Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မြန်မာအကြောင်းသိကောင်းစရာ ငါးချက်

$
0
0
(Metro News မှ 9 Dec 2013 ရက်စွဲပါ “Five things to know about Burma” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် BBC ရုံးခွဲဖွင့်ခွင့်ပြုရန် ယခင်အပတ်က အထင်ကရ ဆုံးဖြတ်ချက်ချခဲ့ ပြီးနောက်တွင် အရှေ့တောင် အာရှ၏ တစ်ခါက တားမြစ်နယ်မြေ အကြောင်းကို လေ့လာဖို့ လိုလာသည်။

(၁) ပြာပုံထဲမှ ခေါင်းပြူလာ

မြန်မာနိုင်ငံသည် ကမ္ဘာ့အရက်စက်ဆုံး စစ်အစိုးရများ လက်အောက်သို့ ကျရောက်ခဲ့ပြီးနောက် နှစ်ပေါင်းငါးဆယ် အကြာ ၂၀၁၀ နိုဝင်ဘာလတွင် မီးရောင်အောက်သို့ ပုတ်ခတ် ပုတ်ခတ်ဖြင့် စတင်ပေါ်ထွက်လာသည့် ၁၆ နှစ်ကြာ နေအိမ် အကျယ်ချုပ်ထိန်းသိမ်းခံရသူ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အာဏာသိမ်း တပ်မတော်အစိုးရကို ဆန့်ကျင်သည့်အနေဖြင့် ၁၉၉၂ တွင် တိုးရစ်ဇင် ခရီးသွားလုပ်ငန်းကို သပိတ်မှောက်ခဲ့သည်။

ယခု နောက်ပိုင်း ယင်းသပိတ်မှောက်မှုကို ရုတ်သိမ်းပြီးချိန်တွင် မြန်မာနိုင်ငံသည် နိုင်ငံတကာ ခရီးသွား ဧည့်သည် များ အာရုံကျမှုကို တားဆီး၍မရသော နေရာဖြစ်လာသည်။ ထိုင်းနိုင်ငံကဲ့သို့ ဖြစ်မလာသေးသော်လည်း လွန်ခဲ့သော သုံးနှစ်က အာရှတိုက်၏ အရောက်အပေါက်အနည်းဆုံး တိုင်းပြည်အဖြစ်မှ အရှေ့တောင်အာရှ၏ နောက်ဆုံးပေါ်အဖြစ် မြန်မြန်ဆန်ဆန် ဝင်းမှည့်လာနေပြီး နယ်မြေသစ်ခရီးသွား ကဏ္ဍ၏ ခပ်ဖျော့ဖျော့ လင်းလက်စ အညွန့်အဖူးတစ်ခု ဖြစ်နေ သည်။

သို့သော် သိရှိထားရမည့် အချက်များ ရှိသည်။ ဦးစွာအနေဖြင့် ခရီးသွားလုပ်ငန်းသည် တာဝန် သိတက် ယူတက်ဖို့ လိုသည်။ သပိတ်ကို ရုတ်သိမ်းပေးရာတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်ခရီးစဉ်များသည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် လူမှုဘဝကို လေ့လာသည့် သဘောဖြစ်သင့်ကြောင်း ပြောကြားခဲ့ရာ၊ တပ်မတော်အစိုးရ၏ အိပ်ကပ်ထဲသို့ အကျိုးအမြတ်များ မတရားသဖြင့် လှိမ့်ဝင်နေချိန်မျိုးတွင် mass torism ကို ရှောင်ရှားလိုသည့်သဘောဟု သွယ်ဝိုက် ဘာသာပြန်နိုင်သည်။

