၁။ အိပ်ယာမှထသောအခါ
(က) အိမ်ရှိအခြားသူ များကိုအနှောင့်အယှက်မဖြစ်စေဘဲ ငြိမ်သက်စွာထခြင်း(အခြားသူများ ၏ အခွင့်အရေးများနှင့် စိတ်အာရုံ ကို လေးစားခြင်း)၊ (ခ) မိမိအိပ်ရာ မိမိသိမ်းခြင်း (တစ်ဦးချင်းတာဝန် သိမှု)။
၂။ ပုဂ်္ဂလိကသန့်ရှင်းစင်ကြယ်ခြင်း
(က) မိမိ၏သွားပွတ် တံ၊ မှန်၊ ဘီး၊ မျက်နှာသုတ်ပုဝါ များကို အသုံးပြုခြင်း (ကိုယ်ပိုင် ပစ်္စည်းကိုလေးစားမှု)၊ (ခ) ရေ အိမ်ကို အလှည့်စောင့်၍ သုံးစွဲခြင်း နှင့် မြန်မြန်ဆန်ဆန်အသုံးပြုခြင်း (ညီမျှသောအခွင့်အရေး)၊ (ဂ) အ၀တ်အစားဝတ်ရာတွင် မိမိဘာ သာလုပ်ကိုင်ဆောင်ရွက်ခြင်း (တစ် ဦးချင်းတာဝန်သိမှု)။
၃။ မိဘများနှင့် အခြားမိသားစုတွင် ပါဝင်သူများနှင့်ဆက်ဆံရေး
(က) အိမ်မှထွက်သွား သည့်အခါ အခွင့်တောင်းခြင်း (အချုပ်အခြာအာဏာကို ရိုသေ လေးစားမှု)၊(ခ)တစ်စုံတစ်ယောက် သည် စာဖတ်စာကျက်နေလျှင် (သို့မဟုတ်) အိပ်ပျော်နေလျှင် ငြိမ်သက်စွာသွားလာရန်နှင့် ငြိမ် သက်စွာပြောဆိုရန် (အခြားသူများ ၏ အခွင့်အရေးနှင့် စိတ်ဓာတ်ကို ထောက်ထားမှု)၊ (ဂ) အခြားသူပိုင် ပစ်္စည်းများကိုယူခြင်းမှ ရှောင်ကြဉ် ခြင်း (ကိုယ်ပိုင်ပစ်္စည်းလေးစားမှု)၊ (ဃ) မိဘများ သက်ကြီးဝါကြီးသူ များ၏ ဆန်္ဒကို ရိုသေလေးစားကာ ၎င်းင်းတို့၏ အယူအဆနှင့်မတိုက်ဆိုင် လျှင်မိမိ၏အယူအဆကို ယဉ်ကျေး သိမ်မွေ့စွာတင်ပြခြင်း (ရိုးသားစွာ အယူအဆကွဲပြားမှုကို ရိုသေလေး စားမှု)၊ (င) မိသားစုအတိုင်ပင်ခံ အဖွဲ့တွင်ပါဝင်ဆောင်ရွက်ခြင်း၊ နေ့ စဉ်လုပ်ငန်းများကို ဆုံးဖြတ်ရာ တွင်ကူညီခြင်း (အုပ်ချုပ်ခံရသူများ ၏သဘောတူချက်ဖြင့်အုပ်ချုပ်မှု)။
၎။ အိမ်တွင်းလုပ်ငန်းများ
(က) မိမိ၏ စွမ်းရည်အ လိုက်အကောင်းဆုံး ကြိုးစားကာ မိမိ၏ဝေပုံကျအိမ်မှုတာဝန်များကို ထမ်းဆောင်ခြင်း (ပုဂ်္ဂလိကတာဝန် နှင့်အစုအဖွဲ့၏ကောင်းကျိုးအတွက် ပူးပေါင်းဆောင်ရွက်မှု)၊ (ခ) ချီး ကျူးထိုက်သည်ကို ချီးကျူးခြင်း (မျှတစွာပြုမူ ဆောင်ရွက်မှု)၊ (ဂ) မိမိ၏အလုပ်ကိုဝေဖန်ခြင်းကိုအသာ တကြည် လက်ခံခြင်း (ဝေဖန်ခြင်း ကို မှန်ကုန်စွာသဘောထားမှု)
