Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မြန်မာနိုင်ငံ၏ မြေယာပိုင်ဆိုင်မှု ပြဿနာ

$
0
0
(26 Aug 2013 ရက်စွဲပါ Bangkok Post သတင်းစာပါ Myanmar’s land-grab problem သတင်းကို ဘာသာပြန်ဆိုသည်)

ပြုပြင်ပြောင်းလဲမှု၏ မရေရာသော အဆင့်များက ပိုင်ဆိုင်မှုမှတ်တမ်းများ မှုန်ဝါးနေပြီး လမ်းကြောင်းရှိပြီးသား လူချမ်းသာ ခရိုနီများရှိသည့် နိုင်ငံတစ်ခုတွင် အလွဲသုံးစားပြုမှုများကို အနည်းငယ်သာ ကန့်သတ်ထိန်းချုပ်ရန် လုပ်ဆောင် ကြသည်။

အနောက်မြောက်ဘက် စစ်ကိုင်းတိုင်း တောင်တန်းများမှ ရန်ကုန်မြို့ပြင်နေရာများရှိ စက်မှုဇုန်များအထိ မြေယာသိမ်းဆည်းမှုများနှင့်ပတ်သက်၍ အစိုးရ၏ ကိုင်တွယ်ပုံအပေါ် လူထုဖိအားတိုးလျက်ရှိပါသည်။ အများက စီးပွားရေး ပြုပြင်ပြောင်းလဲမှုလုပ်မှာလား၊ ဖျက်မှာလားဟုဆိုနေကြပါသည်။

မြန်မာနိုင်ငံတွင် ယခင်စစ်အစိုးရလက်ထက်က များပြားလှစွာသော လယ်ယာမြေကွက်များနှင့် သတ္တုတူးဖော်ရေး လုပ်ကွက်များအား ၎င်းတို့နှင့် ဆက်စပ်ပတ်သက်နေသည့် လုပ်ငန်းရှင်ခရိုနီများနှင့် စစ်ဘက်ဆိုင်ရာလုပ်ငန်းစုကြီးများကို ရောင်းချထားကြသည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်သည်။ ထို့နောက်တွင်မူ ဗိုလ်ချုပ်ကြီးများသည် သူတို့၏ အာဏာကို ၂၀၁၁ ခုနှစ်တွင် အဆုံးသတ်ခဲ့ကြပြီးကတည်းက နေ့စဉ်လိုလို အသစ်အသစ်သော ဆန္ဒပြမှုများဖြင့် မြေယာသိမ်းဆည်းမှု အစီရင်ခံစာများမှာ ဆက်လက်တည်ရှိနေခဲ့သည်။ လတ်တလောတွင်ပင် ထင်ရှားသော ဗိုလ်ချုပ်ကြီးတစ်ဦးက လွန်ခဲ့သော နှစ်ပေါင်းများစွာက သူပိုင်ဆိုင်ခဲ့သည်ဆိုသော ယာမြေပေါ် ကျူးကျော်ဝင်ရောက်လာကြသော လယ်သမားများအား သေနတ်ဖြင့် ချိန်ခဲ့သည်ဟု သတင်းစာခေါင်းကြီးပိုင်းများတွင် ပါဝင်ခဲ့သည်။

ဥပဒေကြောင်းအရ ပိုင်ဆိုင်မှုမှတ်တမ်းများ ဝေဝါးနေခြင်းသည် အရှုပ်ထုပ်ကြီး မြန်မာနိုင်ငံတွင် မြေယာပိုင်ဆိုင်မှုကို အငြင်းပွားစရာ မေးခွန်းများ ဖြစ်နေစေသည်။ များစွာသော အလယ်အလတ်လူတန်းစားများအတွက် ယင်းပြဿနာမှာ လျှော်ကြေးငွေ ပိုလိုချင်သည်လော၊ မိမိပိုင်မြေကို တရားမျှတစွာ ပြန်လိုချင်သည်လောဆိုသည်မှာ မေးခွန်းတစ်ခုဖြစ်နေသည်။ အချို့သော နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူအချို့အတွက်မူ ဤကိစ္စများသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ရန်အတွက် အတော်ခက်ခဲသော အတားအဆီးတစ်ခု ဖြစ်နေသည်။အသစ်ဖြစ်ထွန်းပေါ်ပေါက်လာသည့် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းသစ်ဖောက်ကာ လယ်သမားများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ဆန္ဒပြပွဲများကို ရင်ဆိုင်နေရသော ရွေးချယ်ခံ အရာရှိများအတွက်လည်း ဤကိစ္စမှာ နိုင်ငံရေးပြဿနာတစ်ရပ် ဖြစ်နေသည်။

