Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အများပိုင်စာကြည့်တိုက်နေရာ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တပ် – ပေးစာ

$
0
0
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကျေးရွာပိုင် အဆောက်အဦနှင့် မြေပေါ်တွင် ယင်းပါတီ၏ ကျေးရွာဆိုင်းဘုတ် တင်ထားကြောင်း၊ ကျေးရွာပိုင်မြေနှင့် အဆောက်အဦပေါ်တွင် ပါတီဆိုင်းဘုတ်တင်၍ မိသားစုနေထိုင်ခြင်းအား ဖယ်ရှားပေးရန်အတတွက် သက်ဆိုင်ရာသို့ တင်ပြထားသော်လည်း ယနေ့အချိန်အထိ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်းကို ဖျာပုံမြို့နယ် ကျူံကူကျေးရွာနေ ဒေါက်တာ ခင်မောင်ကျော်က ပြောသည်။

ယခုကဲ့သို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကျေးရွာလူထုပိုင် မြေနေရာနှင့် အဆောက်အဦများအပေးတွင် ၄င်းတို့၏ ပါတီဆိုင်းဘုတ် တင်ထားသည်ဟူသော စွပ်စွဲချက်ဖြင့် ဒေသခံ ကျေးရွာသားများက ကန့်ကွက်၍ ဖယ်ရှားရန် တောင်းဆိုမှုများမှာ ကျုံကူကျေးရွာနှင့် ချောင်းတွင်းကျေးရွာတို့တွင် ဖြစ်ပွားလျက် ရှိသည်။

ကျုံကူကျေးရွာတွင် ပြည်သူများ စုပေါင်းထည့်ဝင်ငွေဖြင့် ၀ယ်ယူဆောက်လုပ်ထားသော ကျေးရွာစာကြည့်တိုက်နှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော ကျေးရွာပိုင် အဆောက်အဦပေါ်တွင် ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူးက ပါတီဆိုင်းဘုတ်တင်ကာ ၄င်းတို့၏ မိသားစုပိုင်အဖြစ် နေထိုင်အသုံးပြုခြင်းအပေါ်တွင် ရပ်မိရပ်ဖများနှင့် ကျေးရွာသူ၊ ကျေးရွာသားများက ကန့်ကွက်ကြောင်း … ဒေါက်တာခင်မောင်ကျော်က ဆက်လက် ပြောသည်။

အဆိုပါ အဆောက်အဦနှင့် မြေနေရာမှာ ၁၉၆၆ ခုနှစ်က ကျေးရွာ သမ၀ါယမ အသင်းသားများ စုပေါင်း၍ ငွေကျပ် ၆၀၀ ဖြင့် မြေကွက်ဝယ်ယူကာ အသင်းသားများ ထည့်ဝင်ငွေဖြင့်ပင် သွပ်မိုး၊ သွပ်ကာ၊ တမံသလင်းခင်း၍ သမ၀ါယမဆိုင် ဆောက်လုပ်ခဲ့ကြောင်း၊ ၁၉၉၂-၉၃ ခုနှစ်တွင် သမ၀ါယမလုပ်ငန်းများ ရပ်ဆိုင်းသွားသောအခါ ကျေးရွာသမအသင်း ကြွေးကျန်များ ရှင်းလင်းရန် မြို့နယ် သမ၀ါယမဦးစီးဌာနက အသင်းဆိုင်အား ပြန်လည်ရောင်းချသဖြင့် ကျေးရွာ (ရ.၀.တ) ဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့် ရပ်မိရပ်ဖများ ညှိနှိုင်း၍ ငွေကျပ်တစ်သိန်းအား မြို့နယ် သမ၀ါယမဦးစီးဌာနသို့ ပေးချေပြီး ကျေးရွာပိုင် အဖြစ် ၀ယ်ယူထားခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းနောက်ပိုင်းတွင် ပညာရေးကဏ္ဍ အထောက်အကူပြုလုပ်ငန်းများ၊ မိခင်နှင့် ကလေး၊ အမျိုးသမီးရေးရာ စသော အဖွဲ့အစည်းတို့၏ လုပ်ငန်းများ အသုံးပြု ဆောင်ရွက်ခဲ့ပါသော်လည်း ၂၀၀၇ ခုနှစ်မှစ၍ ပြည်ခိုင်ဖြိုးအသင်း (ယခု ပြည်ခိုင်ဖြိုးပါတီ) ဆိုင်းဘုတ်တင်ပြီး ကျေးရွာစည်းရုံးရေးမှူး မိသားစုက နေထိုင်အသုံးပြုလျက် ရှိကြောင်းတို့ကို ကျေးရွာနေ ရပ်မိရပ်ဖများက ပြောသည်။

