Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ယဲ့ယဲ့ နှင့် နဲ့နဲ့ တို့၏ သေခြင်းတရား

$
0
0
ယဲ့ယဲ့ နှင့် နဲ့နဲ့ တို့၏ သေခြင်းတရား
၃.၁၂.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အမှတ် ၁၁/၅ လွှာ၊ (ဘီ) ကန်တော် ကလေးအနောက်ရပ်ကွက်၊ (၈၈) လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်နေ “သေနေ့အကြို” နှုတ်ဆက်သည့် ကာယကံရှင် အဖိုး - သပြေညို ဦးတင်ရွှေနှင့် အဖွား - ဒေါ်တင်ရီ တို့မှ ထပ်မံ၍ အလှူငွေလာရောက် လှူဒါန်းသွားခဲ့ပါသည်။ ၃.၁၁.၂ဝ၁၃ ရက်နေ့ “သေနေ့ကြိုနှုတ်ဆက်မိတ်ဆုံပွဲ”သို့ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်၊ အလုပ်အမှုဆောင် ဦးကျော်ကျော် မြင့်နှင့် အသင်းသူ/သားများ၊ ဝန်ထမ်းများမှ တက်ရောက်ခဲ့ကြပြီး ဥက္ကဌ ဦးကျော်သူမှာ ကချင်ပြည်နယ် မြစ်ကြီးနားသို့ အယူသီးမှုတိုက်ဖျက်ရေး ခရီးစဉ် လူမှုရေးဟောပြောပွဲသို့ သွားရောက်နေသည့်အတွက် မတက်ရောက်နိုင်ခဲ့ပါ။ အဖိုးနှင့် အဖွားမှ ဦးကျော်သူနှင့် လူချိန်းတွေ့၍ စကားများမှာချင်ကြောင်း၊ ဦးကျော် သူနှင့်တွေ့ဆုံမှ ပြည့်စုံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အဖိုး-သပြေညို ဦးတင်ရွှေမှ ဦးကျော် သူ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ပြန်လည်ရောက်ရှိချိန်အား မေးမြန်း၍ လာရောက်လှူဒါန်းရခြင်း အား ပြောကြားခဲ့သည်။ “ဦးကျော်သူနဲ့ ကျွန်တော်နဲ့က ရှေးဟောင်း (ရှေးရိုးစွဲ)အယူအဆ၊ အယူသီးမှုတွေ ကို မနှစ်သက်တာချင်းတူတယ်၊ ရင်ဘက်ချင်းတူတယ် ဒါ့ကြောင့် မောင်ကျော်သူကို လေးစားတယ်။ မောင် ကျော်သူနဲ့လည်း တွေ့ချင်တာလည်းပါတယ်။ ဒါ့ကြောင့်လည်း စောင့်ပြီးလှူဖြစ်တာပါ”ဟု ပြောကြားခဲ့ သည်။ ထို့နောက် အဖွား-ဒေါ်တင်ရီမှလည်း “ဦးကျော်သူတို့ လုပ်နေတဲ့အလုပ်က ကောင်းတဲ့အလုပ်ပါ။ မောင်ကျော်သူ ဝမ်းသာသွားအောင်လို့ လာခဲ့တာပါ။ နာရေးကူညီမှုအသင်း(ရန်ကုန်)လည်း ဒီထက်မက အောင်မြင်ပါစေ” ဟု ပြောကြားခဲ့ပါသည်။

တွေ့ချင်လွန်းအားကြီး၍ ၄င်းတို့ဇနီးမောင်နှံနှစ်ဦး ရောက်ရှိလာခဲ့ရခြင်းကို ဥက္ကဌ ဦးကျော်သူ သိရှိ အောင် ယခုကဲ့သို့ ပြောကြားသွားခဲ့ပါသည်။ “မောင်ကျော်သူရေ ဒီနေ့လာလှူတဲ့ နှစ်ယောက်က ယဲ့ယဲ့ နဲ့ နဲ့နဲ့ နှစ်ယောက် လာလှူတာပေါ့။ ယဲ့ယဲ့ နေမကောင်းရင် နဲ့နဲ့ကပြုစု၊ နဲ့နဲ့ နေမကောင်းရင် ယဲ့ယဲ့ကပြုစုပေါ့။ ယဲ့ယဲ့ နဲ့ နဲ့နဲ့ဆိုတာက စာရေးဆရာမ ဒေါ်ခင်နှင်းယုက စာရေးဆရာမ ဒေါ်အမာကို စာရေးတာမှာ အစ်မ ရေ ကျွန်မကတော့ ယဲ့ယဲ့ဘဲ ကျန်တော့တယ်။ ထိုမှ ဒေါ်အမာက ပြန်၍စာပို့ရာ ညီမလေး ယဲ့ယဲ့ရေ အစ်မ လည်း နဲ့နဲ့ ဘဲ ကျန်တော့တယ် ဆိုသလိုပေါ့။ ကျွန်တော်တို့ ဇနီးမောင်နှံလည်း ဒီလိုဘဲလေ။ အဖွားက သြဂုတ်လ၊ (၂၉) ရက်နေ့၊ ၂ဝ၁၃ ရက်နေ့က ခါးဒဏ်ရာရခဲ့တဲ့အတွက် သူ့ခါးက လုံးဝမကောင်းဘူး။ အဖိုး ကလည်း ဂုံညှင်းရိုး မရှိတော့ဘူး။ ဘုရားမရှိခိုးနိုင်ဘူး။ ကုလားထိုင်နဲ့ ထိုင်ပြီးရှိခိုးရတယ်။ အဖွား အဲ့လို ဖြစ်ပြီး နှစ်လ၊ သုံးလ အဖိုးဘဲ အိမ်မှုကိစ္စလုပ်နေရတယ်။ အဖိုးကလည်း အိုနာ၊ ကျိုးကန်း၊ အဖွားကလည်း အိုနာ၊ ကျိုးကန်းပေါ့” ဟု ဥက္ကဌ ဦးကျော်သူအား အားပါးတရပြောကြားခဲ့သည်။

