
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း ရွှေပေါက်ကံမြို့သစ်ကို ၁၉၉၀ ခုနှစ်မှစတင်၍ စစ်မှုထမ်းဟောင်းများကို ပြန်လည်နေရာချထားရေးအတွက် စတင်ဖော်ဆောင်ခဲ့ကြောင်း သိရသည်။ အဆိုပါသိမ်းဆည်းခဲ့သော လယ်ယာမြေများကို ပြန်လည်ရရှိရေးအတွက် လယ်ယာမြေနှင့် အခြားမြေများစုံစမ်းရေးကော်မတီသို့ မြေယာပြန်လည်ရရှိရေးအတွက် တင်ပြနေကြသည်။ လယ်ယာမြေများကို စီမံကိန်းဆိုပြီး သိမ်းယူခဲ့သော်လည်း ကုမ္ပဏီတစ်ခုမှ အကွက်များဖော်၍ ပြန်လည်ရောင်းချနေကြောင်း သိရသည်။ ယင်းသို့လယ်ယာမြေသိမ်းဆည်းခံထားရသော မူလလယ်ပိုင်ရှင်များ၏ ရင်တွင်းဖြစ်စကားများကို စုစည်းဖော်ပြ လိုက်ပါသည်။
ဦးဝင်းဌေး
ကျွန်တော်လယ်တွေကို ၁၉၉၁ ခုနှစ်တုန်းက အသိမ်းခံရတာဖြစ်တယ်။ အသိမ်းခံရတဲ့ထဲမှာ ၁၅ ဧကပါသွား တယ်။ အသိမ်းခံရတဲ့အချိန်မှာ တာဝန် ရှိသူတွေကိုသွားပြောတဲ့အခါကြတော့ လည်း ဒါတွေဟာ ဘိုးဘွားပိုင်မြေတွေ မဟုတ်ဘူး။ နိုင်ငံပိုင်မြေတွေဖြစ်တယ်။ နိုင်ငံတော်ကသိမ်းရင် ပြန်ပေးရမှာပဲလို့ ပြောခဲ့တယ်။ သိမ်းတဲ့လယ်မြေတွေမှာ မြို့ရွာစီမံကိန်းတွေဆောက်မယ်လို့ပြော ပါတယ်။ ကျွန်တော်တို့ကို (၄၀x၆၀) မြေ နေရာတော့ ပြန်ပေးခဲ့ပါတယ်။ တကယ် တမ်းကြရင် တစ်ဧကကို ၁၆ ကွက်ဖော် လို့ရတယ်။ ဒါကြောင့် အသိမ်းခံရတဲ့ အချိန်ကစပြီး နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် မတက်ခင်ထိ ပြန်လည်တင် ပြခွင့်မရခဲ့ဘူး။ သမ်္မတကြီးက ၆ နှစ်တာ စီမံကိန်းမပေါ်တဲ့မြေယာတွေကို မူလ လယ်သမားတွေကို ပြန်ပေးမယ်လို့ ကြား ရတဲ့အခါမှာ အခုလိုတင်ပြရခြင်းဖြစ် တယ်။ ကျွန်တော်တို့ဆီက သိမ်းသွားတဲ့ လယ်ယာမြေတွေအပေါ်မှာ ဒုညွှန်ကြား ရေးမှူးအထက်ပေးတယ်။ တကယ်လည်း အိုးမရှိ၊ အိမ်မရှိလို့လာနေတဲ့သူတွေ လည်းမဟုတ်ပါဘူး။ သူတို့ရတာတွေကို အိုးအိမ်မဆောက်တော့ မြေကြီးကွက် လပ်ကြီးတွေဖြစ်နေတယ်။ အိုးအိမ်မှာ တော့ အိမ်အကွက်တွေတော့ရှိတယ်။ လယ်သိမ်းခံရတဲ့ ကျွန်တော်တို့ကတော့ ဆုံးရှုံးသွားပြီးတော့ ဒီမြေကို ပိုင်ဆိုင်သွား တဲ့လူတွေက အဆင်ပြေနေကြတယ်။ ကျွန်တော်တို့က အလုပ်လက်မဲ့တွေဖြစ် သွားရပါတယ်။
ဦးစံဝင်းမြင့် (လယ်သမားခေါင်းဆောင်)
ကျွန်တော်တို့ရဲ့ လယ်မြေတွေကို ၁၉၉၇ မှာ ဇေကမ္ဘာကုမ္ပဏီက သိမ်းယူ သွားခဲ့တယ်။ ဒီလိုသိမ်းသွားတဲ့လယ်တွေ ပြန်ရဖို့အတွက် ၂၀၁၂ ကစပြီး ကြိုးပမ်း နေတာပါ။ ကျွန်တော်တို့လယ်မြေတွေကို သိမ်းတဲ့အခါမှာ ဗိုလ်ချုပ်ခင်ညွန့်အပါ အ၀င်တာဝန်ရှိသူတွေနဲ့ ဦးခင်ရွှေရုံးမှာ အစည်းအဝေးလုပ်ခဲ့ပါတယ်။ သိမ်းခံရတဲ့ လယ်တွေက ဧက ၃၀၀၀ ကျော်ရှိပါ တယ်။ ယနေ့အချိန်ထိ မြေတစ်ကွက်မှ မရခဲ့ပါဘူး။ စပြောတုန်းကတော့ ပေ (၄၀x၆၀) ပေးမယ်လို့ပြောခဲ့တယ်။ သိမ်း ယူတဲ့အခါတုန်းက အိုးအိမ်အမိန့်ဆိုပြီး သိမ်းယူခဲ့တာပါ။ တာဝန်ရှိသူတွေက လယ်ယာမြေတွေမှာ ကြက်ဆူပင်စိုက်ပျိုး ဖို့ ပြန်ချပေးခဲ့တယ်။ ဒီမြေတွေကိုလည်း ပြန်သိမ်းယူခဲ့တယ်။ ကျွန်တော်တို့ကို လည်း ပိုက်နက်ကျူးလွန်မှုနဲ့ တရားစွဲထား တယ်။ ဦးခင်ရွှေရောင်းစားပြီးတော့ကျန် တဲ့မြေဧက ၁၀၀၀ ကျော်ကျန်နေပါသေး တယ်။ သူ့ဆီက၀ယ်ထားတဲ့ သူဋ္ဌေးတွေ က လန/၃၉ ကျထားပေမဲ့ ကျွန်တော်တို့ ကို ခေါ်ပြီးညှိနှိုင်းခဲ့တယ်။ ဒီလိုညှိနှိုင်းတာ ကို ငွေတွေကောက်ခံပါတယ်လို့ပြော တယ်။ ဒီလိုပြောနေတာလည်း မဖြစ်သင့် ပါဘူး။ လယ်သမားတွေကိုPesi ဦးသိန်း ထွန်းဆိုရင် သူဝယ်ထားတဲ့ ၁၆ ဧက အတွက် သိန်း ၁၇၀၀ ကျော်ပေးတယ်။ ဦးသိန်း ထွန်းပေးတဲ့ပိုက်ဆံနဲ့ လှည်းကူးမှာ မြေ ၀ယ်ပြီးတော့ အသိမ်းခံထားရတဲ့ လယ် သမားတွေကို ပေ (၂၅x၅၀) ပေးခဲ့တယ်။ ဒီလိုဆောင်ရွက်တာကို သူ့ဆီက၀ယ်ထား တဲ့သူတွေဆီကနေ ပိုက်ဆံတောင်းပါ တယ်ဆိုပြီး လွှတ်တော်ထဲမှာစာတွေဖြန့် တယ်လို့ သိရပါတယ်။ ဒီလိုလုပ်တာ တော့မကောင်းဘူးလို့ထင်ပါတယ်။