ယင်းကိစ္စအား ကျေးရွာပြည်သူများက ကျေးရွာအုပ်ချုပ်ရေးမှူးထံ တင်ပြတိုင်ကြားချိန်တွင် ရပ်မိရပ်ဖများနှင့် ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူးတို့ကို ကျေးရွာတာဝန်ရှိသူက ခေါ်ယူဆွေးနွေးရာတွင် ကျေးရွာစည်းရုံးရေးမှူးက ကျွန်တော်တို့ မိသားစု နေထိုင်သည်မှာ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ယခင်အတွင်းရေးမှူး (တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်) က အစောင့်အရှောက် သဘောမျိုး နေခိုင်း၍ နေထိုင်ရကြောင်း၊ မြို့နယ်ပါတီက ဖယ်ရှားပေးပါဟု ညွှန်ကြားချက် ရရှိမှသာ ဖယ်ရှားပေးမည်ဟု ပြောဆိုခဲ့ကြောင်းကိုလည်း အများပိုင် စာကြည့်တိုက် ပြန်လည်ရရှိရေး ဦးဆောင်လှုပ်ရှားသူများက ပြောသည်။

အလားတူပင် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ချောင်းတွင်းကျေးရွာတွင်လည်း ကျေးရွာပြည်သူများ၏ ထည့်ဝင်ငွေဖြင့် စာကြည့်တိုက်အဖြစ် အသုံးပြုန်ရန် ဆောက်လုပ်ထားသော မြေနေရာနှင့် အဆောက်အဦအား ကြံ့ခိုင်ရေးအလံ ယနေ့အထိ လွှင့်ထူထားပြီး ကြံ့ခိုင်ရေးရုံးဟု ကြွေးကြော်၍ နေသော ဖြစ်ရပ်အပေါ်တွင် ဒေသခံ ကျေးရွာသားများက ကျေးရွာစာကြည့်တိုက်အဖြစ် သတ်မှတ်ပေးပါရန် ၄င်းတို့၏ ဆန္ဒကို သက်ဆိုင်ရာ မြို့နယ်ရှိ ဌာနဆိုင်ရာများသို့ တင်ပြထားကြောင်း သိရသည်။

အဆိုပါ ကျေးရွာရှိ အဆောက်အဦမှာ ၁၉၉၅ ခုနှစ်တွင် (ရ.ယ.က) ရုံး ဆောက်လုပ်ရန် (၄၀X၆၀) ပေ မြေကွက်ကို ယင်းအချိန်က ရ.ယ.က ဥက္ကဋ္ဌ ဦးဆန်းဝင်းလက်ထက်တွင် ငွေကျပ် ခြောက်သိန်းဖြင့် ရောင်းချခဲ့ပြီး ကျေးရွာ စာကြည့်တိုက် ပြုလုပ်ရန် အဆောက်အဦတစ်ခု စတင် ဆောက်လုပ်ခဲ့ပါသည်။ ထိုမှတဖန် ရ.ယ.က ဥက္ကဋ္ဌအသစ် ဦးစိုးအောင် လက်ထက်တွင် အပြီးသတ် ဆောက်လုပ်ခဲ့ပါသည်။ ယခု အုပ်ချုပ်ရေးမှူး ဦးအောင်သူ တာဝန်ယူချိန်တွင် ဦးစိုးအောင်က ယင်းအဆောက်အဦအား ကျေးရွာသို့ လွှဲပြောင်းအပ်နှံခြင်း မပြုသည့်အပြင် သော့ပိတ်ကာ ၄င်းသော့ကို လက်ဝယ်ထားပြီး ကြံ့ခိုင်ရေးအလံ လွှင့်ထူ၍ ကြံ့ခိုင်ရေးရုံး (ပြည်ခိုင်ဖြိုးပါတီရုံး) အဖြစ် အသုံးပြုနေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ ကျေးရွာပိုင်၊ အများဆိုင် အဆောက်အဦကို နိုင်ငံရေးပါတီတစ်ခုအတွက် အသုံးပြုခြင်းသည် ကျေးရွာရှိ လူငယ်များ စာပေအသိပညာ ဗဟုသုတ လေ့လာနိုင်မှုကို အဟန့်အတား အနှောင့်အယှက် ဖြစ်စေပြီး ကျေးရွာပါတီ စည်းရုံးရေးမှူး၏ လုပ်ဆောင်ချက်မှာ ပါတီစွဲ၊ အတ္တစွဲဖြင့် အမှန်တတရားကို ဖုံးကွယ်ထားသည်ဟု ယူဆပါကြောင်းတို့ကိုလည်း ကျေးရွာသားများက ဝေဖန် ပြောဆိုလျက် ရှိသည်။

သို့ဖြစ်ပါ၍ ကျေးရွာပိုင်၊ အများပိုင်နေရာများကို တစ်ပါတီ၊ အဖွဲ့အစည်းတစ်ခုအတွက် အသုံးချနေခြင်းကို သက်ဆိုင်ရာ လူကြီးမင်းများ သိရှိနိုင်ရန် တင်ပြအပ်ပါသည်။

ဖျာပုံသားတစ်ဦး
မြန်မာသံတော်ဆင့်

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>