(Yomiuri Shimbun မှ 31 Oct 2013 ရက်စွဲပါ “Myanmar seeks Japan help for economic Zone” သတင်းကို ဘာသာ ပြန်ဆိုပါသည်)
မြန်မာနိုင်ငံသည် အထူးစီးပွားရေးဇုံတည်ဆောက်မည့် စီမံကိန်းအတွက် ဂျပန်နိုင်ငံ၏ အကူအညီကိုရယူရန် စီစဉ်ထားပြီး၊ စီမံကိန်းအတွက် လိုအပ်သော ရန်ပုံငွေနှင့် နည်းပညာများကိုကြိုတင်ပြင်ဆင်ရန်မြန်မာတစ်နိုင် ငံတည်း မဖြစ် နိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဦးဝင်းရှိန်က အင်္ဂါနေ့တွင် ပြောကြားသည်။
ထိုင်းနယ်စပ်ကနေအနီး တောင်ဖက်ကမ်းရိုးတန်းတွင် စတုရန်းကီလိုမီတာ ၂၀၀ ကျော် ကျယ်ဝန်းသည့် ထားဝယ် စက်မှုဇုံအတွက် အကြီးစားသင်္ဘောများဆိုက်ကပ်နိုင်မည့် ရေနက်ဆိပ်ကမ်းနှင် အမြန်လမ်းများ ဆောက်လုပ်ရန် မြန်မာနိုင်ငံ က စဉ်းစားလျက်ရှိပြီး အကယ်၍ အမှန်တကယ်ဖြစ်လာပါက အရှေ့တောင်အာရှ ၏ ကုန်စည်ဖြန့်ဖြူးရေးဗဟိုချက် ဖြစ်လာ နိုင်သည်ဟု မျှော်လင့်ရသည်။
တိုကျိုတွင် Yomiuri Shimbun နှင့် ပြုလုပ်သော အင်တာဗျူးတွင် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦး စနစ် ဖွံ့ဖြိုးရေးအစီအစဉ်နှင့် ပတ်သက်၍ ပြောကြားရာ၌ ဦးဝင်းရှိန်က “ရထားလမ်း၊ ကားလမ်းတွေ တည်ဆောက် တာဟာ ကျွန်တော်တို့လုပ်ရမယ့်ကိစ္စလို့ နိုင်ငံခြားကုမ္မဏီတွေက ထောက်ပြပါတယ်” ဟု ပြောဆိုသည်။
ရန်ကုန်မြို့တော်၏ အစွန်အဖျားတွင် ဂျပန်နှင့်မြန်မာတို့ ပူးပေါင်းအကောင်အထည်ဖော်နေသော သီလဝါ အထူး စီးပွားရေးဇုံကိုလည်း ၂၀၁၅ တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်ဟု သိရှိရသည်။
ဂျပန်နည်းပညာကို မိတ်ဆက်ပေးခြင်းအားဖြင့် မြန်မာလူထုရဲ့ စွမ်းရည်ကို မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်နေပါတယ်ဟု ပြောကြားသူ ဦးဝင်းရှိန်က အကယ်၍ စီးပွားရေးဇုံအောင်မြင်မှုကို နှစ်နိုင်ငံ စလုံးမြင်တွေ့လိုပါက မြန်မာနိုင်ငံတွင် ဂျပန်ကုမ္မဏီများ ပိုမိုရောက်ရှိလာဖို့ မရှိဖြစ်လိုအပ်သည် ဟုဆိုပါသည်။
မြန်မာဘဏ္ဍာရေးဝန်ကြီးဦးဝင်းရှိန် ဂျပန်သို့ လာရောက်လည်ပတ်ရန် ဂျပန်ပြည်ပ ကုန်သွယ်ရေးအဖွဲ့အစည်းက ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။
သတိထားဖို့လို
ဂျပန်နိုင်ငံအနေဖြင့် ထားဝယ်စီးပွားရေးဇုံကို အကူအညီပေးရမလားဆိုသည်ကို သတိထားကာ ဆုံးဖြတ်ရန် လိုအပ်ပြီး ယခုအဆင့်တွင် စဉ်းစားရမည့် ကိစ္စဖြစ်သည်ဟု အကဲခတ်လေ့လာသူများက ပြောကြားသည်။
စီမံကိန်း၏ ရည်မှန်းချက်ကြီးသော အစီအစဉ်မှာ အရှေ့တောင်အာရှတွင် အကြီးဆုံးဟု မျှော်လင့်ရသော စက်မှုဇုံနှင့် ဖြန့်ချီရေးဗဟိုချက်ကို တွဲဖက်ခြင်းဖြစ်သည်။ ၎င်းအစီအစဉ်အရ ရေနံဓါတုလုပ်ငန်းနှင့် အကြီးစား စက်မှုလုပ်ငန်းကဲ့သို့သော ထုတ်လုပ်မှုအခြေစိုက်နေရာများကို စုစည်းထားမည်ဖြစ်ပြီး စုစုပေါင်းအရှည် ၁၃၀ ကီလိုမီတာရှိသော အမြန်လမ်းများနှင့် သင်္ဘောကြီးများဝင်ဆံ့သောရေနက်ဆိပ်ကမ်းတို့ကို တည်ဆောက်သွား မည်ဖြစ်သည်။ ယင်းစက်မှုဇုန်မှ ထုတ်ကုန်များကို လူနေထူထပ်သော ထိုင်းနှင့် အင်ဒိုနီးရှားကဲ့သို့သော တိုင်းပြည်များသို့ တင်ပို့သွားရန် မြန်မာနိုင်ငံက မျှော်လင့်လျှက်ရှိသည်။
