(18 December 2013 ရက်စွဲပါ The Age မှ Suu Kyi in Myanmar election boycott threat ကိုဘာသာ ပြန်ဆို သည်။)
အကယ်၍ အခြေခံဥပဒေကို မိမိသမ္မတဖြစ်ရေးအတွက် ပြင်ဆင်ခြင်းမပြုပါက မိမိ၏ပါတီသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို သပိတ်မှောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သတိပေး ခဲ့သည်။
“အခြားတစ်ဖက်ကို အသာစီးပေးထားတဲ့ပြိုင်ဆိုင်မှုမျိုးမှာ တစ်ဖက်ကဝင်မပြိုင်သင့်ပါဘူး”ဟု ဒေါ်အောင်ဆန်း စုကြည် က၎င်း၏ facebook စာမျက်နှာတွင်ဖော်ပြသောမိန့်ခွန်းတွင် ဆိုပါသည်။ ထိုသို့ပြောလိုက်ခြင်းဖြင့် ရွေးကောက်ပွဲနှင့် ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးမှ ရုန်းထွပ်လာသော တိုင်းပြည်အတွက် စွန့်စားရမည့် ကိစ္စကို ဖော်ထုတ်ပြသလိုက် သည့်နှယ် ဖြစ်ပါသည်။
ကိုယ်ကျင့်သိက္ခာကောင်း ပိုင်ဆိုင်ထားသော နိုင်ငံရေးသမားများအနေဖြင့် ရွေးကောက်ပွဲတွင်မပါဝင်သင့်ကြောင်း ၎င်းကပြောပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီကို ဖော်ဆောင်နေသူတစ်ဦးဖြစ်ပြီး တိုင်းပြည်၏ နာမည်အကြီးဆုံး နိုင်ငံရေး သမားလည်းဖြစ်ပါသည်။ ၎င်းသည် ၁၉၉၉ ခုနှစ်က ကွန်လွန်သွားသော ဗြိတိသျှပညာရှင် Michael Aris ကို လက်ထပ်ခဲ့ခြင်းကြောင့် ၂၀၀၈ အခြေခံဥပဒေတွင် သမ္မတဖြစ်ရန် ပိတ်ပင်ထားခြင်းကို ခံရပါသည်။
စစ်တပ်လွှမ်းမိုးသော မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ဇူလိုင်ခက အဖွဲ့ဝင် (၁၀၉)ဦးပါဝင်သော အခြေခံဥပဒေပြန်လည် သုံးသပ်ရေး လွှတ်တော်ကော်မတီကို ဖွဲ့စည်းထားရာ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ (၇) ဦးသာ ပါဝင်သည်။
စစ်ခေါင်းဆောင်များကမူ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲတွင် သမ္မတဖြစ်ရေး အဆိုပြုချက်အပေါ် မည်သို့မျှ ညွှန်းဆိုခြင်း မရှိသေးပေ။ လာမည့်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအတွက် တိုးတက်မှု၏ အရေးပါသော စမ်းသပ်မှုတစ်ခု ဖြစ်ပေလိမ့်မည်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတလောင်းအဖြစ် လူကြိုက်များသည့်နည်းတူ NLD သည် ရွေးကောက်ပွဲတွင် အနိုင်ရ ရန် ရေပန်းစားမှုမှာ ထင်ထင်ရှားရှားရှိလှပါသည်။
ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်များကို သာယာဝတီမြို့ရှိ NLD စီစဉ်သော လူထုစုဝေးမှုတစ်ခုတွင် ပြောကြားခဲ့ ခြင်းဖြစ်ပါသည်။