(၁)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူတို့၏အကျိုးကိုဆောင်ရွက်ပါမည် ဟူသောကတိကဝတ်ဖြင့် ပြည်သူတို့၏ဆန္ဒမဲများကိုရယူကာ လွှတ်တော်ထဲသို့ ရောက်ရှိလာကြသူများ ဖြစ်ကြသည့်အလျောက် ပြည်သူတို့၏ အကျိုးကိုသာ ဦးထိပ်ထားဆောင်ရွက် ကြရမည့်သူများဖြစ် သည်။ တစ်နည်း အားဖြင့်သူတို့သည် ပြည်သူ့အစေခံများလည်းဖြစ်သည်။ထို့အပြင်ဒီမိုကရေစီစနစ်၏ ကျောက်မျက်ရတနာများလည်း ဖြစ်သည်။ အရည်အသွေးတောက်ပ သော လွှတ်တော် ကိုယ်စား လှယ်များက ပြည် သူ့အသံ ပြည်သူ့ဆန္ဒတို့ကို ဖော် ဆောင်ကြမည်ဖြစ်သည်။
(၂)
လွတ်လပ်ရေးရပြီး ပါလီမန်ဒီမို ကရေစီ ခေတ်ဦးကလွှတ်တော်ကိုယ် စားလှယ်များကို ‘အမတ်မင်း’ဟု ခေါ် ကြသည်။ သူတို့ထဲမှ အချို့မှာ သွင်း ကုန်ထုတ်ကုန်လိုင်စင် အစရှိသည့်အခွင့် အရေးများ ရကြသည်ဟု ဆိုကြသည် လည်းရှိသည်။ လွှတ်တော်အတွင်းတင် သွင်းလာသော အဆိုများ ဥပဒေကြမ်း များကို ဝေ ဖန်ကြ ဆွေးနွေးငြင်း ခုံကြ သည်သာမက ကြားဖြတ်မေးခွန်းများ ကိုလည်း မေးမြန်းကြသည်။၁၉၅၉ ခု ဖေဖော်ဝါရီလ ၁၆ ရက် နေ့တွင် ကျင်းပသော လွှတ်တော်တွင် ဗိုလ်ချုပ်ကြီးနေဝင်းက မိမိအားနိုင်ငံ တော်ဝန်ကြီးချုပ်အဖြစ်ဆက်လက် တာ ဝန်ပေးအပ်လိုပါက ပုဒ်မ ၁၁၆ ကို ပြင် ဆင်ပေးရန် တင်ပြရာတွင် သာယာဝတီ မဲဆန္ဒနယ် ပါလီမန်လွှတ်တော်အမတ် သခင်ချစ်မောင်က ဝိဓူရဇာတ်တော်ကို ကိုးကား၍ အတိုက်အခံပမညတ အမတ်များကိုယ်စား ဝေဖန်ဆွေးနွေးရာ ထိုဆွေးနွေးချက်ကြောင့် ဝိဓူရသခင်ချစ် မောင်ဟု အမည်တွင်ခဲ့သည်။ ထိုပြော ဆိုချက်ကို အခြားအမတ်များက ကြား ဖြတ်ပြောဆိုကြရာ …
သခင်ချစ်မောင် (သာယာဝတီ) …ဒါဟာ မဖြစ်နိုင်ပါဘူး။ မူကိုပဲ အဓိကထားရပါတယ်။
ဦးထွန်းအောင် (ဒိုက်ဦး) ဟိုတစ် ခါတုန်းက ဦးနုကိုမဲပေးခဲ့ပါတယ်။
သခင်ချစ်မောင် (ကြံခင်း) ဥက္ကဋ္ဌ ကြီးခင်ဗျား။ မူကိုသတ်မှတ်ပြီး မဲပေးတဲ့ အတွက် ဖဆပလနှစ်ခြမ်းကွဲတယ်ဆိုတာ သတိပြုပါ။
ဦးထွန်းအောင် (ဒိုက်ဦး) ဖဆပလ နှစ်ခြမ်းကွဲတယ်ဆိုတာ ပမညတမြှောက် ပေးလို့ ကွဲတာပါ။
ဦးသိန်းဖေမြင့် (ဘုတလင်) ဥက္က ဋ္ဌကြီးခင်ဗျား။ ဖဆပလနှစ်ခြမ်းကွဲတယ် ဆိုတာ ပမညတ မြှောက်ပေးလို့ ဆိုလျှင် ဖဆပလဟာ သနားစရာပါ။(ရယ်သံ များ)ဦးထွန်းအောင်(ဒိုက်ဦး) ဦးသိန်း ဖေမြင့်လက်ရာ အများကြီးပါပါတယ်။