ဦးဝင်းထိန်
ကျွန်တော်တို့သားအဖ ၂ ယောက် ဆီက ဧက ၁၀၀ ကျော်အသိမ်းခံရတာ ဖြစ်ပါတယ်။ ဦးခင်ရွှေဆီမှာက ဧက ၃၀ ကျော်၊ သင်္ချိုင်းမြေ ၄ ခုမှာ ဧက ၇၀ ကျော်ပါသွားပါတယ်။ အစိုးရက ရေ၊ လေ၊ မြေကို ပိုင်တယ်ဆိုပြီး သိမ်းတော့ ဘာမှမပြောရဲခဲ့ပါဘူး။ အခုဂေါက်ကွင်း ဘေးနားမှာ ကျွန်တော်လယ်မြေတွေ ဒီ အတိုင်းကွက်လပ်ရှိပါသေးတယ်။ ဒီလို သိမ်းတဲ့အတွက် (၂၀x၆၀) ပြန်ပေးခဲ့ တယ်။ သူကတော့အကွက်ရိုက်ပြီး ပြန် ရောင်းတာဖြစ်တယ်။ ဦးခင်ရွှေက အစ တုန်းက သမိုင်းလမ်းဆုံမှာ ကုန်စုံဆိုင်ဖွင့် ပြီး အသက်မွေးဝမ်းကျောင်းလုပ်ခဲ့ရတဲ့ သူက အခုတော့ ကမ်္ဘာသိသူဋ္ဌေးကြီးနေ တာ။ ဒါတွေက လယ်သမားမြေတွေ ကြောင့် ဖြစ်လာတာ။ ဟိုတုန်းက အဖမ်း ခံရမှာဆိုးလို့ မပြောတာ။ အခုဒီမိုကရေ စီဖြစ်လာလို့ ပြောရတာဖြစ်တယ်။ နိုင်ငံ တော်ကလည်း ပြန်ပေးမယ်လို့ပြောနေ တယ်။ သူ့ကလည်း ကြီးပွားချမ်းသာနေ တယ်။ ဒီလိုတင်ပြနေရတာလည်း ပြန်ရ ရင် ကျွန်တော်မိသားစုအတွက် မဟုတ် ဘူး။ ဘာသာရေးနဲ့ ဆင်းရဲနွမ်းပါးတဲ့ လူတွေနဲ့ အထောက်အကူအဖွဲ့တွေကို လှူဒါန်းသွားမှာဖြစ်တယ်။ အခုလည်း ကျွန်တော်လှူဒါန်းမှုတွေ လုပ်နေတယ်။ ဆက်လက်ပြီးတော့လည်း လှူဒါန်းချင်ပါ တယ်။
ဦးသောင်းလွင်
ကျွန်တော် လယ် ၄၆ ဧကကျော် အသိမ်းခံခဲ့ရတယ်။ လယ်သိမ်းခံ လယ် သမားတွေကို အိုးအိမ်က တစ်ကွက်နှုန်း ပဲ ပေးခဲ့တယ်။ အဲဒီအချိန်တုန်းက ဗိုလ် ချုပ်ကြီး ဦးသန်းရွှေက ၅ ဧက တစ်ကွက် နှုန်းပေးဖို့ ညွှန်ကြားခဲ့တယ်။ ဒီလိုပေး ခိုင်းတာကို အိုးအိမ်က အမည်ပေါက် တစ်ဦးကို ၁ ကွက်နှုန်းပဲပေးခဲ့တာဖြစ် တယ်။ ၉၄ ခုနှစ်မှာ ဦးခင်ညွန့်က မင်္ဂလာ ဒုံဥယျာဉ်မြို့တော် ဖော်ဆောင်မယ်ဆိုပြီး လယ်သမားတွေကိုခွေးမောင်း၊၀က်မောင်း သလို မောင်းထုတ်ခံခဲ့ရသေးတယ်။ အခု