Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မြန်မာနိုင်ငံအနေဖြင့်ရှေ့တွင်ဒီမိုကရေစီအတွက် ကြမ်းတမ်းသောလမ်းဟု ဒေါ်အောင်ဆန်းစုကြည်က Prague တွင်ပြော

$
0
0
(16, Sept 2013 ရက်စွဲပါ ceskenoviny.cz မှ Hard road to democracy till ahead of Burma – Suu Kyi in Prague ကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်း၏ အစ၌သာရှိသေးပြီးလမ်းမှာ ကြမ်းတမ်းခက်ခဲမည်ဖြစ်သော်လည်း ရှည်လျားလိမ့်မည်မဟုတ်ဟု မျှော်လင့်ရကြောင်း မြန်မာနိုင်ငံမှ အတိုက်အခံနိုင်ငံရေးသမား ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့အတွေးအခေါ်ပညာရှင်များနှင့် နိုင်ငံရေးသမားများ၏ ဖိုရမ် ၂၀၀၀ ကွန်ဖရင့်တွင် တက်ရောက်သူများအား ယနေ့ ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့က ကွန်ဖရင့်အဖွင့်တွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှ ဖွံ့ဖြိုးတိုးတက်မှု အလားအလာ များနှင့် ဆက်စပ်၍ အလွန်အကျွံအကောင်းမြင်နေမှုများကို သတိပေးခဲ့သည်။

၎င်းက လက်ရှိမြန်မာအစိုးရ၏ အဖွဲ့ဝင်အများစုသည် ယခင်စစ်အစိုးရလက်ထက်မှ ပုဂ္ဂိုလ်များဖြစ်ကြောင်း ဆိုပါသည်။ ၎င်းကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် များစွာလုပ်ဆောင်ရန် ကျန်ရှိနေသေးသည်မှာ ထင်ရှားကြောင်း ဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာတွင် လက်ရှိမြန်မာနိုင်ငံ၏ အခြေခံဥပဒေသည် ဒီမိုကရေစီ ဖွံ့ဖြိုးမှုအတွက် လုံလောက်သော အာမခံချက်ရှိပုံမရကြောင်း၊ အဘယ်ကြောင့်ဆိုသော် အာဏာအလွဲသုံးစားမှုများကို တားဆီးမှုပြုရန် မပါဝင်ဘဲ၊ ပြည်သူများအနေဖြင့်လည်း ၎င်းတို့နှစ်သက်သော အစိုးရကို ရွေးချယ်ပိုင်ခွင့်မရှိသောကြောင့် ဖြစ်သည်ဟု ဆိုပါသည်။

၎င်းကဆက်ကလက်ပြောကြားရာတွင် ဒီမိုကရက်တစ်အစိုးရဆိုသည်မှာ ပြည်သူများလုံခြုံသည်ဟု ခံစားရပြီး၊ အစိုးရအား ဝေဖန်ရန် သို့မဟုတ် ဆန့်ကျင်ရန် ကြောက်ရွံခြင်းမရှိစေခြင်း၊ ပြည်သူပြည်သားများကို ဂရုစိုက်ပြီး၊ ပြည်သူများဘဝများအပေါ် အလွန်တရာစွက်ဖက်မှုမရှိစေခြင်းနှင့် အချိန်ကျလာလျှင် အာဏာစွန့်ရန် ဝန်မလေးခြင်း များရှိသည့် အစိုးရဖြစ်ရမည်ဟု ဆိုပါသည်။

ယခုအချိန်အထိမူ မြန်မာအစိုးရသည် အဆိုပါအရည်အသွေးများမရှိသေးကြောင်း ၎င်းကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့အစောပိုင်းတွင် ချက်သမ္မတ Milos Zeman နှင့် နိုင်ငံခြားရေးဝန်ကြီး Jan Kohout တို့ဖြင့် တွေ့ဆုံခဲ့ပါသည်။

ယခင်ကျင်းပသော ဖိုရမ် ၂၀၀၀ ကွန်ဖရင့်များတွင် ဒေါ်အောင်ဆန်းစုကြည်အတွက် နေရာမှာ ပုံမှန်ကွက်လပ် ဖြစ်ခဲ့ရပါသည်။ အဆိုပါကွန်ဖရင့်ကို ယခင်ချက်သမ္မတ Voclav Havel က စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။

ယခုနှစ်ကျင်းပသော ဖိုရမ် ၂၀၀၀ သည် (၁၇)ကြိမ်မြောက် ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ ခုနှစ်တွင် Havel သည်ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် ၎င်း၏အမည်စာရင်းတင်သွင်းမှုကို ငြင်းပယ်ပြီး သူ့အား (ဒေါ်အောင်ဆန်းစုကြည်) ရစေခဲ့ကြောင်း တနင်္ဂနွေက ပြန်ပြောင်းပြောခဲ့သည်။

Yangon chronicle

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>