၁၉၅၁ ခု မတ်လ ၁၉ ရက်နေ့ က ပြုလုပ်သော ပါလီမန်လွှတ်တော်အစည်း အဝေးတွင်လည်း လွှတ်တော်အမတ် ၁၈ ယောက်သည် လွှတ်တော် အခွင့်အ ရေးများ အပိတ်ခံရသည်။ပြည်သူ့အကျိုး အတွက် တင်သွင်းသော အရေးကြီး အဆိုများ အပြည့်အဝတင်သွင်းခွင့်မရ စသည့်မကျေနပ်မှုများကို အကြောင်း ပြု၍ ဆန္ဒပြကြသည်။ မတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် လွှတ်တော်ဥက္ကဋ္ဌကြီး အစည်းအဝေး အခန်းအပြင် သို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် ပြည်သူ့ဒီမိုကရေစီ ပါလီ မန်တပ်ပေါင်း စုံ အဖွဲ့ ခေါင်းဆောင် (ဗိုလ်ချုပ်အောင်ဆန်း၏အစ်ကို) ဦး အောင်သန်းက အစည်း အဝေးအခန်း အတွင်း ခုံပေါ်တွင်ရပ်လျက် ကြေညာ ချက်တစ်ရပ်ကို ဖတ်ကြားပြီး ငြိမ်း ချမ်း စွာ ဆန္ဒပြမည်ဖြစ်ကြောင်းပြောကြား လိုက်သည့်အခါ လွှတ်တော်ဥက္ကဋ္ဌကြီး က မီးပန်ကာများကိုပင် ဖွင့်ပေးထားပြီး သော့ကိုပင် မခတ်တော့ ဘဲနေခွင့်ပြု ထား ပေးခဲ့ သည်။
(၃)
လမ်းစဉ်ပါတီခေတ်သို့ ရောက် သောအခါ ပြည်သူ့ကိုယ်စားလှယ်များ ကို အမတ်ဟုမခေါ်ဘဲ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဟု စတင်သုံးလာ ကြ သည်။ တော် လှန်ရေးကောင်စီသည် နိုင်ငံတော်အာဏာကို သိမ်းပိုက်ပြီး နောက် လမ်းစဉ်ပါတီကို တည်ထောင် လိုက်သည်။ ၁၉၇၄ ခု ဇန်နဝါရီလ ၂၇ ရက်နေ့ တွင် ပြည်သူ့ လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ် တင်မြှောက်ပွဲများကို ကျင်းပခဲ့သည်။ ပထမအကြိမ် ရွေးကောက်ပွဲ တွင် တော်လှန်ရေးကောင်စီ ဝင် ထိပ် တန်း ခေါင်းဆောင်များဖြစ်သော ဦးနေဝင်း၊ ဦးစန်းယု၊ ဦးကျော်စိုး အစရှိသူတို့ ရွေး ချယ်ခံကြရသည်။ မတ်လ ၂ ရက်နေ့ တွင် ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကို ကျင်းပခဲ့သည်။ လမ်း စဉ်ပါတီခေတ်တွင် နိုင်ငံတော်ကောင်စီ သည် ပြည်သူ့လွှတ်တော်ကို တာဝန်ခံရ သည်။ လွှတ်တော်တစ်ခုနှင့်တစ်ခုကြား လိုအပ်လျှင် ဥပဒေကဲ့သို့ အာဏာတည် သောအမိန့်များကို ပြဋ္ဌာန်းနိုင်ပြီး ယင်း အမိန့်များကို ရက်ပေါင်း ၉ဝ အတွင်း ကျင်းပသော အနီးကပ်ဆုံးပြည်သူ့လွှတ် တော်က အတည်ပြုရန်လိုသည်။ မဆ လခေတ်လွှတ်တော်ကိုယ်စားလှယ်များ ကို ပြည်သူတို့က အကန့်အသတ်ဖြင့်သာ ရွေးချယ်ခွင့်ရကြသည်။ အာဏာရတစ် ပါတီက သတ်မှတ်ပေးလိုက်သော ကိုယ် စားလှယ်ကိုသာ မဲပေးကြရသည်။ လွှတ် တော်တွင် ကြိုတင်ရေးထားပေးသော အဆိုပြုချက် ထောက်ခံချက်များကို ဖတ်ကြရသည်။ ပါလီမန်ဒီမိုကရေစီ ခေတ်ကမူ စာရွက်ဖြင့်ရေးထားသည်ကို လွှတ်တော်အတွင်းဖတ်သည့်အခါ အိုး ဝေဦးညိုမြကဲ့သို့သော ပုဂ္ဂိုလ်မျိုးကိုပင် လွှတ်တော်ဥက္ကဋ္ဌ၏ ကန့် ကွက်ခြင်းကို ခံရသည်။
(၄)
