Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဂျာမနီနိုင်ငံတွင်လက်တုသွားရောက်တပ်ဆင်ခဲ့သူ ကိုဇင်မင်းဦး မြန်မာနိုင်ငံသို့ ပြန်ရောက်လာ

$
0
0
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ အကူအ ညီဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အင်းစိန်မြို့နယ်မှ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုဇင်မင်းဦးသည် ဂျာမနီနိုင်ငံတွင် လက်အတု သွားရောက် တပ်ဆင်ရာမှ နိုဝင်ဘာ ၁၀ ရက်တွင် မြန်မာနိုင်ငံ သို့ ပြန်လည်ရောက် ရှိပြီဖြစ်ကြောင်း သိရသည်။

ကိုဇင်မင်းဦးသည် လက်တု တပ်ဆင်ရန် အတွက် လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်း စုကြည်မှ ဂျာမနီနိုင်ငံသို့ အကူ အညီတောင်း ခံခဲ့ခြင်းဖြစ် ပြီး ဂျာမနီသံရုံး၏ အကူ အညီပေး မှုဖြင့် ဂျာမနီနိုင်ငံမှ ကုန်ကျစရိတ် အလုံး စုံကို တာဝန်ယူ ခဲ့ခြင်းဖြစ်သည်။

"အမေကို (ဒေါ်အောင်ဆန်းစု ကြည်) ကျွန်တော်ပြန်ရောက်ပြီ ဆိုတာ တစ်ဆင့်ခံ အကြောင်းကြား ထားတယ်။ ကျွန်တော့်လို ဟိုးအောက် ခြေက ပါတီဝင် တစ်ယောက်ကို အမေ အနေနဲ့ အခုလို ဂရုစိုက်ပေးမယ် ဆိုတာ မထင်ခဲ့ဘူး။ အမေ (ဒေါ်အောင်ဆန်းစုကြည်)နဲ့ တွေ့ ခွင့်ရပြီ ဆိုတာနဲ့ ကျွန်တော်ရဲ့ပျောက် ဆုံးသွားတဲ့ လူသား တစ်ယောက်ရဲ့ အခွင့်အရေး ပြန်ရပြီး လူကောင်း တစ် ယောက် လို ဖြစ်အောင် ပြန်လုပ်ပေး တဲ့ ခေါင်း ဆောင်ရဲ့ စေတနာ မေတ္တာတွေကို ကျွန်တော်နိုင်ငံရေး ဆက်လုပ်ရင်း တာဝန်ကျေ ရပါစေမယ်လို့ ပြောချင် တယ်"ဟု လက်နှစ်ဖက် အစားထိုး တပ်ဆင်ထားရသူ ကိုဇင်မင်းဦးက ပြောသည်။

လက်တု နှစ်ဖက် ကုန်ကျ စရိတ်နှင့် ပတ်သက်၍ ဂျာမနီနိုင်ငံမှ မည်မျှ ကုန်သည်ကို ပြောကြားခြင်း မရှိသော်လည်း လက်တု ကုမ္ပဏီတွင် အခြားသူ များ၏ ကုန်ကျ စရိတ်ကို ခန့်မှန်းပြီး တွက်ရမည် ဆိုပါက လက်တု တစ်ဖက်၏ ကုန်ကျ စရိတ်မှာ ယူရိုငွေ သုံးသောင်း အထက်တွင် ရှိနိုင်ကြောင်းနှင့် လက်တုတပ်ပေး သည့် ကုမ္ပဏီမှာ OTTOBORK ဖြစ်ကြောင်း ကိုဇင်မင်းဦးနှင့် အတူ ဂျာမနီနိုင်ငံသို့ လိုက်ပါ သွားသူ ကိုဝေဖြိုးဟန် ကပြောသည်။

ယခု တပ်ဆင်ထားသည့် လက် တုမှာ စာရေးနိုင်သည့် အထိရသည့် အမျိုးအစား မျိုးဖြစ်ကြောင်း၊ ယခု အခါ လက်မှတ်ထိုးနိုင် ရန်အတွက် လေ့ကျင့်နေကြောင်း၊ လက်တု ကုမ္ပဏီ၏ အဆိုအရ ကီလို ၁၀ အလေးချိန်ထိ သယ်နိုင်ကြောင်း လည်းသိရသည်။

ကိုဇင်မင်းဦးမှာ အင်းစိန်မြို့ နယ် ကမ်းနား အလယ်ရပ်ကွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အလုပ် အမှုဆောင် ဒုဥက္ကဋ္ဌဖြစ်ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလ အတွင်း ရပ်ကျေးပါတီ ဆိုင်းဘုတ်တင် အခမ်း အနားတွင် ဆိုင်းဘုတ် တင်နေ စဉ် ဓာတ်ကြိုးနှင့် ထိမိပြီး ဓာတ်လိုက် မှုဖြစ်ပွား ခဲ့သောကြောင့် လက်နှစ် ဖက်၊ ဘယ်ခြေ မှခြေသန်း တစ်ချောင်း တို့ ဖြတ်ပစ် ခဲ့ရခြင်းဖြစ်သည်။ လက် နှစ်ဖက် ဖြတ်ပစ် ခံရပြီးချိန် မှစ၍ အလုပ် မလုပ်နိုင်တော့ သည့်အတွက် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည်မှ လစဉ်ထောက် ပံ့ကြေးပေး ထားကြောင်းလည်း သိရသည်။

မြန်မာပို့စ်

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>