မြန်မာအစိုးရ၏ အဆိုပါဆောင်ရွက်ချက်နောက်ကွယ်တွင် ပြည်တွင်းနိုင်ငံရေး မတည်မငြိမ်ဖြစ်စေသော တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများ ရှိနေသည်။ အစိုးရက အဆိုပါအကြီးစားစီမံကိန်းများမှ တဆင့် အလုပ်အကိုင်ဖန်တီးပေးခြင်း၊ စီးပွားရေးမြှင့်တင်ပေးခြင်းအားဖြင့် တိုင်းရင်းသားများအကြား မကျေနပ်မှုများကို ဖြေလျှော့ပေးလိုသည်ဟု ကြားသိရသည်။
မြန်မာနိုင်ငံတွင် ထုတ်လုပ်ရေးကဏ္ဍ၏ ပျှမ်းမျှလစာမှာ အခြားအရှေ့တောင်အာရှနိုင်ငံများထက် နိမ့်ပြီး တရုတ် နိုင်ငံ၏ ခြောက်ပုံတစ်ပုံမျှသာရှိသည်။ ထားဝယ်စက်မှုဇုန်သည် ကုန်စည်များတင်ပို့ရန် လူဦးရေ တိုးပွား နေသော အရှေ့ တောင်အာရှနိုင်ငံများနှင့် နီးကပ်နေခြင်း၊ လုပ်အားခဈေးချိုခြင်း စသောပေးထားချက်များ ကြောင့် ဂျပန်ရင်းနှီးမြှုပ်နှံမှုများ ကို ဆွဲဆောင်နိုင်သော ပစ်မှတ်ဖြစ်နိုင်စရာရှိပါသည်။ အပြန်အလှန်အားဖြင့် ဂျပန်ရင်းနှီးမြှုပ်နှံမှုများကြောင့် အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည့်အပြင် နည်းပညာများကိုလည်း လွဲပြောင်း လက်ခံရရှိနိုင်မည်ဟု ဦးဝင်းရှိန်က ဆိုပါသည်။
သို့ရာတွင် စီမံကိန်းအတွက် ရန်ပုံငွေယန်း တစ်ထရီလီယံခန့် လိုအပ်နေဆဲဖြစ်သောကြောင့် ယခုအဆင့်တွင် ထိုအစီအစဉ်ကို ထည့်သွင်းစဉ်းစားရုံမျှသာ ရှိပေလိမ့်မည်။ စီမံကိန်းသည် စီးပွားရေးအရ အလားအလာ ကောင်းမကောင်း ကိုလည်း စောင့်ကြည့်ရဦးမည်ဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံသည် နည်းပညာမူပိုင်ခွင့် အကာအကွယ် ပေးရန် စည်းမျဉ်းများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များအတွက် ရှင်းလင်းသော လုပ်ထုံးလုပ်နည်းများကို ရေးဆွဲချမှတ်ရန် လိုအပ်နေသေးသည်။
“အခုဆိုရင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်မဲ့ အသေးစားနဲ့အလတ်စား နိုင်ငံခြားကုမ္ပဏီတွေအတွက် ပိုမိုခက်ခဲလာပါတယ် “ ဟု ဂျပန်စီးပွားရေးသတင်း ရပ်ကွက်က ဆိုပါသည်။
သို့ရာတွင် ထိုစိုးရိမ်မှုကို ဖြေလျှော့သည့်အနေဖြင့် ဝန်ကြီးဦးဝင်းရှိန်က မြန်မာနိုင်ငံသည် နိုင်ငံခြားကုမ္ပဏီများနှင့် တိုင်းပြည်အတွက် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်ရေးဆွဲမှု ပြုလုပ်နေသည်ဟု Yomiuri Shim bum နှင့်အင်တာဗျူးတွင် ပြောကြားသွားသည်။
လက်ရှိသမ္မတဦးသိန်းစိန်အစိုးရသည် တိုင်းပြည်နှင့်လူထု အကျိုးရှိစေမည့် ဆောင်ရွက်ချက်များကို အကောင် အထည်ဖော်ရန် ကြိုးစားနေသော်လည်း လွှတ်တော်တွင်းတွင်မူ ခရိုနီများအတွက် ကိုယ်ကျိုးစီးပွား ကာကွယ်မှုများကို ပြောင်ပြောင်တင်းတင်း ပြုလုပ်မှုများရှိနေသည်ဟု ရန်ကုန်မြို့မှ အကဲခတ် လေ့လာသူများက “မိုဘိုင်းဖုန်းအော်ပေ ရတာလိုင်စင်ကိစ္စ” ကိုဥပမာ ပေးကာ သုံးသပ်ပြောဆိုထားသည်။
Yangon chronicle