ကိုစည်သူ
(Genaration Waves)
ကျွန်တော်ကအရင်တုန်းက ရန်ကုန်လိုင်ဇာငြိမ်းချမ်းရေးလမ်း လျှောက်ခရီးစဉ်မှာပါဝင်ခဲ့တယ်။ အဲဒီငြိမ်းချမ်းရေးလမ်းလျှောက်တဲ့ ကိစ္စနဲ့ပဲ ကျွန်တော့်ကို ပုဒ်မ (၁၈) နဲ့ တရားစွဲထားပါတယ်။ ကျွန် တော်တို့ဖွဲ့စည်းပုံအခြေခံ ဥပဒေ စာခန်း (၈)မှာဆိုရင် နိုင်ငံတော် သားများ၏မူလအခွင့်အရေး နှင့် တာဝန်များမှာပုဒ်မ၃၅၄(က)ရော (ခ) အရရော ကျွန်တော်တို့က ငြိမ်းချမ်းစွာစီတန်းခွင့်နှင့် စုဝေး ခွင့်ရှိသလို၊ ကျွန်တော်တို့က ကျွန် တော်တို့ရဲ့ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ပြောခွင့်ရှိ တယ်ဆိုပြီး တော့ ဥပဒေမှာ ပြဋ္ဌာန်းထား တယ်။ ဒါပေမဲ့ ကျွန်တော်တို့ တကယ်တန်း လိုင်ဇာကို လမ်း လျှောက်တဲ့အခါကြတော့ ကျွန် တော်တို့ကို ပုဒ်မ (၁၈) နဲ့ တရား စွဲတယ်။ အဲတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျွန်တော်တို့ ပြည်သူပြည်သားတွေကမလိုက် နာရဘူးလား။ ကျွန်တော်တို့ဖွဲ့ စည်းပုံအခြေခံဥပဒေကိုမယုံကြည် ရဘူး လား။ လက်မခံဘူး လား။ အဲဒီပုဒ်မကို ကျွန်တော်တို့ဖြစ်ချင် တယ်။နောက်ပြီးတော့ပုဒ်မ(၃၈၇) မှာဆိုရင်လည်း နိုင်ငံသားတိုင်းက ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေ ခံပြီးတော့ တိုင်းရင်းသားအချင်း ချင်းစည်းလုံးညီညွတ်ရေးနဲ့ ပြည် ထောင်စု ငြိမ်းချမ်းသာယာရေး အတွက် ဆောင်ရွက်ရန် တာဝန် ရှိတယ်လို့လည်းပါတယ်။ ကျွန် တော်တို့က လုပ်ပိုင်ခွင့်အရလည်း ကျွန်တော်တို့မှာ လုပ်ပိုင်ခွင့်ရှိ တယ်။ နိုင်ငံသားတာဝန်အနေနဲ့ လည်း ကျွန်တော်တို့ငြိမ်းချမ်းစွာ လမ်းလျှောက်ခွင့် ကျွန်တော်တို့ မှာရှိနေတယ်။အဲတော့ကျွန်တော် တို့ပုဒ်မ(၁၈)ဆိုတာက ကျွန်တော် ထင်တယ်။ အစိုးရကို ဆန့်ကျင် လို့ထင်တဲ့သူမှန်သမျှကို ဒီခေါင်း နဲ့ တပ်ပြီးတရားစွဲနေတဲ့ ပုဒ်မလို့ ကျွန်တော်ထင်တယ်။ သက်ဆိုင် ရာအာဏာပိုင်အစိုးရကိုသိစေချင် တာက ကျွန်တော်တို့ ဒီလိုလုပ် တာအစိုးရကို ဆန့်ကျင်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံ တော်ကို