Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အံ့သြလွန်းလို့ သေတော့မယ်....!!

$
0
0
ရန်ကုန်တိုင်းအတွင်းရှိ ဆင်းရဲနွမ်းပါးသော မူလတန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကလေးသူငယ်များအား တိုင်းအစိုးရက ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရန်ပုံငွေတစ်ရပ်ထားရှိပြီး အာဟာရ တိုက်ကျွေးပေးရန် ဗဟန်းမြို့နယ်မှ တိုင်းအမတ် ဒေါက်တာညိုညိုသင်း၏ အဆိုကို တိုင်းလွှတ်တော်တွင် ဆွေးနွေးပြီးနောက် မဲခွဲဆုံးဖြတ်ခဲ့ရာ ထိုနေ့လွှတ်တော်တွင် တိုင်းအမတ် ၁၁၁ ဦး တက်ရောက်ပြီး အမတ်လေးဦးနှင့် ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင် အပါအ၀င် ငါးရာခိုင်နှုန်းခန့်ကသာ သဘောတူသည့်အတွက် ထိုအဆို အရေးနိမ့်သွားခဲ့သည်...။

မြန်မာနိုင်ငံတွင် ရောဂါအမျိးမျိုးကြောင့် သေဆုံးခဲ့သည့် ကလေးများအနက် ၁၀ဝ လျှင် ၄၀ ဦးသည် အာဟာရ ချို့တဲ့မှုကြောင့် သေဆုံးခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေသက်ခင်က ဇူလိုင်လထဲတွင် ပြောခဲ့သည်...။ မြန်မာကလေးသူငယ်များ အာဟာရချို့တဲ့နေမှုကို တိုက်ဖျက်မည်ဟု မြန်မာအစိုးရ ကိုယ်စား ကျန်းမာရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေသက်ခင်က ကုလသမဂ္ဂထံ ကတိပေးထားပြီး ကမ္ဘာ့အာဟာရမြှင့်တင်ခြင်း လှုပ်ရှားမှုတွင် မြန်မာပါဝင်မည် ဟုလည်း ဝန်ကြီးက ပြီးခဲ့သည့် မေလတွင် လက်မှတ်ရေးထိုးခဲ့သေးသည်....။

ပြီးခဲ့သည့်ရက်ပိုင်းက ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင် နှင့် ဗဟန်းမြို့နယ်မှ တိုင်းအမတ် ဒေါက်တာညိုညိုသင်း တို့ ကန့်ကွက်ခဲ့သော ကျပ်ငွေ သိန်းပေါင်းသုံးသောင်း(သန်းပေါင်း ၃၀၀၀) နီးပါး ကုန်ကျမည့် ရန်ကုန် အရှေ့ပိုင်း နှင့် အနောက်ပိုင်းခရိုင် တရားရုံးနှစ်ခု ဆောက်လုပ်ရန်ကိစ္စ နှင့် ငွေမလောက်သဖြင့် တိုင်းအစိုးရက တောင်းခံထားသည့် သန်းပေါင်း ၆ သောင်း နီးပါးကိုမူ လွှတ်တော်က အတည်ပြု ပေးခဲ့သည်...။
Ko Nay Myo

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>