သြဂုတ်လ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် လယ်ယာမြေသိမ်းဆည်းခံရမှုပြဿနာကို ဆွေးနွေးရန်နှင့် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ ပြင်ဆင်ရေး တောင်းဆိုရန် လယ်သမား ရာနှင့်ချီ၍ ရန်ကုန်သို့ ဆင်းလာကြသည်။

အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Food Security အဖွဲ့၏ ကွန်ယက်အစိတ်အပိုင်းတစ်ခုဖြစ်သော လယ်ယာမြေအကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးရွှေသိန်းက စစ်အုပ်ချုပ်ရေးမှ ပြောင်းလဲလာသည်မှာ လယ်သမားအချို့အား ဆန္ဒထုတ်ဖော်ပြောဆိုကြရန် ယုံကြည်မှု ပိုရှိလာစေကြောင်း ပြောဆိုခဲ့သည်။

“အရင်အစိုးရလက်ထက်ကဆိုရင် လယ်သမားတွေ ဘာမှ အထွန့်တက်လို့မရဘူး။ ဘာကြောင့်လဲဆိုတာ ကျွန်တော် ပြောဖို့ကို မလိုပါဘူး”ဟု ရန်ကုန်ရုံးတွင် တွေ့ဆုံမေးမြန်းစဉ်က ၎င်းကပြောကြားသည်။ သို့သော်လည်း ယခု ဒီမိုကရေစီ ကူးပြောင်းသည့် ကာလတွင်မူ “ဒီကိစ္စတွေ အခုတော့ ထိပ်တက်လာနေပြီ”ဟု ၎င်းက ဆိုသည်။

အစိမ်းသက်သက်ဖြစ်နေသော ဒီမိုကရေစီသည် မြန်မာနိုင်ငံတွင် စမ်းသပ်ဆဲလောဟူသည့် မေးခွန်းအတွက် လူထုဖိအားမှာ လုံလောက်လှပေသည်။

“ဥပမာအားဖြင့် မြေယာပိုင်ဆိုင်မှုပြဿနာဟာ အရမ်းကို ရှုပ်ထွေးလွန်းတယ်”ဟု သမ္မတဦးသိန်းစိန်က လန်ဒန်ခရီးစဉ် တွင် ဂျူလိုင် ၁၅ ရက်နေ့က Chatham House မိန့်ခွန်း၌ ထည့်သွင်းပြောကြားသွားခဲ့သည်။ “မြန်မာနိုင်ငံသား အားလုံး တိုးတက်ဖို့ရာအတွက် မောင်းနှင်အားတစ်ခုအဖြစ် ကျွန်တော်တို့ဟာ ပြတ်သားသော၊ မျှတသော၊ ပွင့်လင်းမြင်သာသော မြေယာ မူဝါဒများကို ချမှတ်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသွားခဲ့သည်။

အစိုးရအနေဖြင့် လယ်ယာမြေသိမ်းဆည်းမှုများနှင့် ပတ်သက်၍ အထူးတာဝန် ပေးအပ်ထားသော ကော်မရှင် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားသည်။ ယခုအချိန်အထိ ယင်းကော်မရှင်မှ ယင်းကိစ္စအတွက် အစီရင်ခံစာများစွာကို ထုတ်ပြန် ခဲ့ကြပြီးဖြစ်သည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ကမူ ယင်းကိစ္စမှာ အထူးဦးစားပေးကိစ္စဖြစ်သော်လည်း အနည်းငယ်သာ ဖြေရှင်းဆောင်ရွက်မှုရှိနေသည်ဟု ဆိုသည်။

