၂၅ နှစ်ပြည့် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံတွင် ကြည့်မြင်တိုင်မြို့ နယ်မှကျဆုံးသွားသော မောင်သန်းဌေး၊ မ၀င်းမော်ဦး၊ မောင်တင်ထွန်း၊တို့ အား ငွေရတုအထိမ်းအမှတ်အဖြစ် ကြည့်မြင်တိုင်မြို့ နယ်ကျောင်းသူကျောင်းသားဟောင်းများမှ စုပေါင်း၍ ဆွမ်းကျွေးပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။ကြည့်မြင်တိုင်မြို့ နယ်မှ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံတွင် ပါဝင်ခဲ့ပြီး ၁၉၊ ၉၊ ၁၉၈၈ ခုနှစ် စစ်တပ်မှအာဏာသိမ်းသည့်နေ့ မနက် ၁၀နာရီ ၃၅ မိနစ်အချိန်တွင် ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့် အမေရိကန်သံရုံးရှေ့ အနီး မီးပွိုင့်နေရာတွင် ဆန္ဒပြနေစဉ် စစ်တပ်မှပစ်ခတ်မူကြောင့် သေနတ်ထိမှန်ပြီး နေရာတွင်ပင်ကျဆုံးခဲ့ခြင်းဖြစ်သည်။
hotnewsweekly
Video..Kamayut media