ဒီဇင်ဘာလ ၁ ရက်နေ့က ရခိုင်ပြည်သံတွဲတပ်နယ် ငပလီခန်းမတွင်ပြုလုပ်သည့် ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်ေ တွ့ဆုံပွဲ၌ ကာချုပ်ဟောင်း ၈ဦးအနက် ၄ဦး ၏ ဓာတ်ပုံချိတ်ဆွဲမှုကို ချန်လှပ်၍ ချိတ်ဆွဲ ထားသော်လည်း သမိုင်းကို ဖျက်ဆီး၍မရနိုင်ပါဟု ဒီဇင်ဘာလ ၁၇ ရက်တွင် တော်လှန်ရေးကောင်စီခေတ် ကာချုပ်ဟောင်း သူရ ဦးတင်ဦး က မြန်မာသံတော် ဆင့်သို့ ပြောသည်။
ကာကွယ်ရေး ဦးစီးချုပ်ဖြစ်စဉ်က ဓာတ်ပုံအားလုံးမီးရှို့ ဖျက်ဆီးခံရသဖြင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ် ချုပ်ကြီးပုံနှင့် ပတ်သက်၍ မရှိတော့ပါ။ သမိုင်းဆိုသည်မှာ ဓာတ်ပုံရှိမှ မဟုတ်ဘဲ ထင်ကျန်တတ်သည်။ နောက်ကျန်ရှိခဲ့သည့် တပည့်များက ဆရာသမားအတွက် ဓာတ်ပုံများကို ရှာဖွေပြီးသိမ်းဆည်းထားခဲ့သည်။ သိမ်းဆည်းထားသော ဓာတ်ပုံသည် အရင် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်စတွင် လွှတ်တော်တင်ပြီး အတည်ပြု ချက်ယူစဉ် ကာကွယ်ရေးဦးစီးချုပ် အားလုံးနှင့် ပေါင်း၍ရိုက်ထားသည့် ပုံကိုအကြီးချဲ့၍ ပေးထားသော တစ်ပုံ သာရှိသည်ဟု ၎င်းကထပ်မံ ပြောသည်။
တပ်မတော် မော်ကွန်းတိုက်တွင် ကာချုပ်ဟောင်း ဓာတ်ပုံမချိတ် ဆွဲခြင်းကို ““ဒေါ်အောင်ဆန်းစု ကြည်က အဲဒါနဲ့ပတ်သက်တာကို တပ်မတော်မော်ကွန်းတိုက်မှာ ချိတ်ရမယ်ဆိုပြီးတော့ တောင်းဆိုထားတယ်။ ချိတ် မချိတ်တော့ မသိဘူး။ တပ်မတော်ဗိုလ်ချုပ်တွေ ဗိုလ်ချုပ်ကြီးတွေဖြစ်တော့ ကျွန်မရဲ့ဗိုလ်ချုပ်ကျတော့ ဘာလို့မပြတာလဲမေးတော့ ချိတ်ပါ့မယ်လို့ သူတို့ဘက်က ကတိပေးထားတယ်”” ဟု ၎င်းက ထပ်မံပြောကြားသည်။ …
ကာချုပ်ဟောင်း ဓာတ်ပုံများကို ရွေးချိတ်မှုသည် ကိုယ်ချိတ်ချင်သည့် သူချိတ်မည်ဟု အဓိပ္ပာယ် သက်ရောက်ပုံကို ၈၈ ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ကိုဂျင်မီက““ကာကွယ်ရေးဦးစီးချုပ် ဟောင်းတွေကို ချိတ်မယ်ဆိုရင် တော့ အကုန်လုံးပါဖို့လိုတာပေါ့။ ကာကွယ်ရေး ဦးစီးချုပ်ဟောင်းများ ဆိုပြီး တော့ ကိုယ်ရွေးချင်တဲ့သူ ကိုယ်ချိတ်ချင်တဲ့သူပဲ ချိတ်ရမယ်ဆို ရင်တော့လည်း အဓိပ္ပာယ်ကတစ်မျိုးပေါ့။ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်းတွေ ရဲ့ ဓာတ်ပုံချိတ်မယ်ဆိုရင်တော့ အကုန်လုံး ပါဖို့လိုတယ်။ ဦးတင်ဦးတို့ ဓာတ်ပုံတွေလည်း ပါဖို့လိုတာပေါ့။ ရွေးပြီး တော့မှ ချိတ်ချင်တဲ့ သူချိတ်တယ်ဆိုတဲ့ အဓိပ္ပာယ်လားမှ မသိတာ””ဟု ပြောသည်။
ယင်းကဲ့သို့ ချိတ်ဆွဲထားမှုများ မှာ လက်ရှိကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဒီဇင်ဘာလ ၁ ရက်နေ့ ရခိုင်ပြည်နယ်၊ သံတွဲတပ်နယ် ငပလီခန်းမတွင် ပြုလုပ်သည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံပွဲနှင့် ဒီဇင် ဘာလ ၁၅ ရက်နေ့ထုတ် သတင်းစာ ၌ဖော်ပြထားသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရန်ကုန်တိုင်း ကိုကိုးကျွန်းရှိ ပမ္မ၀တီရေတပ်စခန်း ဌာနချုပ်သို့ သွားရောက်ခဲ့သည့် သတင်းဖော်ပြချက်များ၌ စတိတ် စင်အောက်ခံတွင် ကာကွယ်ရေး ဦးစီးချုပ်ဟောင်းများ ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီး နေ၀င်း၊ ဗိုလ်ချုပ်မှူးကြီးစောမောင် နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေပုံတို့ ကို ချိတ်ဆွဲထားကြောင်း တွေ့ရ သည်။
မြန်မာ့ တပ်မတော်အတွင်း အစဉ်အဆက် တာဝန်ထမ်းဆောင်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ်များမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ် စမစ်ဒွန်း၊ ဗိုလ်ချုပ်နေ၀င်း၊ ဗိုလ်ချုပ် စန်းယု၊ ဗိုလ်ချုပ်ကြီးသူရတင်ဦး၊ ဗိုလ်ချုပ်ကြီးသူရ ကျော်ထင်၊ ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေတို့ဖြစ်ပြီး လက်ရှိ ကာကွယ်ရေးဦးစီးချုပ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြစ်သည်။၊၊
အေးမိုးကိုကို
မြန်မာသံတော်ဆင့်