ကျွန်တော်တို့ ကူညီနေ တာဖြစ်တယ်။ကူညီတယ်ဆိုတာ က ကျွန်တော်တို့က လွှတ်တော် အတွင်းမှာ ကူညီနိုင်တဲ့သူတွေ မဟုတ်တဲ့အတွက် ကျွန်တော် တို့က လွှတ်တော် ပြင်ပကနေ ပြီးတော့ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ကျွန်တော် တို့ကတောင်းဆိုနေတာဖြစ်တယ်။ အဲလိုတောင်းဆို ပေးနေတာတွေ ကို ပုဒ်မ (၁၈) နဲ့ တရားစွဲနေမယ် ဆိုရင်ကျွန်တော် တို့နိုင်ငံသားတွေ မှာ ဘာတွေလို အပ်နေလည်း ဘာတွေဖြစ်နေလည်းဆိုတဲ့အောက် ခြေက အခြေအနေတွေကို သူ တို့မသိဘူးဆိုရင်ဘာလိုလိုက်လျော ပေးမှာလည်း ကျွန်တော်ပြော ချင်တာကတော့ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ပတ်သက်ပြီးတော့ရေးဆွဲ ခဲ့တဲ့သူတွေကောလက်ရှိအာဏာ ပိုင်တွေကော ဒီပုဒ်မ(၁၈) ကို စဉ်းစားပြီး ပြန်လည်သုံးသပ်ပေး ပါလို့ ပြောချင် ပါတယ်။
ကိုကျော်သူ
(လက်ပံတောင်းတောင်အရေး တစ်ကိုယ်တော်ဆန္ဒပြသူ)
ကျွန်တော်ကလက်ပံတောင်း တောင်အရေးအတွက်တစ်ကိုယ် တော်ဆန္ဒပြတယ်။ နှစ်ကြိမ်ပြခဲ့ တယ်။ နှစ်ကြိမ်လုံး နည်းဥပဒေ ပုဒ်မ (၁၈) နဲ့ တရားစွဲခံရတယ်။ ကျွန်တော့်ကိုတရားစွဲတော့တရား စွဲတဲ့ စခန်းမှူးကို ပြောတယ်။ ခင် ဗျားတို့ ဒီနည်းဥပဒေပုဒ်မ (၁၈) စာအုပ် ကျွန်တော့်ကို ပေးဖတ်၊ ဖတ်တဲ့ အချိန်မှာ ကျွန်တော် ဘက်ကအပြစ် ရှိတယ်လို့တွေ့ရင် ခင်ဗျားတို့ကျွန်တော့်ကိုလုံးအာမခံ မပေးနဲ့။ တစ်ခါတည်းဖမ်းထည့်၊ ကျွန်တော်မှာ အပြစ်မရှိဘူးဆိုရင် ခင်ဗျားတို့က အမှုမဖွင့်စရာမလို ဘူးဆိုတော့ သူတို့ကပြောတယ် တဲ့။လက်ပံတောင်းတောင်အရေး ဆောင်ရွက်ပေးတဲ့သူတွေငြိမ်းချမ်း ရေးလမ်းလျှောက်တဲ့သူတွေလယ် သမားအရေးလုပ်တဲ့သူတွေအလုပ် သမားရေးလုပ်တဲ့အားလုံးအားလုံး သောလူတွေကိုနိုင်ငံတော်ပုန်ကန် တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပုဒ်မ (၁၈) တပ်ပြီးအမျိုးမျိုးတရားစွဲနေတယ်။ ဒါဆို ကျွန်တော်ပြောမယ်။ လူစု လူဝေးနဲ့သမ္မတကြီးကို ဗီနိုင်းကိုင် ပြီးကြိုတဲ့ သူတွေကိုဘာလို့ ပုဒ်မ (၁၈)နဲ့ တရားမစွဲတာလဲ ကိုမိုးသီး