အရပ်ဘက်အဖွဲ့အစည်းများက ‘အထူးသဖြင့် မြန်မာနိုင်ငံ၏ အရိုင်းသက်သက် စီးပွားရေးကို နိုင်ငံခြားကုမ္ပဏီများ ဝင်ရောက်လာကြခြင်းကဲ့သို့ပြဿနာများကို ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအပါအဝင် ပြဌာန်းပြီး မူဝါဒများက အနည်းငယ်သာ မိတ်ဆက်ထားနိုင်ခဲ့ပြီးယခင်နှင့် လက်ရှိအစိုးရလက်ထက် ခရိုနီများစွာတို့သည်လည်းလျင်မြန်စွာ ပြောင်းလဲနေသော နိုင်ငံတွင် ၎င်းတို့၏ ပိုင်ဆိုင်မှု စီးပွားရေးများ မဆုံးရှုံးရလေအောင် အမီလိုက်ကြိုးစားနေကြပုံရသည်’ဟု ဆိုသည်။

အာဏာရှင် သို့မဟုတ် ကိုလိုနီ အစိုးရလက်အောက်တွင်နှစ်ပေါင်းများစွာနေလာခဲ့ပြီးမှလွတ်မြောက်လာသော နိုင်ငံများကို ကြည့်လျှင် လယ်ယာမြေ ပြန်လည်ခွဲဝေမှုပြဿနာမှာ စိတ်အနှောက်အယှက်ဖြစ်စရာပင် ဖြစ်သည်။ ဇင်ဘာဘွေ၊ တောင်အာဖရိကနှင့် ဒေသတွင်းနိုင်ငံတစ်ခုဖြစ်သော အင်ဒိုနီးရှားကို ကြည့်လျှင် သိနိုင်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ လက်ပံတောင်းတောင်ကဲ့သို့ နေရာများတွင် သတ္တုတူးဖော်ရေးလုပ်ငန်းများ မြန်မာနိုင်ငံသား များဆီသို့ ဝင်ရောက်လာချိန်တွင် ဆန္ဒပြမှုများမှာ ပိုမို မြင့်တက်လာခဲ့သည်။ တရုတ်နောက်ခံ သတ္တုတူးဖော်ရေး ကုမ္ပဏီကို ချဲ့ထွင်ရန် ၂၀၁၀ တွင် အစိုးရက ယင်းဒေသအနီးတဝိုက်တွင်ရှိသော လယ်ယာမြေ ဧက ၈၀၀၀ ခန့်ကို သိမ်းဆည်းခဲ့သည်။ ယခုနှစ်အစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းစီမံကိန်းကို ဆက်လက်လုပ်ဆောင်ခွင့်ပြုရန် ရွာသားများကို အကြံပြု ခဲ့စဉ်တွင် အာဏာပိုင်များနှင့် ဆန္ဒပြသူများအကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

လယ်ယာမြေအခွင့်အရေးမှာ သယံဇာတ ပေါကြွယ်ဝသည့် ဒေသများ၌ နေထိုင်ကြသော လူနည်းစုတိုင်းရင်းသား များနှင့် ပြုလုပ်နေသည့် နှေးကွေးစွာ တိုးတက်နေသော ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အခရာကျသည့် ကိစ္စတစ်ခုလည်း ဖြစ်သည်။ ယင်းကိစ္စသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို လတ်တလော စိတ်ဝင်တစားပြောဆိုနေကြသည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် NGO များကြားတွင် ရေပန်းစားသော ပြဿနာဖြစ်သည်။

“တူးဖော်ရေးပြုလုပ်မယ့်စက်ရုံတွေကို ဆန္ဒပြကြတဲ့အုပ်စုအဖွဲ့တွေနဲ့ အကြမ်းဖက်ရင်ဆိုင်ဖြေရှင်းရတာတွေ အဆုံးသတ်ဖို့ တိုးတက်တဲ့ သယံဇာတစီမံခန့်ခွဲမှုနဲ့ မြေယာပိုင်ဆိုင်မှုအခွင့်အရေးဆိုင်ရာ ခိုင်မာတဲ့အကာအကွယ်တွေ လိုအပ်တယ်”ဟု Stockholm School of Economics မှ Anders Engvall နှင့် Myanmar Development Resource Institute မှ စိုးနန္ဒာလင်းတို့က မကြာသေးမီက ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။