၅။ အိမ်တွင်စုဆောင်းမှုနှင့်
ဝင်ငွေရမှုနည်းလမ်းများ
(က) ဟင်းသီးဟင်း ရွက်နှင့် သစ်သီးများကို အိမ်သုံး အဖြစ်ဖြင့်လည်းကောင်း၊ အပိုဝင် ငွေရရန်လည်းကောင်း၊ စိုက်ပျိုး ခြင်း (မိမိအတွက်သာမဟုတ် အစု အဖွဲ့ကောင်းကျိုးအတွက်ပါ စိတ် ၀င်စားမှု)၊ (ခ) ရသောငွေမှ သင် နှင့်ဆိုင်သောအဖို့ကိုသာလျှင် ယူ ခြင်း(မျှတမှု)။
၆။ အားလပ်ချိန်ကိုသုံးခြင်း
(က) ညီအစ်ကိုမောင် နှမများနှင့် ကစားစရာများ ကစား ရန်၊ အသုံးအဆောင်ပစ်္စည်းများကို ခွဲဝေသုံးစွဲခြင်း (ညီမျှသောအခွင့် အရေး)။ (ခ) မကစားမီ ရှေးဦးစွာ အလုပ်လုပ်ခြင်း(ပုဂ်္ဂလိကတာဝန်)။ (ဂ)လောင်းကစားခြင်းကို ရှောင်ကြဉ် ခြင်း (စာရိတ်္တနှင့်စပ်လျဉ်း၍ တရား ဥပဒေကိုရိုသေခြင်း) ၀ါသနာပါလိုက် စားပျော်ရွှင်မှုတစ်ခုခုရှိခြင်း။ (ဃ) အားလပ်ချိန် ဖျော်ဖြေမှုပစ်္စည်းများဖြစ် သော ရေဒီယို၊ စာအုပ်၊ ကစားစရာ ပစ်္စည်းများကို သုံးစွဲခြင်းနှင့်စပ်လျဉ်း ၍သတ်မှတ်သောစည်းကမ်းချက်များ ကို ရိုသေခြင်း။
၇။ ထမင်းစားပွဲတွင်
(က) စားပွဲထိပ်တွင်မထိုင် နှင့် သင်၏ ဖခင် သို့မဟုတ် မိခင်အ တွက်ဖြစ်သည်။ (မိဘများကို ရိုသေ လေးစားမှု)။ (ခ) မိမိအတွက် စားစ ရာ ဝေစုကို ယူရာတွင် အခြားသူများ အတွက်ပါ ထည့်သွင်းစဉ်းစားခြင်း (အခြားသူများ၏ အခွင့်အရေးကို ထည့်သွင်းစဉ်းစားမှု)
၈။ အိပ်ရာဝင်ရာတွင်
(က) မိသားစုနှင့်အတူ ဘု ရားရှိခိုးခြင်း (မိသားစုအပေါ်ဝယ် သစ်္စာရှိမှု)။ (ခ) မိမိဘာသာ အိပ်ရာကို ပြင်ခြင်း (ပုဂ်္ဂလိကတာဝန်)။
ကျောင်းတွင်း
၁။ကျောင်းတက်ခေါင်းလောင်းထိုး၍ စီတန်းရာတွင်
(က) ကျောင်းသို့အချိန်မှန် မှန်လာရောက်ခြင်း၊ (ခ) စုဝေးခန်းအ တွင်း စီတန်းရာတွင် စည်းကမ်းရှိခြင်း၊ (ဂ) တစ်ဦးနှင့်တစ်ဦး တိုးဝှေ့ခြင်း၊ စကားများခြင်းကို ရှောင်ကြဉ်ခြင်း။ (ယဉ်ကျေးမှု၊ စည်းကမ်းဥပဒေကို ရို သေမှု)၊ (ခ) ငြိမ်သက်စွာ စီတန်းခြင်း (အခြားသူများကို ထောက်ထားမှု)၊ (င) မိမိအတန်းသားချင်းစီတန်းရာတွင် စနစ်တကျဖြစ်စေရန် ရှေ့ဆောင်ခြင်း။
၂။ အလံတော်အလေးပြုရာတွင်
