Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

သခင်လှကြိုင်အား စင်ကာပူရောက်မြန်မာများ အလှူငွေ (၅၂၈၀၀၀၀)ကျပ်လှူဒါန်း

$
0
0
စက်ာပူနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသော သခင်သိန်းမောင်(သထုံ)၏မြေး ကိုလွင်ကိုကို (ဗမာ့သားကောင်း)ဦးဆောင် ကာ သခင်လှကြိုင်အတွက် စက်ာပူရောက်မြန်မာ များထံမှ ကောက်ခံရ၇ှိသည့် အလှူငွေ မြန်မာငွေကျပ်ငါးဆယ့်နှစ်သိန်း ရှစ်သောင်းကျပ်တိတိ ကိုသခင်သိန်းမောင်(သထုံ)၏မြေး ကိုယ်စား ရန်ကုန် သို့ခေတ္တ ပြန်လာသည့်သူများက သခင်လှကြိုင်နေထိုင်ရာ ပဲခူးမြို့သို့ ဒီနေ့သွားရောက် လှူဒါန်းခဲ့သည်။

လှူဒါန်းရခြင်း၊အလှူငွေကောက်ခံရခြင်းနှင့် ပက်သက်ပြီးသခင်သိန်းမောင်(သထုံ)၏မြေးကိုလွင်ကိုကိုက
" စက်ာပူစီးတီးဟောက သပြေနု မှာ စုဗူးချပြီးအလှူ ခံတယ်ခြေဥလက်မှတ်ကောက်ရင်းအလှူခံတယ်။စက်ာပူက မြန်မာတွေကစည်းရုံးတယ်။အစ်ကိုဦးဆောင်ပြီး တစ်ခြားသူတွေဝိုင်းအလှူခံပေးတယ်။တိုင်းပြည်အတွက် အနစ်နာခံ ခဲ့တဲ့သူကို ကျေးဇူး ပြန်ဆပ်ချင်တာ။အစိုးကကို အဘကိုတာဝန်ယူ စောင့်ရှောက်စေချင်တယ်လှူတဲ့ငွေတွေကို အဘ ကြိုက်တာလုပ်ပါစေ။တခြား လိုအပ်နေတဲ့ နေရာ တွေ အတွက်ဒို့ ဆက်လုပ်ဦးမှာ "ပာုပြောသည်။


သခင်သိန်းမောင်(သထုံ)၏မြေးကိုလွင်ကိုကိုက ပရပိာတစိတ်ဓာတ်ကို လူတိုင်းမွေးသင့်ကြောင်းကို"ပရပိာတစိတ်က လူတိုင်းမှာရှိသင့်တယ်။အဘက သခင်မို့လို့ဒို့တွေက လှူတာ မာုတ်ဘူး အသက်ကြီးပြီးဒုက္ခရောက်နေလိုက၀ိုင်းကူပေးတာ။ လူတိုင်း ကိုာ်နိုင်သလောက် ပရဟိတ အလုပ်လုပ်စေချင်တယ်။
ကိုယ့် ပတ်ဝန်းကျင်ကောင်းဖို့ ကိုယ့်မှာတာဝန်ရှိတယ်အစိုးရမလုပ် ရင် ဒါ အစိုးရရဲ့သမိုင်းပဲ။ကိုယ်လုပ်ရင် ဒါကိုယ့်သမိုင်းပဲ။"ပာု ပြောသည်။

သခင်လှကြိုင်တွင် ယခုအခါ ပြည်တွင်းပြည်ပမှ လာရောက်လှူဒါန်းသည့် အလှူငွေသိန်း(၈၀)ခန့် ရှိပြီဖြစ်ပြီး ၄င်းက ယင်းအလှူငွေများအား သူ၏စားဝတ်နေရေး အပြင် ဘိုးဘွားရိပ်သာဆောက်လုပ်ရန်လည်းစိတ်ကူးထားကြောင်းဆိုသည်။

သခင်လှကြိုင်အား facebook ကတစ်ဆင့်လူသိများအောင်ဆောင်ရွက်ပေးခဲ့သည့်ပဲခူးမြို့ခံကိုကြည်လင်းက အလှူရှင်များ၏ငွေဖြင့် သခင်လှကြိုင်အတွက် အိမ်ဆောက်လုပ်ပေးရန်စီစဉ်ထားသည်။ သခင်လှကြိုင်အား မွေးရေ ၀န်ကြီးက နေထိုင်ရန်အိမ်နှင့် တစ်လလျှင် ငွေကျပ်ခြောက်သောင်း ထောက်ပံ့မည် ဆိုသော်လည်း ယခုအချိန်ထိ ထောက်ပံ့ခြင်းမရှိသေးကြောင်းသိရသည်။

စောဖိုးခွား

Viewing all articles
Browse latest Browse all 32865


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>