ဗိုလ်ချုပ်နေဝင်းက လက်ဝဲကျသော ဆိုရှယ်လစ်စီးပွားရေးစနစ် ပြုလုပ်ရန်အတွက် မြေယာများအားလုံး၏ ပိုင်ဆိုင်မှုကို အစိုးရအနေဖြင့် ၁၉၆၃ ခုနှစ်တွင်သိမ်းယူခဲ့သည့်အချိန်မှစ၍ မြန်မာ့စီးပွားရေးတစ်ခုလုံး ချွတ်ခြုံကျခဲ့သည်။

အစိုးရသစ်တောဝန်ကြီးဌာန ဝန်ထမ်းဟောင်းတစ်ဦးဖြစ်သည့် အသက် ၅၇ နှစ်အရွယ်ရှိ လယ်ယာမြေ အကျိုးဆောင်အဖွဲ့မှ ဦးရွှေသိန်းက “၁၉၉၀ တဝိုက် အစိုးရက ကမ္ဘာ့ဈေးကွက်သို့ စီးပွားရေးစနစ် ဖွင့်ပေးလိုက်ချိန်တွင် အထူး ဦးစားပေးခဲ့သည်မှာ လျင်လျင်မြန်မြန် တိုးတက်စေဖို့သာဖြစ်ပြီး အစားအသောက်လုံခြုံစိတ်ချရမှု မလုံလောက် ခဲ့ကြောင်း”ပြောကြားခဲ့သည်။ ရလဒ်အားဖြင့် အစိုးရသည် ၁၉၉၀ နှင့် ၂၀၁၂ ကြားတွင် ကြီးမားသော စိုက်ပျိုးရေး လုပ်ငန်း အတွက်ဖြစ်သော လယ်ယာမြေဧက သန်းပေါင်းများစွာကို ဦးစားပေးကာ ပေးပစ်ခဲ့ပါသည်။

ယခင်အစိုးရလက်ထက်တွင် လယ်သမားများ ယောင်တိယောင်ချာဖြစ်နေသော စိုက်ပျိုးရေး အခြေပြုနိုင်ငံကြီးမှ ပြည်သူများသည် အကူအညီအနည်းငယ်သာ ရယူနိုင်စွမ်းရှိသည်။ ၂၀၁၂ လယ်ယာမြေဥပဒေကို အရပ်သားအစိုးရက ပြဌာန်းပေးလိုက်ရာ လယ်သမားများနှင့် အခြားမြေသိမ်းခံရသူများအတွက် လျော်ကြေးများ ရယူနိုင်ရန် ဖြစ်စဉ်တစ်ခု ပေါ်ပေါက်လာသည်။ သို့သော်လည်း ထိုကိစ္စမှာ အလွန်ရှုပ်ထွေးလှသည်။ လယ်သမားများအနေဖြင့် ၎င်းတို့သည် ဤမြေယာကို အမှန်တကယ် ပိုင်ဆိုင်အသုံးပြုခဲ့ကြောင်း စာရွက်စာတမ်း အထောက်အထားများ ပြရသည်။ စာရွက်စာတမ်းမရှိပါက တစ်ဦးတစ်ယောက်မှနေ၍ ၎င်းတို့ကို ထောက်ခံပေးရမည်ဖြစ်သည်။

“ဒါအလွန်ရှုပ်ထွေးတယ်။ စာရွက်စာတမ်းတွေ သိမ်းဆည်းရတာဟာ ကျွန်မတို့မှာထုံးစံမရှိဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ဂျွန်လတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အစိုးရအနေဖြင့် မြေယာများကို တရားဝင်နည်းလမ်းဖြင့်မဟုတ်ဘဲ မည်သို့ လွှဲပြောင်း ပေးခဲ့သည်ဆိုသည်ကို စီစစ်ရန် လိုအပ်ကြောင်း သူမကပြောကြားသည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ဝေလွင်က ပြီးခဲ့သည့်လ၌ တပ်မတော်အစိုးရလက်ထက်တွင် သိမ်းဆည်းထားခဲ့သော လယ်မြေဧက ၁၈၃၀၀ ကို ပြန်လည်ပေးအပ်မည်ဖြစ်သည်ဟု လွှတ်တော်တွင် ပြောကြားခဲ့သည်။ လူတိုင်းတော့စိတ်ကျေနပ်မှုမရနိုင်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံရှိ တရုတ်နှင့် မေးခွန်းထုတ်စရာဖြစ်နေသည့် စီမံကိန်းများနောက်ကွယ်တွင် မရေရာသော မြေယာ အခွင့်အရေး အပြောင်းအလဲများမှာ အခြားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၏ ပိုင်ဆိုင်မှုများ လုံခြုံစိတ်ချရမှုအတွက် ရှုပ်ထွေး စရာ အချက်တစ်ခုဖြစ်သည်။

