Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တရားစီရင်ရေးကဏ္ဍတွင် အုပ်ချုပ်ရေးပိုင်းဝင်ရောက်စွက်ဖက်ခွင့်မရှိတော့ဟု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းပြောကြား

$
0
0
မြန်မာနိုင်ငံ၌ အစိုးရသစ်လက်ထက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသည့်နည်းတူ တရားစီရင်ရေးကဏ္ဍတွင် ယခင်နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တပ်မတော်အစိုးရလက်ထက် အုပ်ချုပ်စဉ်ကာလကကဲ့သို့ အုပ်ချုပ်ရေးပိုင်းမှ ဝင်ရောက် စွက်ဖက်ခွင့် ရမည်မပာုတ်တော့ကြောင်း ပြည်ထောင်လွှတ်တော်နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက စက်တင်ဘာလ ၇ ရက်နေ့က ရန်ကုန်မြို့ရှိ လွှတ်တော်ရုံးတွင် ပြုလုပ်ကျင်း ပခဲ့သည့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ၊ ပြည်သူ့ရေးရာ စီမံခန့် ခွဲမှုကော်မတီ၊ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မတီတာဝန်ရှိသူတွေနဲ့ ရှေ့နေများ အသင်း(ရန်ကုန်)၊ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေများနှင့် တရားသူကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် လက်ရှိအချိန်တွင် လွှတ်တော်အနေဖြင့် အများပြည်သူများလိုလားလက်ခံနိုင်သည့် ဥပဒေများကို ရေးဆွဲပြဋ္ဌာန်း နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ပြီးခဲ့သည့် လွှတ်တော်သက်တမ်း နှစ်နှစ်ခွဲကာလအတွင်း ဥပဒေပေါင်း ၅၈ ခုကိုပြဋ္ဌာန်း ဆောင်ရွက်နိုင်ခဲ့သော်လည်း ယင်းဥပဒေများတွင် အားနည်းချက်များရှိနေသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးဦးမြင့်အောင်က "ဒီကနေ့ တရားဥပဒေ စိုးမိုးရေးအတွက် တရားစီရင်ရေးကဏ္ဍတစ်ခုတည်းသာ တာဝန်ရှိတာ မဟုတ်ကြောင်း ဥက္ကဋ္ဌကြီးကလည်း လမ်းညွှန် မိန့်ကြား သွားပါတယ်။ အားလုံးပူးပေါင်းဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ သို့သော်လည်းပဲ ဒီနေ့အ ချိန်မှာတော့ တရားရုံး တွေက အဂတိလိုက်စား၊ ခြစားပြီးတော့ မမှန်ကန်တဲ့ တရားစီရင်ရေးတွေ ဆောင်ရွက် နေတယ်။ လုပ်ထုံးလုပ်နည်းတွေ မညီညွတ်ဘူး စသည်ဖြင့် ကျွန်တော်တို့ ကျယ်ကျယ်လောင်လောင် လူထုကြားမှာ ပြောဆိုစွပ်စွဲမှုကို ကျွန်တော်တို့ တွေ့ရှိ ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ လေ့လာသုံးသပ်ရမယ်ဆိုရင် ကျွန်တော်တို့အမြင်ကို ပြောရမယ်ဆိုရင် ဒီကနေ့ ပြောနေကြတာက အကျင့်ပျက်တယ်ဆိုတဲ့ ကိစ္စဟာ ကျွန်တော်တို့ဌာန တစ်ခုတည်းမှာပဲ အမြစ်တွယ်နေတာ မဟုတ်ပါဘူး။ အားလုံးနေရာတကာမှာ အစိုးရ အဖွဲ့အစည်း မဟုတ်တဲ့ ပြင်ပစီးပွားရေး အဖွဲ့အစည်းတွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတဲ့ ကိစ္စလို့ ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်" ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ လက်ရှိတရားစီရင်ရေးစနစ်အားကောင်းရန်၊ တရားမျှတမှုရှိလာစေရန်နှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာ ကိစ္စရပ်များရှိလာနိုင်ရန်ဆိုသည်မှာ တရားစီရင်ရေးကဏ္ဍတစ်ခု၌သာ တာဝန်ရှိသည်မပာုတ်ဘဲ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေးကဏ္ဍများမှ ပူးပေါင်းဆောင်ရွက်မှသာ ဖြစ်လာနိုင်မည်ဖြစ်ကြောင်း ရှေ့နေများအသင်း (ရန်ကုန်)မှ အတွင်းရေးမှူးတစ်ဦးက ပြောကြားသည်။

လွှတ်တော်အနေဖြင့် တရားဥပဒေရေးဆွဲရာတွင် အများပြည်သူများလိုက်နာနိုင်သည်များကိုသာ ရေးဆွဲရန်လို အပ် သည့် အပြင် မလိုနာနိုင်သည်များကို ရေးဆွဲပါက မမျှတမှုများရှိလာနိုင်သကဲ့သို့ ပြဿနာများ၊ အငြင်းပွားမှုများနှင့် လည်း ရင်ဆိုင် ရနိုင်မည်ဖြစ်ကြောင်း သိရသည်။

Yangon chronicle

Viewing all articles
Browse latest Browse all 32865


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>