Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လယ်တီဆရာတော်ဘုရားကြီး၏ သိမ်နှင့် စေတီကို ဖူးမျှော်ခွင့် မရသောကြောင့် လက်ပံတောင်းဒေသ ခံများ သပိတ်စခန်း ထပ်မံဖွင့်လှစ်

$
0
0
လက်ပံတောင်းတောင် လယ်တီ သိမ်တော်နှင့် စေတီအား သံဃာ တော် များနှင့် ဒေသခံများက သွား ရောက် ဖူးမျှော်ရန်နှင့် ကြည့်ရှုခွင့် ပေးရန် အတွက်တောင်း ဆိုခဲ့သော် လည်း ဖူးမျှော်ခွင့် မရသဖြင့် အောက် တိုဘာ ၃ ရက် ညနေ ၅ နာရီ အချိန် မှစတင်ပြီး ဆည်တည်းကျေးရွာ အနီးရှိ အင်းကြင်းတောင်ပေါ်တွင် သပိတ်စခန်း ဖွင့်လှစ်တောင်း ဆိုမှု များ ပြုလုပ် လျက်ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၃၀)ရက် လယ်တီ သိမ်တော်နှင့် စေတီစောင့်ရှောက်ရေး အဖွဲ့မှ သံဃာတော်များက စစ်ကိုင်း ကောင်းမှုတော် ဘုရားဝင်း အတွင်း တိုင်းသာသနာရေး ၀န်ကြီး ဦးတင်ဝင်းနှင့် ကတိက၀တ်ပြု လက်မှတ် ရေးထိုး ထားသည့် စာချုပ်အတိုင်း စီမံကိန်း အတွင်း သွားရောက် ဖူးမျှော် ခွင့်ရရန် အတွက်တောင်းဆို သည်ကို လုံထိန်း ရဲတပ်ဖွဲ့ဝင်များက တားဆီး ခဲ့သဖြင့် သပိတ်စခန်း ဖွင့်လှစ် တောင်း ဆိုခဲ့ ရခြင်းဖြစ်ကြောင်းကို သံဃာ တော်များ၏ မိန့်ကြားချက် အရ သိရ သည်။

"သပိတ်စခန်း ဖွင့်ဖို့ အစီအစဉ် မရှိဘူး။ လယ်တီသိမ်ကို သွားရောက် ဖူးမျှော် ခွင့်နဲ့ ကြည့်ရှုခွင့်ကို တောင်း ဆိုတာ လက်မခံတဲ့ အတွက်ကြောင့် သပိတ်စခန်းကို ဖွင့်လိုက်ရ တာပါ။ တကယ်လို့ သွားရောက် ဖူးမျှော် ခွင့် ပေးရင်တော့ သပိတ်စခန်းကို ပိတ်သိမ်းမယ်။ တောင်းဆို ချင်တာက သိမ်နဲ့ စေတီကို သွားရောက်ကြည့် ရှု ချင်ရုံ တစ်ခုတည်းပါ။ အခု တစ်ကြိမ် ဖွင့်တာက သံဃာတော် တွေက ဦးစီးပြီး ဖွင့်တာပါ။ ဒေသခံတွေက ၀ိုင်းရံပေးရုံပါပဲ" ဟု ဆရာတော် ဦးသု(ခ) ဦးဝိမလက မိန့်တော်မူသည်။

ယင်းသပိတ်စခန်း ဖွင့်လှစ်သည့် အင်ကြင်းတောင်သည် လက်ပံ တောင်းတောင် စီမံကိန်း လုပ်ကွက် နှင့် (၁) မိုင်ကျော် ကွာဝေးပြီး သပိတ် စခန်းတွင် ရှိသည့် ဒေသခံများနှင့် သံဃာတော်များကို အကြမ်းဖက်မှု မရှိစေရေး အတွက် ယခုလို ဝေး သည့်နေရာတွင် ဖွင့်လှစ်ခဲ့ ရကြောင်း ကို ယင်းဆရာတော်မှ ဆက်လက် မိန့်တော်မူသည်။

လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းအတွက် သပိတ်စခန်း ဖွင့်လှစ်မှုသည့် ယခု တစ်ကြိမ်တွင် သုံး ကြိမ်မြောက်ဖြစ်ပြီး လယ်တီသိမ် နှင့်စေတီကို ကာကွယ်စောင့်ရှောက် ခွင့်ရရှိရေးအတွက် သပိတ်စခန်း ဖွင့်ကာ တောင်းဆိုမှုများ ပြုလုပ် လျှက် ရှိကြောင်း သိရသည်။

မြန်မာပို့စိဂလိုဘယ်

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>