နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့အတွက် နေ့စဉ်နှင့်အမျှ (၇) ရက်သားသမီး အလှူရှင်များ၏ သဒ္ဓါတရားထက်သန်စွာ လှူဒါန်းကြသည့် အလှူငွေများဖြင့် လူမှုရေးလုပ်ငန်းများကို “အများပြည်သူအတွက် အများပြည်သူကောင်းမှု” ဗြဟ္မစိုရ်တရား (၄) ပါးလက်ကိုင်ထား၍ ကူညီပေးဆပ် လုပ်ဆောင်ပေးနေလျှက်ရှိသည်။ ထိုကဲ့သို့ လုပ်ဆောင်လျှက်ရှိသော လူမှုရေးအသင်းကြီးသည် အလှူရှင် များ နေ့စဉ်နှင့်အမျှ လှူဒါန်းနေမှုတို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နေ့စဉ်နှင့်အမျှ ပြန်လည် ၍ ကူညီမှုများပြုနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် အလှူရှင်တို့၏ လှူဒါန်းမှုသည် အရေးအကြီးဆုံးဖြစ်သည်။
ထိုအလှူရှင်များစွာထဲမှ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင်၊ အဆိုတော် ဝိုင်းစုခိုင်သိန်း သည်လည်း နှစ်စဉ်ကဲ့သို့ တဖက်တလမ်းမှ ပါဝင်လှူဒါန်းသည့် အနုပညာရှင်တစ်ဦးဖြစ်သည်။ ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ မွေးနေ့အလှူအဖြစ် အလှူငွေကျပ် (၁ဝ) သိန်းကျပ် တိတိ အားလာရောက်၍ လှူဒါန်းခဲ့သည်။ ၂ဝ၁၃ ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့တွင် ဝိုင်းစုခိုင်သိန်း သည် မိခင်နှင့်အတူ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ အလှူငွေ (၁ဝ) သိန်းကျပ်တိတိအား လှူဒါန်းခဲ့ပြီး ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် မွေးနေ့အလှူအဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေ (၁ဝ) သိန်းကျပ်တိတိ နှင့် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ အလှူငွေ (၁ဝ) သိန်းကျပ်တိတိ၊ စုစုပေါင်း အလှူငွေ (၂ဝ) သိန်းကျပ် တိတိတို့အား မိသားစုနှင့်အတူ ထပ်မံလာရောက်၍ လှူဒါန်းမှုပြုခဲ့သည်။
မိမိ၏ အနုပညာလုပ်ငန်းများနှင့် မအားလပ်သည့်ကြားမှ အချိန်ယူ၍ မိမိ၏ ကျေးဇူးရှင် ပရိသတ် များအပေါ် ပြန်လည်၍ ကျေးဇူးဆပ်ခြင်းအဖြစ် မွေးနေ့အလှူဒါနပြုခြင်း ကျေးဇူးဆပ်ခြင်းတို့ဖြင့် အမွန်မြတ် ဆုံးပြုလုပ်ခဲ့သော ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင်၊ အဆိုတော် ဝိုင်းစုခိုင်သိန်း မှ အများပြည်သူတို့အတွက် ပြုသောကောင်းမှု .. အကြောင်းစုသော် .. သာယာအေးမြ .. ဘေးဘယကင်းလို့ .. အေးငြိမ်းချမ်းသာ တိုင်ပါစေသော် … ။
နာရေးကူညီမှုအသင်း (ရန်ကုန်)