(က) အလံတော်အလေးပြု ရာတွင်စည်းကမ်းတကျပြုလုပ်ဆောင် ရွက်ခြင်း။ (ခ) အလံတော်အလေးပြု နေစဉ် ကျောင်းဝင်းအတွင်းသို့ထွက် ခြင်း၊ ၀င်ခြင်းမပြုလုပ်ခြင်း (လေးစား မှု)။ (ဂ) အလံတော်ကို အလေးပြု သည့်အခါ စိတ်ရောကိုယ်ပါသတ် မှတ်ထားသည့် စနစ်အတိုင်းအလေးပြု ခြင်း။ (ဃ) နိုင်ငံတော်သီချင်းသတိမူ သောအနေနှင့်နေခြင်း။ (နိုင်ငံတော်သီ ချင်းကို ရိုသေမှု)။ (င) အပြင်လူများ သည် အလံတော်အလေးပြုနေစဉ် သင်၏အပြုအမူကဲ့သို့ပြုမူရန်ရှေ့ဆောင် ရှေ့ရွက်ပြုလုပ်နှိုးဆော်ပေးခြင်း။
၃။ စာသင်ခန်းတွင်
(က) ကျောင်းသုံးစာအုပ် နှင့် သင်ပြမှုအထောက်အပံ့ပစ်္စည်းများ ကို အခြားသူများနှင့် ခွဲဝေအသုံးပြု လို စိတ်ရှိခြင်း။ (ခ) စာသင်ချိန်သည် တစ်တန်းလုံး ပိုင်ဆိုင်သည့် အချိန်ဖြစ် သည်။ စာသင်ချိန်ကို ဖြုန်းတီးခြင်းမှ ရှောင်ကြဉ်ပါ။ အချိန်ကုန်စေသည့် အကြောင်းများမှာ-
၁။ မလိုအပ်သော မေးခွန်း များမေးခြင်း။ ၂။ အာရုံမစိုက်ဘဲ နေခြင်း။ ၃။ အိမ်တွင်လုပ်ဆောင်ရန် မှာလိုက်သော အိမ်စာများကို မလုပ်ဘဲ နေခြင်း။ ၄။ မသင့်လျော်သော အပြု အမူကို ပြုမူခြင်း။ ၅။ ကျောင်းတက် ပျက်ခြင်း (အခြားသူများ၏ အခွင့်အ ရေးကို ထောက်ထားမှု)
(ဂ) စာသင်ခန်းလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်ခြင်း (အစု လိုက် တာဝန်ယူရာတွင် မိမိ၏ ဝေပုံကျ တာဝန်ကို ထမ်းဆောင်မှု)။ (ဃ) အတန်းတွင်လူများစု၏အဆုံးအဖြတ် ကိုနာခံခြင်း။ (လူများစု အုပ်ချုပ် ရေး)။ (င) စာသင်ခန်းစည်းကမ်း နှင့် ဆရာ၏ညွှန်ကြားချက်များကို မဆိုင်းမတွနာခံခြင်း။ (ဥပဒေရို သေမှု)။ (စ) အခြားသူများကို မေးသောမေးခွန်းကို မိမိကမဖြေ ခြင်း။ (မျှတမှု)။ (ဆ) စာသင်ခန်း သို့ သင်ခန်းစာများကို ပြင်ဆင်၍ လာခြင်း။ (ဇ) မိမိအလုပ် ကို တတ်နိုင်သမျှ လုပ်ကိုင်ခြင်း။ (ဈ) ပစ်္စည်းများကို သုံးစွဲပြီးလျှင် သူ့ နေရာနှင့်သူ ပြန်၍ထားခြင်း။ (ပုဂ်္ဂလိကတာဝန်)။ (ည) စာသင် ခန်းကိုသန့်ရှင်းသပ်ရပ်စွာထားရန် တာဝန်ကိုခွဲယူခြင်း။ (အစုအဖွဲ့၏ ကောင်းကျိုးအတွက်ပူးပေါင်းဆောင် ရွက်မှု၊ တာဝန်ခံယူရန် လိုလားနှစ် သက်မှု)။(ဋ)ပိုင်ရှင်ခွင့်ပြုချက်မရ ဘဲ စာအုပ်၊ ခဲတံ၊ စက်္ကူနှင့် အခြား ပုဂ်္ဂလိကပစ်္စည်းများကို ယူငင် ခြင်းမှ ရှောင်ကြဉ်ခြင်း။ (ပုဂ်္ဂလိက ပစ်္စည်းကိုရိုသေမှု)။ (ဌ) သူတစ် ပါးထံမှ ကူးချခြင်းကို ရှောင်ကြဉ် ခြင်း။ (မိမိကိုယ်ကိုယ်အားကိုးမှု၊ ရိုးသားဖြောင့်မတ်မှု)။
