Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မန္တလေးမောင်းကိန်းရွှေဆိုင်အား သေနတ်ဖြင့် ပစ်ခက်လုယက်သူအား ဖမ်းဆီးရမိ

$
0
0
မန္တလေးမြို့ လမ်း၈၀-၂၉လမ်းထောင့်ရှိ မောင်ကိန်းရွှေဆိုင်အား အမျိုးသားတစ်ဦးမှ သေနတ်ဖြင့် ပစ်ခက်ကာ လုယက်မှု ယနေ့ညနေ ၅နာရီ မိနစ် ၄၀ခန့်အချိန်တွင် ဖြစ်ပွားခဲ့သည်။

အင်ကျီလက်ရှည်၊ ဘောင်ဘီအရှည်နှင့် မျက်နှာအုပ်ထားသော အမျိုးသားတစ်ဦးမှ ဆိုင်ကယ်ဖြင့် ရွှေဆိုင်သို့လာရောက်ခဲ့ပြီး ဆိုင်အတွင်းသို့ ၀င်ရောက်တာ သေနတ်ဖြင့်ပစ်ခတ်၍ ရွှေဆိုင်အတွင်းရှိ ရွှေကလစ်မှန်ကောင်တာအားအသင့်ပါလာသော တူဖြင့် ရိုက်ခွဲကာ ရွှေထည်များအား အသင့်ပါ လာသော အိပ်ထဲသို့ ကောက်ထည့်ခဲ့ကြောင်း ထိုသို့ကောက်ထည့်စဉ် ပစ္စတိုသေနတ်ဖြင့် ဘေဘီသို့ ဦးတည်ချက် မရှိဘဲပစ်ခက်ခဲ့သဖြင့် ဆိုင်ဝန်ထမ်းများမှာ နီးစပ်ရာအခန်းနှင့် မြေပြင်သို့ ၀ပ်နေခဲ့ရကြောင်း ဆိုင်ဝန် ထမ်းများ၏ပြောပြချက်အရသိရသည်။

" လူတစ်ယောက်ဝင်လာလာခြင်းမပြောမဆိုသေနတ်နဲ့ပစ်တော့တာပဲ။ ပစ်တာလဲ ဘယ်ကိုပစ်မှန်းမသိ ဘူး။ ရမ်းပစ်နေတာ။ ရွှေထည်ပစ္စည်းတွေထည့်ရင်းပစ်တာ။ ကလစ်ကောင်တာတစ်ခုထဲက ကလစ်တွေကို သိမ်း ကျုံးထည့်တာ။ ညီမလည်း သေနတ်မှန်မှာကြောက်လို့ အောက်ကိုဝပ်နေရတယ်။ တစ်ခါမှမကြုံဘူးတော့ အရမ်းကြောက်တယ်"ဟု ဆိုင်ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။

ရွှေထည်ပစ္စည်းများကို ယူဆောင်ပြီး ပြန်အထွက်တွင်လည်း သေနက်ဖြင့် ပစ်ခတ်ခဲ့၍ အနီးဝန်းကျင်ရှိ အမျိုးသားတစ်ဦး၏ ယာဘက်ခြေသလုံးအားထိမှန်ခဲ့ကြောင်း ထိုသေနတ်သမားဆိုင်ကယ်ပေါ်သို့ ခွတက်စဉ် ရွှေဆိုင်မှ ယာဉ်မောင်းဝန်ထမ်း ကိုအာကာမှ ခြေထောက်ဖြင့်ပြေးကန်ကာ ၀င်ရောက်လုံးထွေးခဲ့ကြောင်း အနီးဝန်းကျင်ရှိသူများကပါ ၀ိုင်းဝန်းဖမ်းဆီးခဲ့သောကြောင့် တရားခံအား ချက်ခြင်းဖမ်းမိခဲ့ကြောင်း တရားခံအားဝင်ရောက်ဖမ်းဆီးခဲ့သူ ကိုအာကာနှင့် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတို့၏ပြောပြချက်များအရသိရသည်။

ရွှေဆိုင်အား ဒမြတိုက်ခဲ့သူ ကိုင်ဆောင်သည့် သေနတ်မှာ ခဲရောင်ပစ္စတိုအမျိုးအစားဖြစ်ပြီး ကျည်ခွံလေးခွံနှင့် ကျည်တောင့် ၅တောင့် သိမ်းဆည်းရမိထားကြောင်း မည်သည့် သေနက်အမျိုးအစားနှင့် ကျည်ဆန်အမျိုးအစားဖြစ်သည်ကို မသိရှိရသေးကြောင်း ကနဦးရဲစစ်ချက်များအရသိရသည်။

ဖမ်းဆီးရမိသူ တရားခံအား လုယက်မှု၊ လက်နက်ကိုင်ဆောင်မှု၊ နာကျင်အောင်လုပ်ကာ ပစ္စည်းလုယူမှုဖြင့် ကနဦး အမှုဖွင်ထားကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဦးစိန်ထွန်းက ပြောသည်။

ယခုအခါ တရားခံမှာ ၀ိုင်းဝန်းဖမ်းဆီးရာတွင် ရိုက်နှက်ဒဏ်များကြောင့် ဦးခေါင်းကွဲကာ ပွန်းပဲဒဏ်ရာ များရရှိထားသောကြောင့် မန္တလေးဆေးရုံကြီးသို့ ရဲလုံခြုံရေးများဖြင့် ပို့ဆောင်ကုသမှုခံယူနေပြီး ခြေသလုံးသေနတ်မှန်သူအမျိုးသားမှာလည်း အဆိုပါဆေးရုံကြီး၌ပင် ကုသမှုခံယူနေ၇ကြောင်း အမှတ်(၈)ရဲစခန်းမှ သတင်းရရှိ သည်။ (သတင်း/ဓါတ်ပုံ- ဖိုးလပြည့်)
Popular myanmar news journal
ယနေ.ညနေ၅နာရီခွဲက ဖြစ်ပွားခဲ.သောမန္တလေးရှိမောင်ကိန်းရွှေဆိုင်ဓားမြ တိုက်မှုတွင်ပါဝင်ကျူးလွန်ခဲ.သူသုံးဦးအနက်တစ်ဦးအားဖမ်းဆီးရမိပြီးဖြစ်သော်လည်းကျန်နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားသည့်အတွက် သက်ဆိုင်ရာမှအမြန်ဆုံးဖမ်းဆီးရမိရေးအတွက်မြို.အနှံပိတ်ဆို.ရှာဖွေလျှက်ရှိကြောင်း၊လက်ရှိဖမ်းဆီးရမိသူမှာဖမ်းဆီးစဉ်ကဒဏ်ရာများရရှိခဲ.သည့် အတွက်မန္တလေးဆေးရုံသို.ပို.ဆောင်ထားပြီးအမှုမှန်ပေါ်ပေါက်ရေးအတွက် ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်းမန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ.မှသ တင်းရရှိသည်။

photo..အာရှအလင်း သတင်းတင်ဆက်မှုအနုပညာဂျာနယ်


Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>