Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မော်တော်ယာဉ်အတိုက်ခံခဲ့ရသောမေတ္တာရှင်--ကျော်သူ

$
0
0

မနက်ဖန် မနက်ဧရာဝတီဖက်သို့ ဗြဟ္မစိုရ်ဟောပြောပွဲခရီးထွက်ရမည်ဆိုသောအတွေးနှင့်အတူ ပြည်ပမှခေတ္တလာလည်ကြသော သား၊သမီး၊မြေးများနှင့် မတွေ့ ရတာကြာပြီဖြစ်သော ဇနီးထံသို့  ညဖက် အချိန်အားဖြင့်၈း၀၀နာရီခန့် တွင်နာရေးကူညီမှုအသင်း(ရန်ကုန်)မှမော်တော်ယာဉ်ကိုယ်တိုင်မောင်းနှင်ကာနေအိမ်သို့ သွားရောက်ခဲ့သည်။သားဖြစ်သူက မနက်၁၁း၀၀နာရီလေယာဉ်ကွင်းဆင်းပြီးအမေရိကန်နိုင်ငံသို့ ပြန်တော့မည်။သမီးတို့ ဇနီးမောင်နှံနဲ့ မြေးတွေကမနက်၅း၀၀နာရီငွေဆောင်သွားကြမည်။ကျွန်တော်ကမနက်၉း၀၀နာရီ ဧရာဝတီတိုင်းဖက်သို့ သွားရမည်။နာရေးကူညီမှုအသင်းမှာလည်းတွံတေးဆရာတော်ကြီးတရားပွဲကျင်းပနေသည်..ဆိုသောအတွေးများနှင့်ရောက်ယက်ခတ်နေသည်။ဒီအတွေးများနဲ့ အတူ(၈)မိုင်မီးပွိုင့်သို့ ရောက်လာတော့သည်။

ကျွန်တော်ကကမ္ဘာအေးဘုရားလမ်းမှလာသောကြောင့်ကျွန်တော့်ရဲ့ နေအိမ်ရှိရာ(၇)မိုင်သို့ သွားရမည်ဖြစ်ရာမီးပွိုင့်တွင်ဘယ်ဖက်သို့ ကွေ့ ရန်နေရာယူလိုက်သည်။မီးစိမ်းနေသောကြောင့်ကျွန်တော်ထွက်ရန်ပြင်လိုက်သောအချိန်တွင်တစ်ပြိုင်နက်တည်းမီးနီသွားသောကြောင့်ကားအားရပ်လိုက်တော့သည်။သို့ သော်ကျွန်တော့်ရဲ့ မော်တော်ကားမှာ မီးပွိုင့်ရှိသတ်မှတ်မျဉ်းအားကျော်လွန်နေသောကြောင့် ကားအားနောက်ဖက်သို့ ဆုတ်ရန်နောက်ကြည့်မှန်မှ တချက်ကြည့်လိုက်သည်။ မှန်တွင်တဖက်မှလာသော ကားမီးများစူးကနဲထိုးခံလိုက်ရသည်။နောက်ကားရှင်းနေသောကြောင့်ကျွန်တော့်ရဲ့ ကားအားနောက်သို့ ဆုတ်လိုက်သောအခါ " ဒုံး" ကနဲအသံနှင့်အတူ ကားတစ်စီးလုံးတုန်ခါသွားတော့သည်။

ကျွန်တော်ဧ။်အသိတရားမှဖြတ်ခနဲပေါ်..ဆတ်ခနဲလုပ်ဟူသောစကားအတိုင်းကားပေါ်မှလျင်မြန်စွာဆင်းပြီးနောက်မှ ကျွန်တော်တိုက်မိသောမော်တော်ကားအားတောင်းပန်ပြီး ပျက်စီးသွားသမျှမော်တော်ယာဉ်အစိတ်အပိုင်းအားပြန်လည်ပြုပြင်ပေးပါမည်ဟုပြောဆိုရန်နောက်မှမော်တော်ကားရှိရာသို့ သွားခဲ့တော့သည်။တဖက်မှမော်တော်ကားမောင်းလာသူမှာအမျိုးသမီးတစ်ယောက်ဖြစ်ပြီးကားပေါ်မှလူတစ်ဦးလည်းလျင်မြန်စွာဆင်းလာသည်။

