Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တစ်နိုင်ငံလုံးဆက်တိုက်ဖြစ်နေတာတောင်အခုအထိမတားနိုင်ဘူးဆိုတော့တာဝန်ရှိတဲ့သူတွေ ဘယ်လောက်ရှက်ဖို့ကောင်းသလဲ?

$
0
0
ကျနော့်ဇာတိ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းမှာတော့ သူတို့ အကြံအောင်သွားတယ်။ သိတဲ့အတိုင်း အရင့်အရင် ဇာတ်လမ်းတွေလိုပဲ မြန်မာဗုဒ္ဓဘာသာ မိန်းမပျိုကလေးတစ်ယောက်ကို မွတ်ဆလင်သုံးယောက်က အဓမ္မကျင့်တယ်ဆိုတဲ့ ဘယ်ကနေ ဘယ်လို အခြေအမြစ်မရှိထွက်လာမှန်းမသိတဲ့ ကောလာဟလကို အခြေတည်တယ်။ ထုံးစံအတိုင်း အဲဒီအထဲက တစ်ယောက်ကို ရဲစခန်းမှာ ဖမ်းထားတယ်ဆိုတဲ့ သတင်းကို ဘယ်သူက ဘယ်လိုအတည်ပြုလိုက်လဲမသိဘူး ဒေါသထွက်နေတဲ့ လူတစ်စုဆီ ဝုန်းဒိုင်းဆို ရောက်သွားတယ်။ ထုံးစအတိုင်း လူအုပ် အရေအတွက် ၃၀၀ ဝန်းကျင်က ရဲစခန်းသွားဝိုင်းတယ်။ ပြီးတော့ ထုံးစံအတိုင်း ရဲစခန်းနားက မွတ်ဆလင်ပိုင် ဆိုင်ခန်းတွေ ရိုက်ဖျက်တယ်။ ထုံးစံအတိုင်း မွတ်ဆလင်ပိုင် ကြက်ခြံတွေကို မီးရှို့တယ်။ အဲဒီအထိ ဘယ်သူမှ မတားနိုင်ဘူး။ ဆိုင်ခန်းတွေ ရိုက်ဖျက်နေတဲ့အဆင့်တင် သေနပ်မိုးပေါ်ထောင်ဖောက်ပြီး လူစုခွဲလို့ရတယ်။ ကြက်ခြံမီးရှို့တဲ့အထိ ဘာမှ ထိန်းလို့ မရတာ ဘာသဘောလဲလို့ မေးချင်တယ်။

ဒီလောက် တစ်နိုင်ငံလုံး ဆက်တိုက်ဖြစ်နေတာတောင် အခုအထိ မတားနိုင်ဘူးဆိုတော့ တာဝန်ရှိတဲ့သူတွေ ဘယ်လောက်ရှက်ဖို့ကောင်းသလဲ။
ဘယ်လိုလူတွေက ဒီလောက် လက်ရဲဇက်ရဲ လုပ်နေတာလဲ။ တစ်နိုင်ငံလုံးမှာ ဖြစ်သမျှ အားလုံးက ဘာလို့ ဒီလောက် တူညီနေရတာလဲ။ စဉ်းစားတတ်တဲ့သူတိုင်း သိတယ်။
လုံခြုံရေးတာဝန်ရှိသူတွေကို ဘယ်ကနေ တိုက်ရိုက်အမိန့်ပေးနေတာလဲ။ ဒီလို လက်ရဲဇက်ရဲလုပ်နေတဲ့သူက တည်ဆဲဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ မဟုတ်ဘူးလား။ ဒီလောက်အတင့်ရဲရဲ လုပ်နေတာ သူတို့နောက်က ဘယ်လောက် အင်အားကြီးနေလို့လဲ။ ဒီလောက် စွမ်းအားကြီးနေတာ စွမ်းအားရှင်တွေမို့လို့ ဖြစ်မယ်။ ဒီပုံအတိုင်းဆို စွမ်းအားရှင်များနဲ့ ဖွဲ့စည်းထားတဲ့ ခါးပိုက်ဆောင်တပ်ဖွဲ့တွေ နောက်လာမယ့် ရွေးကောက်ပွဲတွေမှာ မင်းမူလာမှာ မြင်ယောင်သေးတော့။