၎။ နို့တိုက်ကျွေးသည့်နေရာနှင့်
ရေသောက်ရာတွင်
(က) နို့တိုက်ကျွေး သည့်နေရာနှင့် ရေအိုးစင်တွင် မိမိ အလှည့်ကိုစောင့်ခြင်း။ ကိုယ့်အရင် ရောက်သူများရှေ့မှသွား၍ တန်းစီ ရမည့်အစား နောက်ရပ်၍တန်းစီ ခြင်း။ (အခြားသူများ အခွင့်အရေး ကိုလေးစားခြင်း)။ (ခ) စက်္ကူ အမှိုက်များ၊ အသီးအနှံခွံများကို ထားရှိသော အမှိုက်ပုံးတွင်ထည့် ခြင်း (ပုဂ်္ဂလိကတာဝန်)။
၅။ အိမ်သာတွင်
(က) သင်တွေ့မြင် သော အခြေအနေမျိုးဖြစ်အောင် အိမ်သာကိုထားခဲ့ပါ။ (အခြားသူ များ၏အခွင့်အရေးကို စောင့်စည်း မှု)။ (ခ) အိမ်သာကိုသုံးပြီးနောက် လက်ဆေးခြင်း။ (မိမိကျန်းမာရေး နှင့်သူတစ်ပါးတို့၏ ကျန်းမာရေး ကို ကာကွယ်စောင့်ရှောက်မှု)။ (ဂ) ကိုယ့်အလှည့်ကိုစောင့်ခြင်း။ (တန်း တူအခွင့်အရေး)။ (ဃ) အိမ်သာ နံရံများနှင့် အိမ်သာအတွင်းအသုံး အဆောင်များကို မရေးခြစ်ခြင်း။ (လူထူသုံးပစ်္စည်းကို လေးစားမှု)။ (င) အိမ်သာခန်း ချို့ယွင်းချက်များ တွေ့ရှိကဆရာကြီးသို့တိုင်ကြား ခြင်း(မကျေနပ်ဖွယ်ရာ အခြေအနေ ကိုပြုပြင်ရန်စီစဉ်ခြင်းသည်ပြည်သူ့ တာဝန်တစ်ရပ် ဖြစ်သည်။)
ဖော်ပြပါ ဒီမိုကရေစီ စိတ်ဓာတ်နှင့်ဘ၀နေထိုင်နည်းလမ်း ညွှန်စာတမ်းရေးသားခဲ့သူ သည်အမျိုးသားခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဆရာ ရင်းဦးခင်သန်း B.A,BES Class 1 ဖြစ်၏။ ဆရာဦးခင်သန်းသည် (နေရနံချောင်းမြို့ အမျိုးသား အထက်တန်းကျောင်း မှအင်္ဂလိပ် ဘာသာနှင့် ပါဠိပါဘာသာကို သင်ပြခဲ့သူကျောင်းဆရာတစ်ဦးဖြစ်ပြီး ပါလီမန်ဒီမိုကရေစီခေတ်ကာလတွင် ခရိုင်ပညာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်၏။ ဆရာကြီး ရေးသားသည့် လူမှု ရေးရာသင်ပြမှုစာတမ်းမှ လက် တွေ့ဒီမိုကရေစီကျင့်စဉ်အားကောက် နုတ်ဖော်ပြခြင်းဖြစ်ပါသည်။
The First Media Group