မြန်မာနိုင်ငံ၌ လွှတ်တော်ကိုယ် စားလှယ် ဖြစ်ကြရသူများတွင် ၁၉၉ဝ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် များမှာ ကံဆိုးမိုးမှောင် အကျဆုံးသူများ ပင်ဖြစ်သည်။ လွှတ်တော် တက်ခွင့်မရ ဘဲ အစိုးရအလိုကျ ရွေးချယ်ထားသည့် အင်အားစုအများပါဝင်သည့် အမျိုးသား ညီလာခံကိုသာ တက်ကြရသည်။ ပြော ဆိုရေးသားဝေ ဖန်ခွင့်မ ရကြ။ အပြစ်မရှိ အပြစ်ရှာပြီး ထောင်ချခံကြရ၊ နှိပ်စက် ခံကြရသည်။ အချို့ ပြည်ပသို့ထွက် ပြေးကြရသည်။ အသက်ကိုပင် စွန့် လွှတ်ကြရသည်။ အများစုမှာ အနိုင်ရ ပါတီမှ ဖြစ်နေသည်။
(၅)
၂ဝ၁ဝ ရွေးကောက်ပွဲပြီးသောအခါ လွှတ်တော်အသီးသီး ပြန်လည်ပေါ် ထွက်လာကြသည်။ ထိုလွှတ်တော်များ မှာ ရော်ဘာတံဆိပ်တုံး လွှတ်တော် များ သာဖြစ်မည်ဟု အများကထင်ကြေးပေး နေကြသော်လည်း လက်တွေ့ တွင်မူ မျှော်လင့်သည်ထက် ပိုမိုသောမြင်ကွင်း ကိုတွေ့ကြရသည်။ သို့သော် ပါလီမန်ဒီ မိုကရေစီ ခေတ်ဦး ကလိုတော့မဟုတ်။ ဒေါ်အောင်ဆန်းစုကြည်က ”လွှတ်တော် က တောင့်တောင့်ကြီးဖြစ်နေတယ်”ဟု သုံးသပ်ခဲ့သော်လည်း လွှတ်တော်သည် ပိုမိုအားကောင်း လာသည် ဟု ပြောင်းလဲ ပြောဆိုလာ ရသည်။ အချို့အဆိုများတွင် လူအများစုဖြစ်သည့် ပြည်ခိုင်ဖြိုးကိုယ် စားလှယ်များက လွှမ်းမိုးထားသည်ဟု ယူဆနိုင်သော်လည်းအချို့ အဆိုများ တွင်ပြည်ခိုင်ဖြိုးအချင်းချင်း လွတ်လပ်စွာအားပြိုင်ကြသည်၊ ကွဲလွဲကြသည်ကို လည်းကောင်း လူနည်းစုပါတီနှင့် ပူး ပေါင်းဆောင် ရွက်ကြသည်ကိုလည်း ကောင်း အံ့သြ ဖွယ်တွေ့ရသည်။ဧရာဝတီမြစ် ရှင်သန်ရေးအတွက် အဆိုတင်သွင်းရာတွင် ပြည်ခိုင်ဖြိုးကိုယ် စားလှယ်များ အပြန်အလှန်ပြောဆိုကြ ပြီး လွှတ်တော်ဥက္ကဋ္ဌကပင် ”လွှတ်တော် ကိုယ်စားလှယ် ငယ်ငယ်ရွယ်ရွယ်ကလေး တွေ ငြင်းကြခုံကြတဲ့အခါမှာ စိတ်ရှည် ကြဖို့” မေတ္တာရပ်ခံရသည်။ အမျိုးသား စီမံကိန်းနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ် ၄၅ ဦးက ဆွေးနွေးကြ ရာတွင် သက်ဆိုင်ရာ ဝန်ကြီးများက လာရောက် နားထောင်ခြင်းမရှိသည့်အ တွက် လွှတ်တော် ဥက္ကဋ္ဌကပင် မေတ္တာ ရပ်ခံရပြန်သည်။ လွှတ်တော်ကိုယ်စား လှယ်များက သတ်မှတ်ချိန်ထက် ပိုပြော ၍ ”သတိပေးရတဲ့ နာယကနာမည် ပျက်ပါ သည်”ဟု ပြောဆိုရသည်များ လည်းရှိသည်။ လွှတ်တော် အမတ်တွေ အိပ်မငိုက်ကြပါနဲ့ဟူသည့် သတိပေး ပြောဆိုရ မှုများလည်းရှိ၊ လွှတ်တော် ဥက္ကဋ္ဌက သဘောတူမတူ မေးမြန်း သည့်အခါ အုပ်စုဖွဲ့၍ မဖြေဆိုပါက ထိုအုပ်စုတစ် စုလုံးအား လွှတ်တော် ပြင်ပထွက်စေဟု အမိန့်ချနိုင်ကြောင်း တပ်မတော်သား ကိုယ်စားလှယ်များအား သတိပေးပြော ကြားရခြင်းများ လည်း ရှိသည်။ ဝန်ကြီး တစ်ဦး၏ ပြောမှားဆို