ထို့နောက် ဦးကျော်သူမှ “အဖိုးတို့ အဖွားတို့လောက်တောင် ကျွန်တော်က နေရချင်မှ နေရမှာ” ဟု ပြောကြားလိုက်သည်နှင့် တစ်ပြိုင်နက်တည်း “သားမောင်ကျော်သူ မင်းမရှိလို့ မဖြစ်ဘူး သားလုပ်စရာတွေ အများကြီးရှိသေးတယ်။ အများပြည်သူအတွက် လုပ်ပေးဖို့ အများကြီးလုပ်ပေးဖို့ ကျန်သေးတယ်။ ပြည်သူ လူထုတွေက မောင်ကျော်သူကိုဘဲ တောင်းတနေကြတယ်” ဟူ၍ ပြောကြားခဲ့ပြီး “အဖိုးရဲ့ ကုတင်ခေါင်း ရင်းမှာ စာကပ်ထားတယ်။ မောင်ကျော်သူတို့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်ပေါ့။ အဖိုးဘဲ အရင်သွားရမလား။ အဖွားဘဲ အရင်သွားရမလား ဆိုတာမသိဘူး (၂) ယောက်စလုံး တစ်ပြိုင်နက် တည်း သွားဖို့ကတော့ မဖြစ်နိုင်ဘူးထင်တယ်။ အဖိုးတို့ အဖွားတို့မှာ ဆွေမျိုးသားချင်းတွေ လုံးဝမရှိဘူး။ ဒါကြောင့် ယဲ့ယဲ့ အရင်သေရင် နဲ့နဲ့က အကူအညီတောင်းလိမ့်မယ်၊ နဲ့နဲ့ အရင်သေရင် ယဲ့ယဲ့က အကူအညီ တောင်းလိမ့်မယ်” ဟုစကားများ ဝမ်းသာအားရ ပြောကြားခဲ့ပြီးသည့်နောက် ဦးကျော်သူမှ သူရေးသားထား သော “ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်” စာအုပ်အား လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် သေသူတို့အား ကောင်းမွန်စွာ သင်္ဂြိုဟ်မှုကိစ္စ အား ဆောင်ရွက်ပေးခဲ့ရသလို ရှင်သူတို့အတွက်လည်း အပူမီးများကို ငြိမ်းအေးပေးရမည်ဖြစ်လေရာ အဖိုး သပြေညို ဦးတင်ရွှေ မှာကြားချက်များအား လေးလေးစားစား လိုက်နာဆောင်ရွက် ပေးဆပ်ရတော့မည် ဖြစ်ကာ ယခုကဲ့သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိရာ မြောက်ဒဂုံနေရာဌာနသို့ အသက်အရွယ်ကြီးရင့်၊ ကျန်းမာရေးမကောင်းသော်ငြားလည်း တကူးတကလာရောက်၍ တွေ့ဆုံ၊ ရင်ဖွင့်၊ လှူဒါန်းအစုစုတို့အတွက် အသင်းသား/သူများ၊ ဝန်ထမ်းများအားလုံးတို့မှ “သာဓု .. သာဓု .. သာဓု” ဟူ၍ ခေါ်ဆိုလိုက်ရပါ တော့သည်။

“သေခြင်းတရားအကြောင်း ပြောဆိုတာလောက် မင်္ဂလာရှိတာ လောကမှာ မရှိတော့ဘူး”
“သေခြင်းတရား အကြောင်းတွေးတော တာဟာလည်း လောကမှာ ကျက်သရေအရှိဆုံး”
အရှင်ဆန္နာဓိက ဆရာတော် (ရွှေပါရမီတောရ)

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>