန်ခံကိုထွန်း မြင့်အောင်က လယ်သမားဘဝတိုးတက် မှသာ တိုင်းပြည်စီးပွားတိုးတက်မှာဟု ပြောသည်။

”လယ်သမားတွေကို ကူညီနေတဲ့ သူတွေ၊ လယ်သမားတွေ အားလုံး ထောင်ထဲရောက်နေပါပြီ။ ဒီမိုကရေစီ စံနှုန်းနဲ့ သွားနေတဲ့အတွက် ရပ်သင့်ပါ ပြီ”ဟု ၄င်းကဆိုသည်။

ထို့အပြင် ယခု ဆွေးနွေးပွဲမှ ရရှိ သော အသံများကို လွှတ်တော်ကကြား ရန် လုပ်ဆောင်မည်ဖြစ်ပြီး မကြားပါက ယခုထက်ပိုမို အသံကျယ်ပြန့်ရန် လုပ် ဆောင် သွားမည်ဟု ကိုထွန်းမြင့်အောင် က ပြောသည်။

လယ်သမားများသည် ယခင် ကတည်းကစ၍ လယ်သိမ်းယာသိမ်းမှုကို ခံစားရသော်လည်း မိမိတို့ဆန္ဒကို ဖော် ထုတ်ခွင့် မရရှိခဲ့ဘဲ ၂ဝ၁ဝ မှစ၍ မိမိတို့ ဆုံးရှုံးခဲ့သော လယ်မြေများကို ပြန်လည် ရရှိရန် ဆန္ဒဖော်ထုတ်ပွဲ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသည်။

ယခုတွင်လည်း မိမိ တို့ ခံစားနေရမှုများကို တစ်နိုင်ငံလုံးရှိ လယ်သမားများ သိရှိရန် ပွဲကျင်းပခြင်း ဖြစ်သည်။

စိုင်းလမင်း၊ ရန်နိုင်
Popular myanmar news journal

Viewing all articles
Browse latest Browse all 32865

Trending Articles


မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


အဆိပ်ပင်လော ဆေးပင်လော ( ကိုယ်ရံကြီးဂမုန်းပင်​)


TTA Oreo Gapp Installer


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>