နိုင်ငံတော်သမ္မတကြီးတက်လာတဲ့အချိန် မှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတဲ့ အတွက် ကျွန်တော်တို့နစ်နာကြေးတွေ ရရှိဖို့အတွက် တင်ပြနေရတာဖြစ်တယ်။ ရွှေပေါက်ကံမြို့သစ်မှာကျန်နေတဲ့မြေကျန် တွေအများကြီးရှိနေပါသေးတယ်။ ဦးခင် ရွှေက လယ်သမားတွေကို တစ်ဧက ၁၀၀၀ ပေးခဲ့တယ်။ ဒီလိုဖြေရှင်းဖို့တာဝန် ကျတဲ့သူတွေက ဖြတ်စားလက်စားလုပ် တာခံခဲ့ရတယ်။ တာဝန်ရှိသူတွေက ဖြေ ရှင်းပေးခဲ့ပေမဲ့ အောက်ခြေဖြေရှင်းပေး တဲ့သူတွေက မှန်ကန်စွာ မဖြေရှင်းပေး သေးဘူး။ ယနေ့အထိ ဒီစနစ်ကြီးက မပြောင်းလဲသေးဘူး။
အသိမ်းခံလယ်သမားတစ်ဦး
သိမ်းတယ်ဆိုတာ ပွင့်ပွင့်လင်းလင်း မပြောခဲ့ဘူး။ ကျွန်တော်တို့က စပါးရိတ် နေတယ်။ ကျွန်တော်တို့လယ်တွေကို ဘူဒိုဇာနဲ့ထိုးပြီး သိမ်းသွားခဲ့တယ်။ အခု ထိ အကွက်တွေရှိနေပေမဲ့ လယ်တွေ လည်း မလုပ်ရဘူးဖြစ်နေတယ်။ အရင် တုန်းက စီမံကိန်းဆိုပြီး သိမ်းခဲ့တယ်လို့ ပဲသိတာ။ အခု လယ်ကိစ္စတွေကို လိုက် တဲ့အချိန်ကြတော့မှ ဦးခင်ရွှေသိမ်းတယ် လို့သိရတယ်။ လန/၃၉ မကျသေးဘူး။ နိုင်ငံတော်ကနေ ပြန်ပေးမယ်ဆိုတာကို အစိုးရလူကြီးမင်းတွေပြောနေတာကို ကြားသိရတဲ့အတွက် ရသင့်ရထိုက်တာ တွေကို ပြန်လိုချင်ပါတယ်။ အခုစီမံကိန်း က အနှစ် ၂၀ ရှိခဲ့ပေမဲ့ အဆောက်အအုံ နည်းနည်းလေးပဲ ရှိနေသေးတယ်။ ကျွန်တော်တို့ လယ်တွေကို သိမ်းလိုက် တဲ့အချိန်မှာ ရပ်ကွက်တစ်ခုမှာဖြစ်သလို နေခဲ့ရတယ်။ ဒီရွှေပေါက်ကံမှာ စက်ဘီး ကယ်ရီနင်းပြီး သားသမီးတွေကို ကျောင်း ထားခဲ့ရတယ်။ စားဝတ်နေရေးကိုလည်း ကြိုးစားရုန်းကန်ခဲ့ရတယ်။ ကျွန်တော်တို့ လယ်တွေကို လက်လွှတ်ဆုံးရှုံးခဲ့ပေမဲ့ ဒီ လယ်တွေကို ရရှိတဲ့ ဦးခင်ရွှေကတော့ ပြန်ရောင်းစားပြီး ချမ်းသာနေတယ်။ ဒီလို ချမ်းသာနေတာကိုလည်း အပြစ်မတင်ပါ ဘူး။ ကျွန်တော်တို့ နစ်နာကြေးတောင်း တာကို သူ့ဘက်ကပေးစေချင်တယ်။ ကျွန်တော်တို့ဘက်က ဘာပြဿနာမှ မဖြစ်ချင်ပါဘူး။ မြန်မာနိုင်ငံသားအချင်း ချင်း ရန်လည်းမဖြစ်ချင်ပါဘူး။ ပွင့်ပွင့် လင်းလင်းရိုးရိုးသားသား လုပ်စားချင် တယ်ဆိုတော့ မှန်မှန်ကန်ကန်ဖြစ်စေချင် တယ်။ အခုခြံစည်းရိုးတွေ ခတ်နေတယ်။ ဦးခင်ရွှေရဲ့ လုံခြုံရေးတွေက ကျွန်တော် တို့ကို ရိုက်မယ်၊ နှက်မယ်လုပ်နေတယ်။ ကျွန်တော်တို့ဘက်က ဘာမှမတုန့်ပြန်ဘဲ သက်ဆိုင်ရာကိုပဲ အကြောင်းကြားခဲ့ပါ တယ်။
ဦးမင်းဇော်(မြောက်ဥက္ကလာဖွဲ့ဖြိုးတိုးတက် ရေးအထောက်အကူကော်မတီအဖွဲ့ဝင်)
ကျွန်တော်တို့ရွှေပေါက်ကံမြို့သစ် ကို ၁၉၉၀ ကတည်းကစတင်ဖော်ဆောင် ခဲ့တယ်။ တပ်မတော်အစိုးရအငြိမ်းစား တွေပေးဖို့အတွက် သိမ်းခဲ့တယ်။ သူတို့ ကိုလည်း အစားထိုးမြေနေရာတွေ ပေးခဲ့ တယ်။ နိုင်ငံတော်က သိမ်းတယ်ဆိုတော့ လယ်သမားတွေက ဆုံးရှုံးနစ်နာမှုတွေခံ ခဲ့ရပေမဲ့ အေးအေးချမ်းချမ်းပဲ ပေးခဲ့ တယ်။ အခက်အခဲဖြစ်လာတာကတော့ အလုပ်အကိုင်အခွင့်မရှိဘဲ ပပျောက်သွား တဲ့အခါကြတော့ ပန်းရံ၊ လက်သမား၊ အလုပ်တွေကြုံရာကျဘမ်းလုပ်ပြီးဖြတ်သန်း ခဲ့ကြရတယ်။ နိုင်ငံတော်အစိုးရကလည်း ဖွဲ့စည်းပုံပေါ်ပေါက်လာတဲ့အချိန်မှာ ဖြေ လျှော့ဖို့ ဆောင်ရွက်ပေးနေတယ်။ လယ် သမားတွေရဲ့ နစ်နာမှုတွေကို စုံစမ်းရေး ကော်မတီတင်ခဲ့တယ်။ အဲဒီကတစ်ဆင့် ပြည်ထောင်စုလွှတ်တော်ကို ဆက်လက် တင်ပြသွားမယ်လို့ သိရပါတယ်။ ဆုံးရှုံး သွားတဲ့ လယ်ကျန်၊မြေကျန်တွေကို ပြန် လျှောက်နေတာဖြစ်တယ်။ ရခဲ့ရင်တော့ ကောင်းပါတယ်။ ဒီလယ်တွေကို သိမ်း တုန်းကတော့အိုးအိမ်ကသိမ်းပြီး စီမံကိန်း ကာလမှာ ကုမ်္ပဏီတစ်ခုဝင်လုပ်နေတယ် လို့သိရတယ်။ ကုမ္ပဏီအမည်ကိုတော့ မသိဘူး။ အခုလက်ကျန်မြေတွေမှာ ကျူး ကျော်တဲတွေက အခိုင်မာတည်ဆောက် နေတာတွေ တွေ့ရတယ်။ ကြက်ဆူပင် စိုက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ရောင်း စားတဲ့လူတွေ တွေ့နေရတယ်။
http://www.hotnewsweekly.com