နောက်တစ်ချက်မှာ အရာအားလုံး မလွတ်လပ်သေးခြင်းပင် ဖြစ်သည်။ မြန်မာနိုင်ငံ ကျေးလက်အစွန်အဖျား ဒေသများသည် တပ်မတော်နှင့် အစွန်းရောက် ဘာသာရေးအုပ်စု နှစ်မျိုးစလုံး၏ အကြမ်းဖက်စက်ကွင်း ဖြစ်နေသေးသည်။ ဒေသခံရခိုင်တို့နှင့် ကြောက်မက်ဖွယ် ပဋိပက္ခများဖြစ်ပွားနေသော အဖိနှိပ်ခံ ရိုဟင်ဂျာတို့၏ ငိုရှိုက်သံများ သဲ့သဲ့ ထွက်ပေါ်နေ သည့် ရခိုင်ဒေသနှင့် လက်နက်ကိုင်အုပ်စုများ၏ ခြိမ်းခြောက်မှုများရှိနေသော ကချင်ပြည်နယ် အပါအဝင် တရုတ်နယ်စပ် ဒေသများကို မသွားသင့်သောနေရာများဟု သတ်မှတ်ထားသည်။ တိုတိုပြောရလျှင် မျက်လုံးကိုဖွင့် နားကိုစွင့်၍ ခြေသံလုံလုံ ပြန်သွားပါ။ မြန်မာနိုင်ငံ၏ ဆန်းကျယ်သော လျှို့ဝှက် ကန့်လန့်ကာ ဖွင့်သွားမည်ကို သံသယမရှိပါနှင့်။

(၂) ပုဂံရှုခင်းကို စောင့်ကြည့်ပါ

မြန်မာနိုင်ငံ၏ စိတ်လှုပ်ရှားစရာ အကောင်းဆုံးပုံရိပ်မှာ မြူပါးပါးအုပ်နေသော တောင်ကြားနှင့် ခြုံထူထူများ အကြား တွင် ခပ်ဖျော့ဖျော့ အရောင်တောက်နေသည့် စေတီများ၊ ထုထည်ကြီး ဂူဘုရားများ ရောယှက်နေသော မြင်ကွင်းဟု ဆိုနိုင် သည်။ လိမ်မော်ရောင် ခြုံထည်လွှမ်း သံဃာတော်များ၊ တိတ်တဆိတ် လှုပ်ရှားနေသော ကျားများ၊ မီးခိုးရောင်ဆင်အုပ်များကို ပေါင်းထည့်လိုက်ပါက Letters From the East (1898) တွင် ရုဒ်ယဒ်ကစ်ပလင်က “အဲဒါက ခင်ဗျားသိသမျှ ဘယ်နေရာနဲ့မှ မတူတဲ့ မြန်မာပြည်ပဲ” ဟု ပြောဆိုထားခြင်းကို မြင်အောင်ကြည့်ဖို့ လွယ်ကူပါလိမ့်မည်။

မြန်မာနိုင်ငံသို့ သွားသည့်ခရီးစဉ်မှန်သမျှတွင် မြန်မာအင်တာဝပ် ဟုဆိုနိုင်သည့် ရှေးဟောင်းပုဂံမြို့သို့ သွားလည် မည့် အစီအစဉ်ပါဝင် ပါလိမ့်မည်။ နှင်းဆီရောင် ဘုရားပုထိုး ၂၀၀၀ ကျော် ဖြင့် ပြည့်နှက်နေသော ပုဂံလွင်ပြင်သည် ဗိသုကာ အံ့ဖွယ်တစ်ပါးဖြစ်ပြီး ညင်သာမှန်ကန်စွာ ဖမ်းဆုပ်နိုင်လျှင် အားလုံးသင့်အတွက် ဖြစ်သွားနိုင်ပါသည်။ ယခုအချိန်နှင့် ဖေဖဝါရီလအကြား ပွင့်လင်းရာသီတွင် အတန်ငယ်ပူပြင်း၍ ခြောက်သွေ့သောနေ့များ ခရီးသွားအချို့နှင့် အမှတ်တရ ပစ္စည်းရောင်းသူများကို တွေ့ကြုံရမည်ဟု မျှော်လင့်နိုင်သည်။

နောက်တစ်ခုမှာ ဘာသာရေး အဆောက်အဦးများသာ ရှိသောကြောင့် ငြီးငွေ့စရာကောင်းသည့် တိုင်အောင် ခံစားမှုများ အရည်ပျော်ကျသွား နိုင်လောက်သည့် ပုဂံအထက်မှ အာရုဏ်ဦး မီးပုံပျံစီးနင်းခြင်း အစီအစဉ်ပင် ဖြစ်သည်။

နောက်တစ်နေ့တွင် ဆက်လက်ဖော်ပြပါမည်။
Yangon chronicle

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...