ကျွန်တော်မှနောက်ကားကိုမောင်းလာသူအမျိုးသမီးအား မီးပွိုင့်အလည်ခေါင်ကြီးတွင်ဖြစ်နေသောကြောင့်ကွေ့ ပြီးမှ ကားရပ်ပြီးစကားပြောပါမည်ဟုပြောစဉ် တဖက်မှဆင်းလာသူကလည်းအနီးသို့ ရောက်လာပြီဖြစ်တော့သည်။

ကဲ..မထူးတော့ပြီ၊ငါ့ကိုထိုးရင်လည်းခံဖို့ အသင့်၊ငါကိုကမှားတာကိုး၊ငါကိုကအတွေးများနေတာကိုး၊ငါကိုကအသိနဲ့ သတိလွတ်သွားတာကိုး၊ငါ့ကားကလည်းမြင့်နေတော့နောက်ကြည့်မှန်မှကြည့်တဲ့အခါကိုယ့်ကားထက်ဘော်ဒီနိမ့်နေသောကားကိုမမြင်လိုက်မိတာကိုး၊တဖက်ကားလမ်းဖက်ကလည်းကားမီးကြီးထိုးထားတာကိုး...ထိုးပလေ့စေ။ ငါကိုကမှားမိတာကိုး..လို့ တွေးလိုက်စဉ် တဖက်ကားကိုမောင်းနှင်လာသူက ကျွန်တော့်အားစူးစိုက်ကြည့်ကာ "ကိုကျော်သူလား..ကိုကျော်သူလား"ဟုမေးမြန်းရာကျွန်တော်မှလည်း "ဟုတ်ပါတယ်ခင်ဗျာ"ဟုပြန်လည်ဖြေလိုက်သောအခါ " ပြသနာမရှိဘူး..ကိစ္စမရှိဘူး၊OK " ဟုပြောကြားလိုက်သည့်အတွက်ကျွန်တော်မှလည်း"ကျေးဇူးတင်ပါတယ်ခင်ဗျာ"ဟုပြန်လည်ပြေကြားခဲ့တော့သည်။

ထိုအခါတစ်ဖက်မှဆင်းလာသောလူကြီးသည်လည်းပြုံးပြီးကားပေါ်သို့ ပြန်လည်တက်သွားတော့သည်။တော်သေးသည်။အမှုဇာတ်လမ်းရှည်မည့်ယာဉ်ထိမ်းရဲတစ်ယောက်မှမရှိသောကြောင့်ဟုတွေးမိကာကျွန်တော်သည်မီးစိမ်းသွားသောအခါမော်တော်ယာဉ်အားပြန်လည်မောင်းနှင်လာတော့သည်။ နောက်မှအတိုက်ခံရသောကားမှကျွန်တော့်ကားအားကျော်တက်သွားကာလက်များပင်ပြသွားတော့သည်။ အော်..ဘ၀..ဘ၀တစ်လျှောက်မထင်တာတွေ၊မမျှော်လင့်တာတွေအများကြီးပါလား။လူပီသတဲ့သူတွေ၊ကိုယ်ခြင်းစာနာတတ်တဲ့သူတွေအများကြီးရှိပါလား၊မေတ္တာတရားလွှမ်းခြုံထားတဲ့သူတွေလည်းရှိပါလားဟုတွေးမိတော့သည်။

အဘယ့်ကြောင့်ဆိုသော်..ယခင်တစ်ပါတ်ကနာရေးယာဉ်တစ်စီးအသုဘသွားသယ်ရာရေဝေးသုသန်သို့ အသွား ပါရမီဘတ်စ်ကားတစ်စီးမှ ခါးမှဖြတ်တိုက်ခြင်းကိုခံခဲ့ရသည်။ ယာဉ်မှုစစ်များရောက်လာကာထိုဘတ်စ်ကားကိုမောင်းလာသောယာဉ်မောင်းသည်အရက်သောက်ထားကြောင်းစစ်ချက်အရသိခဲ့ရသည်။နာရေးကူညီမှုမော်တော်ယာဉ်ပေါ်လိုက်ပါလုပ်အားပေးသောလူမှုရေးပရဟိတသမား(နာရေးကူညီမှုအသင်း-ရန်ကုန်မှအသင်းသူ)သည်လည်းမော်တော်ယာဉ်တိုက်မှုကြောင့်ဦးခေါင်းအနည်းငယ်ထိသွားသောကြောင့်ဆေးရုံသို့ ပို့ ခဲ့ရသည်။

