မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို တားဆီးထားတဲ့ ပုဒ်မ ၅၉ (ဃ)နဲ့ (စ)ကို ပြင်ဆင်ပေးဖို့ လူ ၂ဝဝဟာ ရန်ကုန်မြို့မှာ ဇန်နဝါရီ ၃ရက်နေ့မှာတော့ ဆန္ဒပြခဲ့ကြပါတယ်။
Thousand Millions Strong for Daw Aung San Suu Kyi 2015 အဖွဲ့က ဦးဆောင်ပြီး မဟာဗန္ဓုလပန်းခြံကိုပတ်ပြီး လမ်းလျှောက်ဆန္ဒပြခဲ့တာဖြစ်ပြီး နိုင်ငံတော်သမ္မတဟာ စစ်ရေးအမြင်ရှိရမယ်ဆိုတဲ့အချက်ကို ကန့်ကွက်ခဲ့ကြပါတယ်။
၂ဝဝ၈ ဖွဲ့စည်းပုံထဲက ပုဒ်မ ၅၉ (ဃ)နဲ့(စ)ဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂိုလ်ရေးဆန်ဆန် တိုက်ခိုက်ထားတာဖြစ်ပြီး ဒီပုဒ်မတွေကို ဖယ်ရှားလိုက်ရင် ဒေါ်အောင်ဆန်းစုကြည် အရွေးမခံရတောင် အကျိုးမယုတ်ဘူးလို့ဆိုပါတယ်။
ဖွဲ့စည်းပုံထဲက ဒီပုဒ်မ ၂ခုကို ဖျက်သိမ်းဖယ်ရှားနိုင်ရင်တော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး မဖြစ်ရေး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအပေါ် အများကြီးမူတည်နေတယ်လို့ လမ်းမတော်မြို့နယ် လွှတ်တော်အမတ် ဦးခင်မောင်ဝင်းက ဆိုပါတယ်။
ုKamayut media