သူတို့ရေးတတ်သလိုရေးထားတဲ့ ဟုန်ရှင်းအလုပ်သမလေးတွေရဲ့ တောင်းဆိုချက်
ဟုန်ရှင်းအလုပ်သမားတို့သည် အလုပ်သမားအခွင့်အရေး များကိုနည်းမျိုးစုံဖြင့် ခေါင်းပုံဖြတ်ဖိနှိပ်ခံ ထား ရ
မှု ကြောင့်ငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြသည်၊ အာဏာပိုင်တို့ နှင့်သီးခံ ညိုနိုင်းခဲ့ကြသည်၊
ထူးခြားသည့်အဖြေတစုံတရာမရရှိသည့်အပြင် ပိုမိုဖိနှိပ်ခံလာရသောကြောင့် ယနေ့နေ့လည်(၂း၃၀)တွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌အင်အား(၁၅၀)ခန့်ဖြင့်အထိုင်သပိတ်စခန်းကို ဖွင့်လှစ်ခဲ့ကြသည်၊
အလုပ်သမားထုအခြေခံအခွင့်အရေးများကိုမဆုတ်တမ်းတောင်ဆိုမည်ဟုသပိတ်
စခန်းဖွင့်လှစ်ခြင်းနှင့်အတူထုတ်ဖော်ကြေငြာခဲ့သည်၊၊
အာဏာပိုင်များဖက်မှအလုပ်သမားခေါင်းဆောင်များနှင့်အလုပ်သမားရေးတက်ကြွလှုပ်ရှားသူများကို
သပိတ်စခန်းဖွင့်ဖွင့်ခြင်းမှာပါပင်ဖမ်းဆီးရန်ပြုလုပ်ခဲ့ကြသည်၊
ယနေ့ညနေတွင်လူစုခွဲမပေးပါကအကြမ်းဖက်ဖြိုခွဲမည်ဟုအာဏာပိုင်တို့ဖက်မှ
ညနေ(၄)နာရီ တွင်ပြောကြားထားသောကြောင့်ရန်ကုန်မြို့၏အမှောင်ထုအောက်တွင်မွဲတေဆင်းရဲနေပြီး
အခွင့်အရေးဆုံးရူံးနေသောအလုပ်သမားထုကြီးမှာရက်ရက်စက်စက်ဖြုခွဲအကြမ်းဖက်ခံရမည့်
အခြေအနေရောက်ရှိနေပါသည်၊
တရားမျှတမှုကိုလိုလားသောပြည်သူအပေါင်းမှအလုပ်သမားထုကြီး၏ငြိမ်းချမ်းစွာတောင်းဆိုနေသည့်လှုပ်ရှားမှုကြီးကိုစာနာနားလည်နိုင်ပါစေ၊၊
အလုပ်သမားထုသွေးစည်းကြ
၂၂-၉-၂၀၁၃
ရန်ကုန်ဟုန်ရှင်းအလုပ်သမားသပိတ်စခန်း(မြို့တော်ခန်းမရှေ့)
မြို့တော်ခန်းမရှေ့ဆန္ဒပြနေကြတဲ့ ဟုန်းရှင်း အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေက ...
(၁ ) စက်ရုံပိတ်ပြီး အလုပ်ရပ်စဲတာ ဘာကြောင့်လဲ သိချင်ပါတယ်။
(၂) အများဆန္ဒနဲ့အညီ သပိတ်စခန်းဖွင့်ပြီး မေးခြင်းဖြစ်ပါတယ်။
(၃) တာဝန်ရှိသူများ အမြန်ဆုံး ဖြေရှင်းပေးပါ။
(၄) အလုပ်သမားသမဂ္ဂ ဖြိုခွင်းမှုကို လက်မခံနိုင်ပါ။
(၅) လျှော်ကြေး မယူလိုပါ အလုပ်လုပ်လိုပါတယ်။
ရန်ကုန်မြို့ တော်ခန်းမရှေ့ တွင် ထိုင်သပိတ်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော သားသမီးအရွယ် ဟုန်ချင်း အအေးခန်း စက်ရုံ ကအလုပ်သမား ၁၂၀ ခန့် အား အကြမ်းဘက်နှိမ်နင်းခြင်း မပြုရန်မေတ္တာရပ်ခံပါသည်။
Photo..khinmgwin ap.Popular myanmar news journal