ဇွန်၊ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုတဲ့သူတွေကိုကောဘာလို့ပုဒ်မ ၁၈ နဲ့ တရားမစွဲတာလဲ ဒါဆို ဒီပုဒ်မ (၁၈)က ဒီနိုင်ငံထဲမှာပဲ လှုပ်ရှားတဲ့ မထင်မရှား နိုင်ငံရေး လှုပ်ရှားသူတွေကိုပဲ တရားစွဲဖို့ သက်သက်ရေးဆွဲထားတဲ့ ပုဒ်မ လိုမျိုးဖြစ်နေတယ်။ အဲဒီတော့ ဒီပုဒ်မ (၁၈) ကို ကန့်ကွက်တယ်။ အပြင်းအထန်ရှုံ့ချပါတယ်။
ကိုနေလင်းဦး
(တော်ဝင်အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်)
ကျွန်တော်က လက်ရှိငြိမ်း ချမ်းစွာစုဝေးခွင့်နှင့် စီးတန်းလှည့် လည် ခွင့်ဥပဒေအရမြို့နယ်လေး မြို့နယ်က တရားစွဲဆိုခံထားရသူ တစ်ယောက်ပါ။ ကျွန်တော်တို့ကို အလုပ်သမားဥပဒေ ကာကွယ် ရေးတွေတောင်းဆိုမှုနဲ့ ပတ်သက် ပြီးတော့စုပေါင်း လမ်းလျှောက် တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာပိုင်တွေက တရားကို ပြု လုပ်ပြီးတရားစွဲတာကိုခံရတယ်။ အလုပ်သမား ဥပဒေပါ အချက် အလက်တွေကိုအလုပ်ရှင်ထံသွား တောင်းဆိုတာကိုတောင် ထောင် ဆင်ပြီး ပုဒ်မ (၁၈)နဲ့ တရားစွဲ ဆိုတယ်။ကျွန်တော်တို့က အလုပ် သမားတွေသာ ဖြစ်တဲ့အတွက် အလုပ်ခွင်အတွင်း နစ်နာဆုံးရှုံးမှု တွေကို အလုပ်ရှင်ထံ တင်ပြဖို့ အလုပ်သမား (၃၀၀) လောက် က လိုင်းကားနှစ်စီးငှားပြီး သွား တယ်။ အလုပ်ရှင်အိမ်ရှိတဲ့ လမ်း က လိုင်းကားဝင်လို့မရတဲ့ လမ်း ဖြစ်တဲ့အတွက် ကျွန်တော်တို့ လမ်း ထိပ်ကနေပြီး နှစ်ယောက် တွဲသုံးယောက်တွဲအလုပ်ရှင်အိမ် သွားတယ်။ အလုပ်ရှင်နဲ့သွားတွေ့ တယ်။ ဘာဗီနိုင်း၊ ဘာပိုစတာ တစ်ခုမှမပါဘူး။ ကြွေးကြော်သံ တွေမပါဘဲ သွားတာ၊ အလုပ်ရှင် ကသာ အိမ်ထဲပေးမ၀င်လို့ ကျွန် တော်တို့ ပလက် ဖောင်းပေါ်ထိုင် နေတာတွေကို အာဏာပိုင်တွေ က တစ်ဖက်သတ် ဓာတ်ပုံတွေ တစ်ဖက်သတ်စွပ်စွဲ ချက်တွေနဲ့ ထောင်ချောက်ဆင်ပြီး ပုဒ်မ (၁၈) နဲ့တရားစွဲဆိုခဲ့တယ်။ ကျွန်တော် တို့က အလုပ်သမားတွေ ဆင်းရဲ သားပြည်သူတွေဖြစ် တဲ့အတွက် ကျွန်တော်တို့ နိုင်ငံသား အခွင့် အရေးကို အသုံးချပြီး ကျွန်တော် တို့ အလုပ်သမား ရပိုင်ခွင့်တွေ ကိုတောင်းတာ လွတ်လွတ်လပ် လပ်ပြတာဘယ်သူကိုမှ နှောက် ယှက်တာ မဟုတ်ဘူး။ အများ ပြည်သူကို သွေးထိုးလှုံ့ဆော်နေ တာ ဆူပူသောင်းကျန်းနေတာ လည်းမဟုတ်ဘူး။ ဒါကိုအာဏာ ပိုင်တွေ ဒီပုဒ်မ (၁၈) ဆိုတဲ့ ထောက်ချောက်ကြီးထဲမရောက် ရောက်အောင်ဆွဲသွင်းခဲ့တာပါ။ ဥပဒေတစ်ခုက ကျွန်တ်ာတို့နိုင်ငံ သားအလုပ်သမားရပိုင်ခွင့်တွေကို လွတ်လွတ်လပ်လပ်တင်ပြတာ ဒါကိုပုဒ်မ (၁၈) နဲ့ တရားစွဲတယ် ဆိုတာလုံးဝမသင့်လျှော်ပါဘူး။ အဲဒီအတွက် ဒီဥပဒေဟာ ကျွန် တော်တို့ ပြည်သူတွေအတွက် တရားမျှတမှုမရှိဘူးထင်လို့ ကန့် ကွက်ပါတယ်။
ကိုဟိန်ကြီး (Genaration Wave)
ကျွန်တော်တို့အနေနဲ့ အဓိက ကတော့ နိုင်ငံသားနဲ့ နိုင်ငံသား တစ်ယောက်ရဲ့ ရပိုင်သင့်တဲ့ အခွင့် အရေးအတိုင်းကိုက်ညီတဲ့ဥပဒေကို လိုချင်တယ်။ ဒီအခွင့်အရေးကို ချိုးဖောက်တဲ့မည်သည့်ဥပဒေမျိုး ကိုမဆိုမည်သည့်လုပ်ရပ်မျိုးကို မဆို ကျွန်တော်တို့ကအမြဲတမ်းလဲ ဆန့်ကျင်တယ်။ အမြဲတမ်းလဲကန့် ကွက်တယ်။ အဲလိုပဲ ကျွန်တော် တို့နိုင်ငံမှာ အဲဒီနိုင်ငံသား တစ်ယောက်ရဲ့ မူလအခြေခံဥပဒေ ရပိုင်ခွင့်နဲ့ အခွင့်အရေးကိုအသုံး ချပြီးလုပ်လိုက်တဲ့အရာတွေဟာ ကြောင့် အခုချိန်အထိ ဖမ်းဆီးခံ နေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ ပုဒ်မ (၁၈) နဲ့ တရားစွဲဆိုခံထားရ တဲ့လူတွေ၊ တရားရင်ဆိုင် နေရတဲ့သူတွေဟာ ဒီပုဒ်မ (၁၈) နဲ့ ပုဒ်မ ၅၀၅ (ခ)စတဲ့ ပုဒ်မတွေ နဲ့ ညှိစွန်းပြီး၊ ထိန်းချုပ်ခံနေရတဲ့ အတွက် ဒီပုဒ်မတွေကို ကျွန်တော် ကိုအနေနဲ့ ကန့်ကွက်ပါတယ်။ ပြည်သူပြည်သားတို့ရဲ့ ရပိုင်ခွင့်ကို ဖော်ထုတ်အခါမှာ အစိုးရတစ်ရပ် အနေနဲ့ နိုင်ငံသားရဲ့အခွင့်အရေး ကို ပြန်လည်ကာကွယ်မြှင့်တင်ပေး မယ်ဆိုတဲ့ ရှုထောင့်ကနေ မကြည့် ပဲ။ ပြည်သူပြည်သားတွေရဲ့ရပိုင် ခွင့်ကို တောင်းဆိုတဲ့အခါ ဒီလို ပုဒ်မတွေနဲ့ ထပ်ပြီးစွဲချက်တင်နေ ဦးမယ်ဆိုရင်နိုင်ငံသားတွေအနေနဲ့ နိုင်ငံရဲ့ဒီမိုကရေစီပြုပြင်ရေးအခန်း ကဏ္ဍတွေမှာပါဝင်လာဖို့အရမ်းကို နှောင့်နှေးစေတဲ့ တားမြစ်စေအရာ တစ်ခုဖြစ်စေတယ်လို့ကျွန်တော် မြင်ပါတယ်။
ဝင်းကိုကို
The hot news weekly