သူတို့မေ့ပြစ်လိုက်ပါပြောသော မနက်ဖြန်စက်တင်ဘာ (၅)ရက်နေ့မှာကျရောက်တော့မည်။ ၆နှစ်ပြည့် ပခုက္ကူရွှေဝါရောင်တော်လှန်ရေးသို့။
၂ဝဝ၇ စက်တင်ဘာ (၅) ရက် ပခုက္ကူသံဃာ အရေးအခင်း မတိုင်ခင် သြဂုတ်လ (၂၁)ရက်နေ့ ညမှာ ကတည်းက အာဏာရှင်စစ်အုပ်စုက ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုမင်းဇေယျ အစရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကိုဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
သြဂုတ်လ (၂၂)ရက်နေ့ကနေ ၂၅-၂၆ နေ့တွေလောက် အထိ ရန်ကုန်မြို့ နေရာအနှံ့မှာ မနီလာသိန်း၊ မမီးမီး၊ မစုစုနွေးနဲ့ မနော်အုန်းလှတို့ ဦးဆောင်တဲ့ အာဏာရှင်ဆန့်ကျင်ရေး လူထု ဆန္ဒပြပွဲတွေ ဆက်တိုက် ပေါ်ထွက် ခဲ့တယ်။
အဲဒီဆန္ဒပြပွဲတွေမှာ အန်အယ်လ်ဒီ လူငယ်တွေနဲ့ လက်ရှိ တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေလည်း အင်နဲ့အားနဲ့ ပူးပေါင်း ပါဝင်လာခဲ့ကြပါတယ်။ အဲဒီဆန္ဒပြပွဲတွေကို အာရှင်စစ်အုပ်စုက စစ်တပ်၊ လုံထိန်း၊ ရဲ၊ ကြံ့ဖွတ်၊ စွမ်းအားရှင် စတဲ့ လက်ကိုင်တုတ်တွေ သုံးပြီး အကြမ်းဖက် နှိမ်နှင်းဖြိုခွင်းခဲ့ပါတယ်။ ဆန္ဒပြသူတွေ အများအပြား ဖမ်းဆီးခံကြရပါတယ်။ အသတ်ခံခဲ့ရတယ်။ဒီနေ့မျိုးသမိုင်းတွေကိုမေ့ခိုင်တာလောက်အသဲနှာတာမရှိဘူး။လူငယ်များကို တစ်ခုလောက်တော့ မေတ္တာရပ်ခံပါရစေ။
ဦးဇင်းမျက်လုံးထဲမှာ ရွှေဝါရောင်တော်လှန်ရေးတုန်းက ရွှေတိဂုံဘုရားမှာ၊ ဆူးလေမှာ တလူလူ လွှင့်ထူခဲ့တဲ့ သာသနာအလံ တော်များကိုပြန်မြင်ယောင်နေမိပါတယ်။ ဦးဇင်းတို့ဟာ ကြက်သီးဖြန်းဖြန်း ထလောက်အောင် ကျေနပ် အားရစရာ ကောင်းလှတဲ့သမိုင်းတခုကိုစတင်ခဲ့တာပါ သွေးနဲ့ရင်ပြီးရခဲ့တဲ့ ဒီသမိုင်းကို ဘယ်တော့မှာမလုပ်ပါနဲ့လို့လာမပြောကြပါနဲ့ကိုယ်ပိုင်းလွတ်လပ်ခွင့်နဲ့ကိုယ်ဘာသာကိုယ်လုပ်ကြပါ။
စက်တင်ဘာ (၁၈) ရက်နေ့ သံဃာတော်တွေ ပတ္တနိက္ကုဇ္ဇနကံဆောင်ပြီး မေတ္တာပို့ လမ်းလျှောက်ဆန္ဒပြတာကနေစပြီး ကျောင်းသားပြည်သူတွေဟာ ဒီမိုကရေစီတိုက်ပွဲထဲ ပါဝင်လာခဲ့ကြတာပါ။ စက်တင်ဘာလ (၂၄)ရက်နေ့မှာ ရဟန်းရှင်လူ ပြည်သူအားလုံး ပါဝင်တဲ့ အထွေထွေသပိတ်ကြီး စတင်လိုက်ပါတယ်။
ဒါပေမဲ့ အထွေထွေသပိတ်ကြီးရဲ့ ပထမနေ့ စက်တင်ဘာ (၂၄)မှာပဲ ရွှေတိဂုံ အရှေ့မုခ်၊ ကြေးသွန်းဘုရား သပိတ်စခန်းကနေ ရန်ကုန်မြို့တွင်း လှည့်လည်ဖို့ တန်းစီကြတဲ့ အချိန်မှာပဲ ကျောင်းသားလူငယ် အင်အားထု တခုက ခွင့်ပန်လာတဲ့ ‘အကြမ်းမဖက် အမျိုးသားရေး လှုပ်ရှားမှု’ ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို သံဃာ့ ဦဆောင်ကော်မတီကို တင်ပြခဲ့ရာမှာ သံဃာတော်တွေက ခွင့်ပြုလို့ ကျောင်းသား လူငယ်တွေဟာ အားမာန် အပြည့်နဲ့ ကိုင်ဆောင် လှည့်လည် နိုင်ခဲ့ကြပါတယ်။
အထွေထွေသပိတ်ကြီးရဲ့ ဒုတိယနေ့ဖြစ်တဲ့ စက်တင်ဘာ(၂၅)ရက်နေ့ နံနက်မှာတော့ ကျော်ကိုကိုတို့ ဗကသ ကျောင်းသား အင်အားစုက သမိုင်းဝင် ခွပ်ဒေါင်းအလံကို လွှင့်ထူခွင့် တောင်းခံ လာပါတော့တယ်။ သံဃာ့ ကော်မတီကို လျှောက်ထား လိုက်ပြန်တဲ့ အခါမှာတော့ ‘ဒါ သိပ်အရေးကြီးတဲ့၊ သိပ်လိုအပ်တဲ့ ကိစ္စပဲ ဒကာကြီး’ လို့ သံဃာတော်တွေက ပြတ်ပြတ်သားသား မိန့်ခဲ့တာပါ။
ဒီလို့သမိုင်းတွေကို ဟိုဟာ မလုပ်ပါနဲ့ဒီဟာမလုပ်ပါနဲ့လာမပြောကြပါနဲ့ကိုယ်တိုင်းခံစားတက်တဲ့ နှလုံးသားမရှိသူတွေနဲ့စကားမပြောချင်းဘူး။
စက်တင်ဘာထာဝရ။
—