စင်ကာပူဝန်ကြီးချုပ် လီရှန်လုံးနှင့်
စင်ကာပူ ထိပ်သီးညီလာခံ ကို ကနေ့မနက်မှာ တရားဝင် စတင် ဖွင့်လှစ်ပြီ ဖြစ်တဲ့ အတွက် ကမ္ဘာ့ စီးပွားရေး၊ နိုင်ငံရေး ခေါင်းဆောင် တွေ နဲ့ အတူ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လည်း တက်ရောက် မိန့်ခွန်း ပြောမှာပါ။
စင်ကာပူ ကုမ္ပဏီ တွေ ဟာ မြန်မာနိုင်ငံမှာ အရင်နှစ် စောစောပိုင်း တွေ ကတည်းက ရင်းနှီးမြှုပ်နှံမှု တွေ ပြုကြပေမယ့်၊ အခု မြန်မာနိုင်ငံ ပွင့်လင်းလာချိန် မှာ လျော့နည်း သွားတာနဲ့ပတ်သက် လို့ စင်ကာပူ အခြေစိုက် သုတေသန ပညာရှင် အဖွဲ့Singapore Institute of International Affairs မှ ဥက္ကဌ ပါမောက္ခ Simon Tay ကို အခုလို ဒေါ်အောင်ဆန်းစုကြည် စင်ကာပူ ထိပ်သီးညီလာခံ ကိုလာတက်တဲ့ အတွက် စင်ကာပူ က မြန်မာနိုင်ငံ မှာ ရင်းနှီးမှု တွေ ပိုမို လုပ်နိုင်မလား လို့မေး ရာမှာ စင်ကာပူ မှာ ဒေါ်အောင်ဆန်းစုကြည် ပထမ ဆုံး အကြိမ် လာရောက် မိန့်ခွန်း ပြောတဲ့ အတွက် အများရဲ့ အာရုံ စူးစိုက်မှု ခံရတဲ့ အကြောင်း ဘီဘီစီ ကို ပြောပါတယ်။
ဒါ့အပြင်၊ ဒေါ်အောင်ဆန်းစုကြည် ဘာပြော မလည်း ဆိုတာ ကိုလည်း ညီလာခံ တက်ရောက်ကြတဲ့ စီးပွားရေးသမား၊ နိုင်ငံရေး သမား တွေ အပြင် လူအများ စိတ်ဝင်စား နေတဲ့ အကြောင်း၊ မြန်မာနိုင်ငံ မှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပ မယ့် ကိစ္စ အပါအဝင်၊ အခြား အရေးတွေ မှာပါ စိမ်ခေါ်မှုတွေ အခက်အခဲ တွေ မရှိပါဘူး လို့ ပြောနေကြပေမယ့်၊ တကယ့် လက်တွေ့မှာ နိုင်ငံရေး နယ်ပယ်သာ မက၊ စီးပွားရေး ပေါ်လစီ တွေ မှာ ပါ တကယ်တန်း အပြောင်းအလဲ တွေ ရှိလာ ပါ့မလား ဆိုတာကို အသေအချာ ဆန်းစစ် ကြည့်ဖို့လိုပုံ၊ ပါမောက္ခ Simon Tay က ရှင်းပြပါတယ်။
ဘီဘီစီ