Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဦးကျော်သူနဲ့ ဒေါက်တာစင်သီယာမောင် တွေ့ဆုံ

$
0
0
နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဥက္ကဌ ဦးကျော်သူနဲ့အဖွဲ့ဟာ ဒီကနေ့မနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို ရောက်ရှိလာပြီး မယ်တော်ဆေးခန်းနဲ့ မနောဖြူစင် ရေလှူအသင်းအပါအ၀င် ပရဟိတလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေနဲ့တွေ့ဆုံပြီး လူမှုရေးလုပ်ငန်း အတွေ့အကြုံတွေ ဖလှယ်ခဲ့ကြပါတယ်။

ဦးကျော်သူနဲ့အဖွဲ့ဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်တော်ဆေးခန်းမှာ ဒေါက်တာစင်သီယာမောင်နဲ့ တစ်နာရီနီးပါးကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒေါက်တာစင်သီယာမောင်ရဲ့ ကျန်းမာရေး၊ ပညာရေး လုပ်ဆောင်နေမှုတွေကို လေ့လာခွင့်ရခဲ့တာနဲ့ ပတ်သက်လို့ ဦးကျော်သူက အခုလိုပြောပါတယ်။

“ဒါအစိုးရက လုပ်ရမယ့်ကိစ္စတွေ၊ ဒါကိုဒီမှာ ဆရာမစင်သီယာမောင်တို့ကနေပြီးတော့ တကယ့်ကို လူသားခြင်းစာနာစိတ်နဲ့ လုပ်ကိုင်ပေးတာ တွေ့တဲ့အတွက်ကြောင့် ကျနော် အများကြီးဝမ်းလည်းသာတယ်၊ ကျေးဇူးလည်းတင်တယ်၊ ကျနော်တို့ရဲ့ ပြည်တွင်းက လူမှုရေးလုပ်ငန်းတွေကို ကျနော်တို့လာပြောတာ၊ ဆရာမကလည်း ပြည်ပမှာလုပ်ရတဲ့ အလုပ်အခက်အခဲလေးတွေ ပြောကြတာ ဖလှယ်တာပဲရှိတယ်”

အစိုးရပိုင်းက လက်လှမ်းမမီတဲ့ဒေသတွေမှာ ရေရှည်ကူညီပေးနိုင်ဖို့အတွက် ပြည်တွင်းမှာရှိတဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေ အားလုံးအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လုပ်ကိုင်နိုင်အောင် ၀ိုင်းဝန်ပံ့ပိုးကြဖို့ လိုအပ်တယ်လို့ ဦးကျော်သူနဲ့တွေ့ဆုံအပြီး ဒေါက်တာစင်သီယာမောင်က ပြောပါတယ်။

“ဒီဘက်မှာလည်း ကျမတို့ တချို့သောနည်းပညာပိုင်းဆိုင်ရာတွေကို ဖလှယ်တာပေါ့၊ အထူးသဖြင့်တော့ ဒီမျက်စိခွဲစိတ်တဲ့ လုပ်ငန်းစဉ်တွေကိုလည်း ပြည်တွင်းထဲမှာ ကိုကျော်သူတို့ကစနိုင်ပြီဆိုတော့ ကျမတို့ ဒီမှာရှိတဲ့ဆရာဝန်တွေပေါ့နော်၊ သူတို့ နည်းပညာပိုင်းဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုတွေကိုလည်း ကျမတို့ ဆက်လက်ပြီးတော့ ပံ့ပိုးသွားမယ်၊ ၀ိုင်းတွဲပြီးတော့ လုပ်သွားကြမယ်ပေါ့”

ဦးကျော်သူနဲ့အဖွဲ့ဟာ မဲဆောက်မြို့လယ်က ကျောင်းကြီးကျောင်း ဘုန်တော်ကြီးကျောင်းမှာ မဲဆောက်မြို့ မနော်ဖြူစင် ရေလှူအသင်းသားတွေနဲ့လည်းတွေ့ဆုံပြီး ပရဟိတလုပ်ငန်း အတွေ့အကြုံတွေကို အကြံပြုခဲ့သလို မြ၀တီ စေတနာနာရေး လူမှုကူညီရေးအသင်းရဲ့ ၉ နှစ်မြောက်အထိမ်းအမှတ် စာပေဟောပြောပွဲမှာလည်း ဦးကျော်သူက သူဖြတ်သန်းခဲ့ရတဲ့ နာရေးကူညီမှု လုပ်ငန်းတွေအကြောင်းကို ဟောပြောခဲ့ပါတယ်။

Rfa

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>