ပြည်ခိုင်ဖြိုးပါတီ၏ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြင်ဆင်ရေး အချက် ၇၃ ချက်မှ နိုင်ငံတော် သမ္မတ အရည်အချင်း သတ်မှတ်ချက် ၅၉ (စ)ကို ပြင်ဆင်ရန် တင်ပြခြင်းသည် ဒီမိုကရေစီစံနှုန်း မပြည့် မီကြောင်း ဒေါ်အောင်ဆန်းစုကြည်က RFA သတင်းဌာန သို့ ပြောကြား ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးသည် နိုင်ငံခြားသား များ ဖြစ်နေ ပြီး ပြည်ခိုင်ဖြိုးပါတီမှ သမ္မတ အရည်အချင်း ပြင်ဆင် လိုရာတွင် မိမိ၏ ဇနီးသို့မဟုတ် ခင်ပွန်း သော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော်လည်းေ ကာင်း နိုင်ငံခြား သား မဖြစ်စေရကို လျှော့ချရန်ဟုသာ တင်ပြရန် သဘောတူညီ ခဲ့ကြသည်။ …
““တရားဥပဒေအရ ၂၁ နှစ် ကျော်ရင် ကိုယ်က ပိုင်ဆိုင်တော့တာမှ မဟုတ်ဘဲ။ သူတို့က လူကြီးဖြစ်ပြီ။ သူတို့ ဘ၀ကို သူတို့ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်။ ဥပဒေအရဆိုရင် ဘာမှ မတော်တော့ဘူးလို့ ပြောရမှာပဲ။ ဘာမှလည်း တာဝန် မရှိတော့ဘူး။ အဲတော့၂၁ နှစ် ကျော်နေတဲ့ သားသမီးတွေဟာ သူတို့ဘာသာ သူတို့ နိုင်ငံသား ခံယူခံယူ၊ ကိုယ်နဲ့ မဆိုင်သင့်ဘူး။ အဲလို ဆိုင်အောင် လုပ်ထားတာကို က ဒီမိုကရေစီစံနှုန်းနဲ့ မညီဘူး။ ဒါတမင်သက်သက် လုပ်ထားတာပေါ့နော်”” ဟု RFA သို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။
ဗြိတိန်နိုင်ငံသား မိုက်ကယ်အဲရစ်နှင့် လက်ထပ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ဦးမြင့်ဆန်းအောင်ခေါ် အလက်ဇန္ဒား အဲရစ်နှင့် ဦးထိန်လင်းခေါ် ကင်အဲရစ်တို့ကို မွေးဖွားထားပြီး နှစ်ဦးစလုံးမှာ မြန်မာနိုင်ငံသားများ အဖြစ်မှ ၁၉၈၉ ခုနှစ်တွင် ပယ်ဖျက်ခံရပြီးနောက်ပိုင်း ဗြိတိန်နိုင်ငံသားများသာ ဖြစ်လာခဲ့သည်ဟု ဆောင်းပါးရှင် ဗာတေးလင်တနာ၏ Myanmar Back on a roadmap to now-here တွင် ရေးသား ဖော်ပြထားသည်။
မြန်မာသံတော်ဆင့်