Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

DKBA ၏ ဖိတ်ကြားမှုဖြင့် ဦးကျော်သူက ကရင်ပြည်နယ်တွင် လူထု အသိပညာပေးဟောပြောပွဲများ ပြုလုပ်မည်

$
0
0

ရန်ကုန် ၊ နိုဝင်ဘာ ၂၂ ။ ။ DKBA အဖွဲ့မှ ဗိုလ်နှုတ်ခမ်းမွေး၏ ဖိတ် ကြားမှုဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်)ဥက္ကဋ္ဌဦးကျော်သူ ကရင် ပြည်နယ် ရှိ မြို့နယ် များသို့သွား ရောက်ကာ လူထုအသိ ပညာပေး ဟောပြောပွဲများ ပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူ၏တစ်ပတ်ကြာ ကရင်ပြည်နယ်ခရီး စဉ်ကို နိုဝင်ဘာ ၂၃ရက်မှစတင် ကာ ထွက်ခွာမည်ဖြစ်ပြီး ခရီးစဉ် အတွင်း လူထုပညာပေးရေး ဟော ပြောပွဲ များ ပြုလုပ်သွား မည်ဖြစ် ကြောင်းနှင့် မကြာမီကလည်း ကချင်ပြည်နယ်ဒေသများသို့ သွား ရောက်ကာ လူထုအသိပညာပေး လုပ်ငန်းများ လုပ်ဆောင် ခဲ့ပြီး မြန်မာနိုင်ငံ အနှံ့ အသိပညာပေး ဟောပြောပွဲများ ဆက်လက်ပြု လုပ်သွားရန်ရှိကြောင်း ဥက္ကဋ္ဌ ဦးကျော်သူက ဆိုသည်။

''ခရီးစဉ်တွေကတော့ တောက်လျှောက်ရှိတယ်။ သူတို့က လာပါလို့ဖိတ်လို့ ကရင်ပြည်နယ် ဘက်ကိုသွားပြီး အသိပညာပေး ဟောပြောတာတွေ လုပ်သွားမှာ ပါ။ အရင်ကလိုတော့ ပွဲတွေလုပ်ရ မခက်တော့ပေ မယ့် စောင့်ကြည့် ခံရတာတွေကတော့ ရှိပါသေး တယ်''ဟု ပြောကြားသည်။

အယူသီးမှုများနှင့်ပတ်သက် သည့် အသိပညာပေးမှုများကို နာရေး ကူညီမှုအသင်း စတင်ဖွဲ့ စည်းခဲ့သည့် ၂၀၀၁ခုနှစ်မှ စတင် ကာ မန္တလေး၊ စစ်ကိုင်း၊ အမရပူရ၊ မြို့သစ် စသည့်မြို့ရွာပေါင်း ၅၀ တွင် ဟောပြောနိုင်ခဲ့ပြီး ၂၀၀ရ ခုနှစ်နောက်ပိုင်းတွင် ခွင့်ပြုမိန့် ပိတ်ပင်ခံထားခြင်းများရှိခဲ့ပြီး ယ ခုအချိန်တွင် ဦးကျော်သူ၏ မြို့ ကြီးများသို့သွားရောက်ကာ လူမှု ကူညီမှုလုပ်ငန်းများနှင့်အတူ လူ ထုကို အသိပညာပေးဟောပြော ပွဲများ၊ ပညာပေးလုပ်ငန်းများကို လုပ်ဆောင်နေပြီဖြစ်သည်။

ရဲလင်းထက်
Yangon media group


Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>