Quantcast
Viewing all articles
Browse latest Browse all 32865

ဒေါ်အောင်ဆန်းစုကြည်၏ ဝါဆောတက္ကသိုလ် မိန့်ခွန်း 12-9-2013 (ရုပ်/သံ)



(အောင်ဆန်းစုကြည်- 12-9-2013) ဝါဆောတက္ကသိုလ် မိန့်ခွန်း

ပြည်သူတွေမှာ ရွေးချယ်စရာမရှိရင် ဒီမိုကရေစီဆိုတာ အလကားပဲ။ လက်ရှိ အခြေခံဥပဒေဟာ ပြည်သူတွေအတွက် ရွေးချယ်စရာ သိပ်မရှိတဲ့အခြေအနေမျိုးကို တွန်းပို့ထားတယ်။

တော်တော်များများက ကျမတို့ကို ဒီမိုကရေစီရသွားပြီလို့ထင်နေကြတယ်။ မမှန်ပါဘူး။ အဝေးကြီး အဝေးကြီး လိုပါသေးတယ်။ အကောင်းမြင်လွန်းနေကြပုံပဲ။

အစိုးရအများစုက တိတ်တိတ်နေတတ်တဲ့ ပြည်သူတွေကို ပိုသဘောကျတတ်တယ်။

ကျမတို့သိထားတာတွေကပဲ ကောင်းမွန်မှန်ကန်တဲ့အရာတွေလို့ ထင်နေရင် ကမ္ဘာကြီးက သိပ်ကျဉ်းမြောင်းသွားမှာပေါ့။

မြန်မာနိုင်ငံက လက်ရှိအစိုးရကတောင် ပွင့်လင်းမြင်သာမှုဆိုတာ သူတို့ကို ဒုက္ခပေးမယ့် ယန္တယားကြီးဆိုပြီး ထင်နေတုန်းပဲလို့ ကျမထင်တယ်။

ဆယ်တန်းအောင်မှတ်နဲ့ တက္ကသိုလ်ဝင်ခွင့်ဆုံးဖြတ်နေတာကို ကျမသိပ်စိုးရိမ်မိတယ်။ အထူးသဖြင့် ဥပဒေဘာသာဌာနအတွက်ပေါ့။ ကျမတို့နိုင်ငံမှာ ရှေ့နေကောင်းတွေ၊ တရားသူကြီးကောင်းတွေ အထူးလိုအပ်နေပါတယ်။

လက်ရှိအခြေခံဥပဒေဟာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုတည်ဆောက်ဖို့ သိပ်အထောက်အကူမပြုပါဘူး။ ရိုးရိုးသားသားပြောရရင် အတားအဆီးတောင် ဖြစ်နေတယ်။ လက်ရှိအခြေခံဥပဒေကို ပြင်ဆင်ဖို့ ကျမတို့ စိတ်အားထက်သန်နေရတဲ့ များစွာသောအကြောင်းရင်းတွေထဲမှာ ဒီအချက်လဲ တစ်ခုအပါအဝင်ပေါ့။

(အောင်ဆန်းစုကြည်- 12-9-2013) ဝါဆောတက္ကသိုလ် မိန့်ခွန်း

Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>