ယင်းဖြစ်စဉ်တွင်တိုက်ခဲ့သောဘတ်စ်ကားပိုင်ရှင်ဖက်မှခါးဖြတ်အတိုက်ခံရသောကျွန်တော်တို့ မော်တော်ယာဉ်မောင်းသူအားပြန်လည်တရားစွဲမည်ဟုပင်အပြောခံခဲ့ရသည်။အော်..တရားဥပဒေဆိုတာဘာလဲ?၊ကြီးနိုင်ငယ်ညှင်းလား?၊ကျားကြောက်လို့ ရှင်ကြီးကိုး..ရှင်ကြီးကျားထက်ဆိုးနေတော့မှာလား..ဟူသောအတွေးများနဲ့ အတူကျွန်တော်ကြုံတွေ့ ခဲ့ရမှုဖြစ်စဉ်အားပြန်လည်တွေးတောမိသောအခါတစ်ဖက်မှကားသည်ကျွန်တော်ဧ။်ကားထက်များစွာမော်ဒယ်မြင့်သည်။ကျွန်တော်ဧ။်ကားထက်တန်ဖိုးမြောက်များစွာရှိသည်။ကားနံပါတ်ကိုလည်းကျွန်တော်ပူထူနေသောကြောင့်မမှတ်မိလိုက်ချေ၊ ကားအရောင်ကားအဖြူ၊ကားမောင်းလာသူ၊ကားပေါ်ပါလာသူတို့ အားလည်းသေချာစွာမမှတ်မိ.. ကျွန်တော်ဧ။်မျက်လုံးများေ၀၀ါးနေသည်။

ကျွန်တော်ဧ။်စိတ်တို့ သည်နေအိမ်သို့ ရောက်နေသည်။ယခု ကျွန်တော်ရေးသားသောဖြစ်ရပ်မှန်စာမျက်နှာအားကာယကံရှင်တို့ ဖတ်မိပါက ကျွန်တော်ပြင်ပတွင်ကျေးဇူးတင်စကားများပြောဆိုလိုပါသည်။တကယ်လို့ များယာဉ်မှုစစ်များရောက်လာပါကကျွန်တော်သည် နောက်နေ့ မနက်သွားရမည့်ကျွန်တော်ဧ။် ဗြဟ္မစိုရ်ခြေလှမ်းတို့ ရပ်ဆိုင်းသွားတော့မည်ဖြစ်သည်။ကျွန်တော်ဧ။်သားဖြစ်သူအိမ်ပြန်ခရီးသည်၎င်း၊ကျွန်တော်ဧ။်သမီးမိသားစုအပျော်ခရီးတို့ သည်၎င်းတုန့် ဆိုင်းကုန်တော့မည်ဖြစ်တော့သည်။ထို့ ကြောင့်လူသားချင်းစာနာထောက်ထားသော၊ကိုယ်ချင်းစာနာတတ်သော ယခုလိုမေတ္တာရှင်များမြောက်များစွာပေါ်ထွန်းလာပါကကျွန်တော်တို့ မြန်မာနိုင်ငံအနေဖြင့် ဓမ္မကအဓမ္မကိုအနိုင်ပိုင်းနိုင်မည့်အချိန်ကာလသို့ ရောက်ရှိလာတော့မည်ဖြစ်တော့သည်။

မည်သို့ ပင်ဖြစ်စေ.......ကျွန်တော့်အားသက်ညှာစွာဖြင့်၎င်း၊ကိုယ်ချင်းစာနာစိတ်ဖြင့်၎င်း၊ခွင့်လွှတ်နားလည်ပေးသောစိတ်ဖြင့်၎င်း၊အများပြည်သူတို့ အတွက်ပေးဆပ်မှုခရီးစဉ်ဖြစ်သောဗြဟ္မစိုရ်ခရီးစဉ်အားအနှောင်အဖွဲ့ လွတ်ကင်းစွာစိတ်ကြည်လင်စွာဖြင့် သွားခွင့်ပြုလိုက်သောေ မ်ာတော်ယာဉ်အတိုက်ခံခဲ့ရသော မေတ္တာရှင်မိသားစုအား ကျွန်တော်အထူးကျေးဇူးတင်ရှိကာ အများပြည်သူတို့ ကိုယ်စား သာဓု..သာဓု..သာဓု ဟုကုသိုလ်မျှဝေပေးလိုက်ရပါတော့သည်။

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>