မြန်မာ အစိုးရမှရပ်နားထားသည့် မြစ်ဆုံ စီမံကိန်းအား ဝမ်ပေါင်ကဲ့သို့စာ ချုပ်အသစ် ပြန်လည် ချုပ်ဆိုပြီး ဆောင်ရွက် ခွင့် ရရှိပါက ဆောင် ရွက်သွားရန်ဆန္ဒရှိကြောင်း CPI ကုမ္ပဏီ၏ ရှယ်ယာဝင်ကုမ္ပဏီ ကြီး ဖြစ်သော ACHC က ဒီဇင် ဘာ၂၆ရက် တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထုတ် ဖော်ပြောကြားခဲ့သည်။
ဧရာဝတီမြစ်၊ မြစ်ညာမြစ် ဝှမ်း ရေအားလျှပ်စစ်ကုမ္ပဏီ လီမိတက်(ACHC)မှ မန်နေ ဂျာချုပ် Mr.Li Guanghua က ''ကျွန်တော်တို့ကုမ္ပဏီက ရေ အားလျှပ်စစ်တစ်ခုတည်း လုပ် တာမဟုတ်ပါဘူး ။ ကျောက်မီး သွေး စက်ရုံတွေ လဲရှိပါ တယ်။ မြန်မာနိုင်ငံ ဟာ ဖွံ့ဖြိုးတိုးတက် လာဖို့ အများကြီး အားသာပါ တယ်။ ကျွန်တော်တို့အနေနဲ့လဲ ဒီဖွံ့ဖြိုးတိုးတက်မှုထဲမှာ ပါဝင် ချင်ပါတယ်''ဟု ပြောသည်။
ယင်းမြစ်ဆုံစီမံကိန်းအား ဆက်လက်လုပ်ကိုင်မှုကို ပြည် သူလူထုမှ ကန့်ကွက်မှုများရှိလာ ပါက မြန်မာနိုင်ငံအစိုးရမှ ချ မှတ်ထားသည့် ဥပဒေများအ တိုင်း ဆောင်ရွက်သွားမည်ဖြစ် ပြီး သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် မြစ်ဆုံ စီမံကိန်း အား ရပ်ဆိုင်းထားသော်လည်း နောက်အစိုးရလက်ထက်တွင် ပြုလုပ်မည်ဆိုပါက စာချုပ်သစ် များ ပြန်လည်ချုပ်ဆိုသွားမည် ဖြစ်ကြောင်း ယင်းကပြောသည်။ ゞင်းကုမ္ပဏီအနေဖြင့် မြစ်ဆုံစီမံကိန်းအား ဆက်လက် လုပ်ကိုင် နိုင်ရန် အတွက် နိုင်ငံ ရေးပါတီများသို့လည်း စည်းရုံး ရေးများလည်း ပြုလုပ်ခဲ့ကြောင်း ယင်းသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် NLD ပါတီမှ မိတ္ထီလာပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောသည်။ယင်းက ''သူတို့က ဒီစီမံ ကိန်းကို ဆက်လုပ်ဖို့အတွက် ကျွန်တော်တို့ ပါတီတင်မဟုတ် ဘူး။ တခြားပါတီတွေကိုလဲ စည်း ရုံးရေးတွေလုပ်တာတွေရှိတယ်။ သူတို့အနေနဲ့ ဒီစီမံကိန်းကို ဆက် လုပ်ချင်တယ်ဆိုရင်တော့ ပထမ တစ်ချက်အနေနဲ့ ဒီစီမံကိန်း လုပ် ဖို့ စာချုပ်ချုပ်ဆိုတဲ့နေရာမှာ ပွင့် လင်းမြင်သာဖို့လိုတယ်။ နောက် တစ်ချက် အဲဒီဒေသမှာရှိတဲ့ ပြည်သူတွေအနေနဲ့ ဒီစီမံကိန်း ကို လက်ခံလာတဲ့အထိချပြနိုင် ဖို့လိုတယ်''ဟုပြောသည်။မြစ်ဆုံစီမံကိန်းနှင့်ပတ် သက်သည့် သတင်းစာရှင်းလင်း ပွဲအား ACHC ကုမ္ပဏီအနေ ဖြင့် ဒီဇင်ဘာ၂၆ရက်တွင်ပြုလုပ် သည့်ပွဲသည် ပထမဆုံးအကြိမ် ဖြစ်ပြီး ယင်းစီမံကိန်းအား ဆက် လက်လုပ်ကိုင်နိုင်ရန်အတွက် ပြင် ဆင်ခြင်း ဖြစ်သည် ဟုလည်း တက် ရောက်လာသူများက မှတ်ချက် ပြုပြောဆိုသည်။
ယင်းပွဲသို့ တက်ရောက် လာသည့် ခင်မောင်ညို(ဘောဂ ဗေဒ)က ''အခုသတင်းစာရှင်း လင်းပွဲက ပထမဆုံးအကြိမ်လို့ ပြောလို့ရတယ်။ ဒါကိုကြည့် ခြင်းအားဖြင့် ပြည်သူ့အသံကို နားထောင်မှ ရမယ်ဆိုတာကို သဘောပေါက်တဲ့အနေနဲ့ အ ခုလို လုပ် တယ် လို့မြင်တယ်''ဟု ပြောသည်။ မြစ်ဆုံရေအားလျှပ်စစ်စီမံ ကိန်းအား ၂၀ဝ၉ခုနှစ်တွင် စက် တပ်ဆင်အင်အား မဂ္ဂါဝပ်၆၀ဝ၀ အား စတင်တည်ဆောက်ခဲ့ပြီး ပထမဓာတ်အား ပေးစက်တစ် လုံးကို ၂၀၁ရခုနှစ်တွင်စတင် လည်ပတ်နိုင် မည်ဖြစ် ကြောင်း ယင်းသတင်းစာရှင်းလင်းပွဲ၌ ထုတ်ပြန်ထားသည့်စာစောင် တွင်ရေးသားထားသည်။
အောင်သူ (ဒေးဒရဲ)
Yangon Media Group