အရက်ဘက်အဖွဲ့များက နိုင်ငံခြားလုပ်ငန်းများသည် ဒေသခံများအား ခေါင်းပုံဖြတ်ကြလိမ့်မည်ဟူသော စိုးရိမ်မှုကို တင်ပြကြသည်။ ဒေသခံများကို ထိခိုက်စေမည့် ရည်ရွယ်ချက်မျိုး မရှိသည့် ကုမ္ပဏီများကိုပင် သမိုင်းပေးအသိအရ သံသယဖြင့်သာ ရှုမြင်ကြသည်။

ဦးရွှေသိန်းက နိုင်ငံခြားခရီးစဉ်များတွင် နိုင်ငံခြားကုမ္ပဏီများအား ၎င်းတို့ မြန်မာနိုင်ငံသို့ လာရောက်၍ စီးပွားရေး လုပ်ကိုင်ကြလျှင် မြန်မာနိုင်ငံသားတို့၏ အခွင့်အရေးကို လေးစားကြရန် ၎င်းအနေဖြင့် ပြောဆိုပါကြောင်း မှတ်ချက်ပြုသည်။

“တချိန်တည်းမှာ ကျွန်တော်တို့ဟာ အရင်အစိုးရလက်ထက်က လုပ်ပိုင်ခွင့်ရပြီး မြေယာများစွာကို ပိုင်ဆိုင်တဲ့ ဒီနိုင်ငံက ခရိုနီတွေကိုလည်း စိတ်ပူတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အချို့ကိစ္စများတွင် စီးပွားရေးသမားကြီးများက တုန့်ပြန်မှု အချို့ ပြုလုပ်ကြသည်။ မက်စ်မြန်မာအုပ်စုပိုင်ရှင် ဦးဇော်ဇော်ဆိုလျှင် ၎င်းပိုင်ဆိုင်သော အသုံးမပြုသည့် မြေယာများကို အစိုးရမှတဆင် ပြန်လည်ပေးအပ်ပြီး ဖြစ်ကြောင်း မီဒီယာများ၏ ဖော်ပြချက်အရသိရသည်။

အဆိုပါကိစ္စရပ်သည် လွှတ်တော်တွင်း အငြင်းပွားစရာများ မြင့်တက်လာစေသော ကိစ္စလည်း ဖြစ်သည်။ အချို့ ဥပဒေပြုသူများက အစိုးရအား ပိုမိုလုပ်ဆောင်ရန်ဖိအားပေးကြသကဲ့သို့ စစ်တပ်မှ ရွေးချယ်ခန့်ထားသော အချို့ ကိုယ်စားလှယ် များကမူ ကန့်ကွက်ကြသည်။

မြေယာသိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွဋ်ကဥပဒေပြုသူများအား “အမျိုးစုံသော အုပ်စုများက လယ်သမားများအား ဆန္ဒပြရန် အားပေးအားမြှောက်ပြုခြင်းဖြင့် ကိုယ်ကျိုးရှာနေကြသဖြင့် ၎င်းအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ အားလုံးသည် နိုင်ငံရေးအမြတ်ထုတ်ရန်၊မဲရရှိရန်အတွက် ယင်း(မြေယာပြဿနာ)ကို အသုံးချခြင်းမှ ရှောင်ရှားကြရန်”ပြီးခဲ့သည့် ရက်သတ္တပတ်က သတိပေးခဲ့ကြောင်း မြန်မာတိုင်းမ်တွင် ဖော်ပြခဲ့သည်။

Yangon chronicle


Viewing all articles
Browse latest Browse all 32865

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ထိုင်း-မြန်မာ အို-၇ နယ်စပ်တိုက်ပွဲ(၂၀၀၁)


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


ခရမ်းပြာ HD ဇာတ်ကားနှင့် နပ်စ်မ HD...


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>