Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ထားဝယ်မြို့၌ပထမဆုံးအနေဖြင့်လယ်သမားတစ်ယောက်ထောင်ဒဏ်ချမှတ်ခံရ

$
0
0
ထားဝယ်မြို့နယ် ၊ ၀ဲကျွန်းထိန်သစ်ရပ်ကွက် ၊ကမြောကင်းလမ်း ၊ ကမြောကင်းတံတားနံဘေး ၌လက်ရှိလယ် စိုက်ပျိုးလျှက်ရှိသောလယ်သမား ဦးစံလင်း အား ထားဝယ်ခရိုင်အုက်ချုပ်ရေးမှူး ဦးကျော်ဆွေ မှ ၁၈၇၆ ခုနှစ် မြေယာနှင့် အခွန်တော်ဥပဒေ ပုဒ်မ (ဏ ) ဖြင့်တရားစွဲဆိုကာ၂၆.၈.၂၀၁၃ (တနင်္လာနေ့)တွင်ဒဏ်ငွေ (၂၀၀) နှင့်ထောင်ဒဏ်(၁)လကိုထားဝယ်မြို့နယ်တရားသူကြီး ဦးထွန်းလင်းမှချမှတ်ခဲ့သည်။

ဦးစံလင်းသည်ထားဝယ်ခရိုင်အတွင်းတရားမျှတမှုမရှိသည့်လယ်ယာမြေသိမ်းဆည်းမှုနဲ့ပတ်သက်၍ပထမဆုံးထောင်ကျခံရသောလယ်သမားပေါ့လို့သမီးဖြစ်သူမရွှေစင်ယုမှပြောကြားသည်။ထားဝယ်အများ ပိုင်ကုမ္ပဏီ ကလယ်မြေကိုသိမ်းတယ်မူလပိုင်ရှင်ဆိုတာရှိပေမယ့်ကျွန်မအဖေကိုသူကိုယ်တိုင်လယ်မလုပ်နိုင်လို့ လယ်လုပ် ပိုင်ခွင့်ကိုလွန်ခဲ့တဲ့(၄)နှစ်ခန့်လောက်ကတည်းကလွှဲပြောင်းပေးထားပြီးကျွန်မတို့တစ်မိသားစုလုံးဒီ လယ်ကိုစိုက်လာခဲ့တာပတ်ဝန်းကျင်က လယ်သမားတွေအကုန်လုံးလည်းအသိဘဲကျွန်မတို့ကဘာလျှော်ကြေးမှ မယူ ထားတော့ထွက်ပေးစရာလည်းမလိုဘူးသူတို့ပေးတဲ့လျှော်ကြေးဆိုတာကျွန်မတို့ဘ၀အတွက်ဘာအာမခံ ချက် မှမရှိဘဲ ၊ လယ်သမား လယ် ပျောက်ရင် ထမင်းငတ်မှာပေါ့၊အခုတော့ကုမ္ပဏီကလယ်ကိုမတရားသိမ်းချင်တယ် ကျွန်မတို့ကအသိမ်းမခံဘူး ကုမ္ပဏီကိုပေးချင်တော့ခရိုင်အုပ်ချုပ်ရေးမှူးကတရားစွဲတယ်ကျွန်မအဖေထောင်ကျ တယ် ကောင်းပါတယ် ကျွန်မအဖေ က ထားဝယ်မြို့ရဲ့ စံပြလယ်သမား ဖြစ်သွားတာပေါ့ ဟု
မရွှေစင်ယု မှဆက် လက်ပြောကြားခဲ့သည်။

ဦးစံလင်းအားထောင်ချခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ထားဝယ်လယ်သမားများမှလည်းသဘော မတူကန့် ကွက်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး လယ်သမားများ၏ဂုတ်သွေးစုတ်အမြတ်ထုတ်တဲ့ထားဝယ်အများပိုင်ကုမ္ပဏီ အားထားဝယ်ခရိုင်အတွင်းရှိလယ်သမားများအနေဖြင့် ထားဝယ်လယ်သမားများသမိုင်း၏ကုမ္ပဏီဆိုးအဖြင့်သတ်မှတ်ကာထားဝယ်ခရိုင်အတွင်းရှိလယ်သမားမိသားစုဝင်တိုင်း၏သမိုင်းတာဝန်တစ်ရပ်ပမာစဉ်ဆက်မပြတ်သပိတ် မှောက်သွားနိုင်သည်အထိစည်းရုံးသွားမည်၏ ဟု ထားဝယ် လယ်သမားများ အစည်းအဝေးမှထုတ်ပြန်ကြေငြာခဲ့ သည်။

(၂၇.၈.၂၀၁၃)အင်္ဂါနေ့တွင်ဦးစံလင်းအားဂုဏ်ပြုသည့်အနေဖြင့်လက်ရှိဦးစံလင်း၏လယ်မြေ၌ဦးစံလင်း စိုက်ပျိုးရန်ကျန်နေသောလယ်ကွက်များ၌ဦးစံလင်း၏မိသားစုလယ်သမားများနှင့်အတူစပါးစိုက်ပျိုးကြမည်၏ဟုလယ်သမားများထံမှသိရပါသည်။

မရွှေစင်ယု (ဦးစံလင်း၏သမီး)

05023096

09422218788

ကိုထွန်းထွန်းဝင်း (ထားဝယ်တောင်သူလယ်သမား ကွန်ယက်)

0949851588

ဦးကျော်ဆွေ - ခရိုင်အုပ်ချုပ်ရေးမှုး

၀၉၈၇၄၀၂၂၂

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>