Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မောင်ကိန်းရွှေဆိုင်ကို ဓားပြ တိုက်သူမှာ ကြံ့ခိုင်ရေး ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်၏ တူဖြစ်ကြောင်း ဖြောင့်ချက်ပေး

$
0
0
ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေ ပိုင်း တွင်ဖြစ်ပွား ခဲ့သော မန္တလေးမြို့၊ မောင်ကိန်းရွှေ ဆိုင်သို့ သေ နတ်ဖြင့် ပစ်ခတ် ဓားပြတိုက် ခဲ့သူမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီဝင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးနှင့် တူတော် စပ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ ထားချက် အရ သိရသည်။

သေနတ်ဖြင့် ဓါးပြတိုက် လု ယက်သူသည် ရှမ်းပြည်နယ်မြောက် ပိုင်း၊ လောက်ကိုင်မြို့၊ ရှန်ပိုကျေးရွာ တွင် နေထိုင်သည့် အားရှန့် ဆို သူဖြစ်ပြီး လောက်ကိုင် မြို့တွင် နေ ထိုင်သည့် ကြံ့ခိုင်ရေး ပါတီဝင် ကိုး ကန့် အမျိုးသား လွှတ်တော် ကိုယ် စားလှယ် ဦးလျူကွယ်ရှိနှင့် တူတော် စပ်ကြောင်း၊ ၎င်းကိုင်ဆောင်လာ သော သေနတ်မှာ လောက်ကိုင်မြို့ရှိ ဦးလေးဖြစ် သူ နေထိုင်သည့် အိမ်ကို စောင့်ရှောက်သည့် ကိုးကန့်လူမျိုး လုံခြုံရေး အစောင့်ထံမှ ယူဆောင် လာခြင်းဖြစ် သည်ဟု ရဲစခန်းတွင် ထွက်ဆိုထားသည်။

ဦးအားရှန့်သည် ချမ်းမြသာ စည်မြို့နယ် မြို့သစ်(၁)ရပ်ကွက်၊ ၆၄ လမ်း၊ သိပ္ပံ လမ်းတောင် ဘက်တွင် နေထိုင်သူဖြစ်ပြီး မန္တလေးမြို့သို့ ရောက်ရှိ လာသည်မှာ တစ်ပတ်မျှ သာ ရှိသေးကြောင်း သိရသည်။ ဒီဇင်ဘာ ၂၄ ရက်က ဖြစ်ပွား ခဲ့သော မောင်ကိန်းရွှေဆိုင် ဓားပြ တိုက်မှုဖြစ်စဉ်တွင် ၎င်းသည် ရွှေဆိုင် အတွင်းသို့ဝင်ရောက်ပြီး သေနတ် ဖြင့် နှစ်ချက်ခန့် ပစ်ဖောက်ကာ ဆိုင် ကောင်တာမှန်အား ထုခွဲ၍ ရွှေထည် ပစ္စည်းများကို ပါလာသည့် သားရေ အိတ်အတွင်း ထည့်ယူခဲ့သည်။ ထို့ နောက်ဆိုင်ပြင်သို့ ပြန်လည် ထွက် ကာ ဆိုင်ကယ်ပေါ် သို့တက်စဉ် ဆိုင် ၀န်ထမ်းမှ ၀င်ရောက် ဖမ်းဆီးခဲ့ ကြောင်းနှင့် ထိုသို့ ၀င်ရောက်ဖမ်း ဆီးခံရစဉ် ၎င်းမှသေနတ်ဖြင့် ထပ် မံ ပစ်ခတ်မှုကြောင့် လမ်းပေါ်၌ သွားလာနေသော ဦးကံညွန့်၏ ယာ ဘက် ဒူးခေါင်း ထိမှန် ပေါက်ထွက်ခဲ့ ပြီး လူအများ၏ ၀ိုင်းဝန်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ် သည်ဟု မှတ်တမ်းများ တွင် ဖော်ပြထားသည်။

အခင်းဖြစ် ပွားရာမှ အီတလီ နိုင်ငံလုပ် PIETRO BERETTA အမျိုးအစား ပစ္စတိုခဲရောင် သေနတ် တစ်လက်၊ ကျည်ခွံ ၆ ခု၊ ကျည် ၇ တောင့်၊ နံပါတ် မပါလော့ဂျား -၁၁၀ အစိမ်းရောင် ဆိုင်ကယ် ၁စီး။ တူ၁ လက်၊ ရွှေကလစ် ၁၀ ခု၊ (၉) လက် မ ပတ်လည်ခန့်ရှိ အသားရောင်သား ရေလွယ်အိတ် ၁ လုံး ၊ အိုင်ဖုန်း အမျိုးအစား အဖြူရောင် ဟန်းဆက် ၁ လုံး၊ နစ်ဆန်း ကားသော့ ၁ချောင်း၊ မြန်မာငွေရော ရာ ၁၁၃၅၀ တို့ကို သိမ်းဆည်း ရမိခဲ့သည်ဟု ဆိုသည်။

ယခုအခါ မောင်ကိန်းရွှေဆိုင် မန်နေဂျာမှ တရားလိုပြု လုပ်ကာ တိုင်တန်းခဲ့ သဖြင့် မမစ(ချမ်းအေး သာစံ)(ပ) ၅၅၆/၂၀၁၃ ပြစ်မှုပုဒ်မ ၃၈၆/၃၀၇ အရ အမှုဖွင့် စစ်ဆေး လျှက်ရှိသည်ဟု တိုင်းဒေသကြီး ရုံးမှ သိရသည်။ လုယက်သူကို ဖမ်းဆီး စဉ်တွင် ရရှိသော ဒဏ်ရာများကြောင့် ဆက်လက်မေးမြန်းနိုင်ခြင်း မရှိဘဲ မမစ(ချမ်းအေးသာစံ) စခမနှင့် အဖွဲ့မှ အနီးကပ်စောင့်ကြပ်၍ အ သေးစိတ် ဆက်လက် စစ်ဆေး လျှက် ရှိသည်ဟု တိုင်းရဲတပ်ဖွဲ့ မှူးရုံး မှတ် တမ်းမှ သိရသည်။

ရှမ်းပြည်နယ် လောက်ကိုင် မြို့ နယ်သည် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ် ခွင့် ရဒေသစာရင်းတွင် ပါဝင်ကြောင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အ ခန်း ၂၊ အပိုဒ် ၅၆ တွင် ဖော်ပြ ထား သည်။

မြန်မာပို့စ်ဂလိုဘယ်

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>