မှားကြောင့်လွှတ် တော် တွင်ပြန်လည် တောင်းပန်ရသည်လည်း ရှိသည်။ အချို့ ကားဝယ်ခွင့် ရကြသည်ကလွဲလျှင် ယခုခေတ်လွှတ်တော် ကိုယ်စားလှယ် တွေမှာ အရှိန်အဝါတွေ သိပ်ရှိကြပုံမရ၊ ရှေ့နေတစ်ဦးလည်းဖြစ်၊ ရေးရာ ကော်မ တီဝင်တစ်ဦးလည်း ဖြစ်သူ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးနှင့် တွေ့ခိုက် ”လွှတ်တော် ကိုယ် စားလှယ် ဖြစ်ရတာ မလွယ်ပါဘူး ဗျာ။ ကျွန်တော် တို့ပါတီက လွှတ်တော်မစခင် ၁၅ ရက် လောက် ကြိုသွားရတယ်။ အစည်း အဝေးတွေရှိတဲ့ရက်ဆို ထမင်းတောင် ဖြော င့်အောင် မစားရဘူး။ အဝတ် အစားတွေဆို မသိမ်းနိုင်လို့ အဆောင် မှာ ပုံထားခဲ့ရတယ်” ဟု ဆိုသံကိုကြားရ သည်။
လွှတ်တော်ကိုယ်စားလှယ် အချို့ မှာ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ အခြား အရာရှိအချို့တို့လောက် အဆင်ပြေကြ ပုံကားမပေါ်။ ကျွန်တော်တို့မြို့က လွှတ် တော် ကိုယ်စား လှယ်တစ်ဦးခမျာ ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေအတွက် ဟု ဆိုကာ မုန့်ဟင်းခါးလက်မှတ်လည်း ရောင်းရရှာ သည်။ မော်တော် ကားကြီးပြကာ ကံစမ်း မဲလည်း ဖောက် ရရှာပေသည်။
(၆)
မည်သို့ပင်ဖြစ်စေ လွှတ်တော် ကိုယ်စားလှယ်ဟူသည် ပြည်သူ့အကျိုး ကိုသာ ဆောင်ရွက်ရန် ကတိပြုထားပြီး သူသာဖြစ် သည်။ ပြည်သူ့အကျိုး ကို ဆောင်ရွက်ရာ တွင် ငွေကြေးပြည့်စုံမှသာ မဟုတ် တံတားမဆောက် လမ်းမဖောက် ပေးနိုင်လျှင် လည်း ငွေကြေးစိုက် မထုတ် နိုင်လျှင် လည်း ပြည်သူတို့၏ နစ်နာချက် များ အခွင့်အရေး များကို တင်ပြတောင်း ဆိုပေးလျှင်လည်း ပြည်သူတို့ကကျေနပ် သဘောကျကြမည် သာဖြစ်သည်။ နာ မည်ကျော်ကာတွန်းဆရာကြီး အလင်္ကာ ကျော်စွာ ဦးဘဂျမ်း၏ ကာတွန်း တစ်ခု တွင်သူ၏ဇာတ်လိုက်အဘနှင့် မောင် မြေဇာတို့က ခေါင်းတွင်’ဘု’ ထွက်နေ သူတစ်ဦးကို ကြည့်ပြီးစကားဆို ကြ သည်။
ဇာ။ ဟော ဟိုဆရာဟာ နိုင်ငံ ရေးသမားဆိုပေမယ့် သိပ်ရက်ရောတာ အဘရဲ့။ မနေ့က ဝတ်စရာမရှိလို့ သွား တောင်းတာ အင်္ကျီတစ်ထည်ဆွဲပေးလိုက် တယ်။
ဘ။ နေပါဦးကွာ၊ သူ့ခေါင်းမှာ ဘာဖြစ်တာလဲ။
ဇာ။ အဲဒါက သူ့အိမ်ကဧည့်သည် က သံတုတ်နဲ့ရိုက်လို့တဲ့။
ဘ။ အိုကွာ မိုက်လိုက်တာ။ ဒီလို ပုဂ္ဂိုလ်ကိုဘာကြောင့် ရိုက်ရတာတဲ့လဲ။
ဇာ။ ဒီလိုအဘရဲ့ ကျွန်တော် တောင်းလို့သူဆွဲပေးလိုက်တဲ့ အင်္ကျီက သူ့အိမ်မှာတည်းနေတဲ့ ဧည့်သည်ရဲ့ အင်္ကျီ အဘရဲ့။
(၇)
လွှတ်တော် ကိုယ်စားလှယ်များ စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ ပြည်သူ့ အကျိုးဆောင်ရွက်နိုင်ကြပါစေ။
စည်သူငြိမ်း
Popular myanmar news journal