ကန့်ဘလူနယ်ဆိုတာ တစ်လျှောက်လုံး အေးချမ်းလာခဲ့တာ။ ဒီဘက် နှစ်၂၀ ကျမှသာ အာဏာရှိသူတွေကိုယ်တိုင်ရယ် အာဏာအရှိန်ခိုစီးပြီး မြို့ကို မာဖီးယားဆန်ဆန် ဗိုလ်ကျနေတဲ့ လူတချို့ရယ်က ဟိုပြော၊ ဒီပြောနဲ့ ရှိနေတဲ့ ချစ်ခင်စည်းလုံးညီညွတ်မှုလေး ယိုင်နဲ့လာခဲ့တာ။ ဒါပေမဲ့ ဒီလိုသတင်းမျိုး တခြားမြို့တွေမှာ ဖြစ်ခဲ့တဲ့ ထုံးစံရှိနေတော့ ဒေသခံ မွတ်ဆလင်တွေရော ဗုဒ္ဓဘာသာဝင်တွေပါ သိနေပြီးသား။ အဲတော့ အားလုံးက သတိရှိနေကြပြီးသား။ ဖြစ်လာရင် ထိန်းသိမ်းဖို့ ပြင်ထားပြီးသား။ ဒါပေမဲ့ ဖြစ်ခဲ့တဲ့ မြို့တွေမှာ လုပ်နေကျနည်းနဲ့ ဘယ်ကမှန်းမသိတဲ့ လူအုပ်က အရင်မြို့တွေမှာလိုပဲ ရဲစခန်းသွားဝိုင်းတယ်။ ကျနော့်ဇာတိအကြောင်း ကျနော်သိတယ်။ ဒေသခံတွေ အဲလောက် သွေးမဆိုးဘူး။ ရဲစခန်းသွားဝိုင်းလောက်တဲ့အထိ အဆင်အခြင် မမဲ့ဘူး။

ဒီလိုအောက်တန်းကျကျ ကြံစည် လုပ်ကြံတဲ့သူတွေကို ကျနော် သိပ်အထင်သေးတယ်။ သိပ်အောက်တန်းကျတယ်။ နှစ်ပေါင်းများစွာ အေးအေးချမ်းချမ်း အချင်းချင်း အပြန်အလှန် ချစ်ခင်လေးစားမှု၊ ရိုင်းပင်းကူညီမှုနဲ့ နေလာခဲ့တဲ့ ဒေသခံမြန်မာတွေအကြား ဒီလို အောက်လမ်းနည်းနဲ့ သွေးခွဲဖို့ လုပ်တာ ပက်စက်လွန်းတယ်။

ကိုယ်ပေးသလောက် ကိုယ်ပြန်ရတဲ့ လောကကြီးက သိပ်တရားတယ်။ ထန်းကုန်းဒေသမှာရှိတဲ့ မိတ်ဆွေများ သံသရာက တင်လာတဲ့ အကြွေးရှိရင်တော့ ဆပ်ရမယ်။ ပြုသူအသစ်၊ ဖြစ်သူအဟောင်း။ အကြွေးသစ်ယူတဲ့သူကတော့ ဒီဘဝမှာ ဆပ်နိုင်ရင်ဆပ်၊ မဆပ်နိုင်ရင် သံသရာတစ်လျှောက်လုံး ဆပ်ရမယ်။

Kyaw Min Swe
(The voice journal Editor)

ရိုးရာ

ထုံးစံအတိုင်း
ကောင်မလေးကို အနိုင်ကျင့်
ထုံးစံအတိုင်း
လူဆိုးတွေကို ရဲစခန်းမှာ ဖမ်း
ထုံးစံအတိုင်း
ဒေါသရမ်း လူတစ်စု ဝုန်းဒိုင်းကြမ်း
ထုံးစံအတိုင်း
ဒေါသတကြီးလူအုပ် ရဲစခန်းဝိုင်း
ထုံးစံအတိုင်း
ဆိုင်ခန်းတွေ ရိုက်ဖျက်စမ်း
ထုံးစံအတိုင်း
အိမ်တွေကို မီးရှို့
ထုံးစံအတိုင်း
ဘယ်သူမှ မတား
ထုံးစံအတိုင်း
ဆူကြ ဆဲကြ သွေးပူကြ
ထုံးစံအတိုင်း
အုပ်ချူပ်သူတွေ လာကြ
ထုံးစံအတိုင်း
ဝန်ကြီးရုံး သတင်းထုတ်ပြန်
ထုံးစံအတိုင်း
တရားခံတွေ မမိ
ထုံးစံအတိုင်း
ကောက်ရိုးမီးတွေ လို ၀ုန်းကနဲထ ဖြုတ်ကနဲငြိမ်း
ထုံးစံအတိုင်း
နောက်တစ်နေရာရွေ့

ယုံကြည့်မှုဆိုတာ ဒီလိုပဲ တည်ဆောက်ရတာပေါ့..
Evolutionဆိုတာ ဒီလိုပဲ ဖြေးဖြေးပေါ့
ရှေ့တက်မယ့်ခြေထောက် နောက်လူဆွဲ
လဲကွဲ.. ပြဲ
ဟဲ.. ဟဲ..ဖြေးဖြေးပေါ့...
ဒါဟာ.. ပြောင်းလဲခြင်းဖြစ်စဉ်တစ်ခုပေါ့..

ထုံးစံအတိုင်း ပေါ့..
တိုင်းပြည်သာ ပျက်ချင်ပျက်
ပြည်သူသာ ငတ်ချင်ငတ်
ရိုးရာ ပျက်လို့ ဘယ်ရမလဲ.. နော့..

ခင်မင်လေးစားစွာဖြင့်
(ကိုကျော်မင်းဆွေရဲ့ စတေးတပ်ထဲမှ စာသားတချို့ကို အခြေခံထားကြောင်း)

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>