ဖူးရှင်းဘရားသား(စ်)ကုမ္ပဏီ များအုပ်စုမှ ထုတ်လုပ်ဖြန့်ချိ ရောင်းချသော စီးကရက်ဘူးပုံ လက်ဖက်ခြောက်ဘူးပစ္စည်းထည့် လက်ဆွဲအိတ်နှင့် စီးကရက်ဘူးပုံ လက်ဖက်ခြောက်ဘူးသေး(၉)ဘူး ထည့်သည့် စက္ကူဘူးများပေါ်တွင် ရွှေတိဂုံစေတီပုံတော်များ ရိုက်နှိပ် ဖြန့်ချိထားသဖြင့် ရွှေတိဂုံစေတီ တော်ပုံ(Logo)အမှတ်တံဆိပ်အား သာသနာရေးဝန်ကြီးဌာနအနေ ဖြင့် ကန့်ကွက်ကြောင်း၊ အမှတ် တံဆိပ် ပြောင်းလဲအသုံးပြုရန်နှင့် ဈေးကွက်အတွင်းမှ ပစ္စည်းများကို အမြန်ဆုံး ပြန်လည်သိမ်းဆည်း သွားရန် သာသနာရေးဝန်ကြီး ဌာနက သက်ဆိုင်ရာကုမ္ပဏီသို့ အသိပေးအကြောင်းကြားထားပြီး လိုက်နာခြင်းမရှိပါက ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ သာသနာရေးဝန်ကြီးဌာနမှ သတင်းစာရှင်းလင်းပွဲကို သြဂုတ် လ ၂၇ ရက်နေ့က သာသနာရေး ၀န်ကြီးဌာန ရန်ကုန်ရုံးခွဲတွင် ပြု လုပ်ခဲ့ကြောင်း သိရသည်။
ရွှေတိဂုံစေတီတော်ပုံအား ရောင်းကုန်အမှတ်တံဆိပ်အဖြစ် ရိုက်နှိပ်ထားသည့်အတွက် ဗုဒ္ဓ ဘာသာဝင်များ၏ စိတ်ထဲတွင် စိတ်မချမ်းမြေ့ဖွယ်ရာဖြစ်ကြောင်း သာသနာရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးစိုးမင်းထွန်း က ပြောသည်။
““ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် တွေရဲ့ အထွတ်အမြတ်ထားတဲ့ လေးဆူဓာတ်ပုံ ရွှေတိဂုံပုံတော်ကို ရောင်းကုန်တံဆိပ်အဖြစ် ရိုက်နှိပ် ခြင်းဟာ ရဟန်းသံဃာတော်များ နဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တွေ ရဲ့ စိတ်နှလုံးထဲမှာ မချမ်းမြေ့ဖွယ် ရာ ခံစားရပါတယ်။ ဒါကြောင့် အဲဒီပစ္စည်းတွေကိုလည်း ပြန်သိမ်း ခိုင်းထားပါတယ်။ ဒါကို သူတို့ ဘက်က ပျက်ကွက်တယ်ဆိုရင် တည်ဆဲဥပဒေနဲ့အညီ အရေးယူ မှာပါ””ဟု ဦးစိုးမင်းထွန်းက သတင်း စာရှင်းလင်းပွဲတွင် ပြောကြား သည်။
““ကျွန်တော်တို့ ကုမ္ပဏီက နေပြီးတော့ ဒီစီးကရက်ဘူးပုံ လက်ဖက်ခြောက်ဘူးတွေကို ပြည် တွင်းက မိတ်ဆွေကို လက်ဆောင် ပေးဖို့အတွက် လှမ်းမှာခဲ့တာပါ။ မှာတဲ့အခါမှာလည်း ကျွန်တော် တို့ကုမ္ပဏီအမည်ရယ်၊ လိပ်စာ ရယ်ကိုသာ ပေးခဲ့တာပါ။ ဒီစီး ကရက်ဘူးပုံ လက်ဖက်ခြောက် ဘူးတွေမှာ ရွှေတိဂုံပုံရိုက်နှိပ်ထား တာဟာ ဒီကို အဲဒီဘူးတွေ ရောက်လာမှ သိရတာပါ””ဟု ဖူး ရှင်းဘရားသား(စ်)ကုမ္ပဏီမှ ဥပဒေအကြံပေး ဦးဇင်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြော ကြားသည်။
ဗုဒ္ဓဘာသာဝင်များ အထွတ် အမြတ်ထားရာ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်ပုံနှင့် အခြား သော ဘုရားပုထိုးစေတီများအား ရောင်းကုန်တံဆိပ်အဖြစ် ရိုက်နှိပ် ရောင်းချနေခြင်းများရှိပါက တည်ဆဲဥပဒေနှင့်အညီ သာသနာ ရေးဝန်ကြီးဌာနမှ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
The hot new weekly