Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

Myanmar ဟု သုံးနှုန်းခြင်းသည် မူဝါဒပြောင်းလဲပြီဟု မဆိုလို

$
0
0
(Associated Press မှ 6 Jan 2014 ရက်စွဲပါ “US: Use of ‘Myanmar’ doesn’t mean policy change” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပေးပို့ခဲ့သော သဝဏ်လွှာတွင် Myanmar ဟု သုံးနှုန်း ထားခြင်းသည် အမေရိကန်ပြည်ထောင်စု၏ မူဝါဒပြောင်းလဲသွားပြီဟု မဆိုလိုကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောကြားသည်။

ယခင် တပ်မတော်အစိုးရက ၁၉၈၉ တွင် စွန့်ပစ်ခဲ့သော Burma ဟူသော အမည်ကို အမေရိကန် အစိုးရက တရားဝင်ဆက်လက် ရည်ညွှန်းသုံးစွဲနေဆဲဖြစ်သည်ဟု နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီဟတ်ဖ် က တနလာင်္နေ့တွင် ပြောကြားပါသည်။

ယခင် နိုင်ငံတကာ အသိုင်းအဝိုင်းက ရှောင်ဖယ်ထားခဲ့ကြသော မြန်မာနိုင်ငံတွင် စက်ဆုပ်ရွံ့ရှာဖွယ် တိုက်ရိုက် စစ်အုပ်ချုပ်ရေး အဆုံးသတ်သွားပြီးနောက် အမေရိကန်-မြန်မာ ဆက်ဆံရေး တိုးတက်နွေးထွေး လာနေခြင်းကြောင့် မည်သည့်အခေါ်အဝေါ်ကို သုံးစွဲမည်ဆိုသည့် ကိစ္စအပေါ် အမေရိကန် တာဝန်ရှိသူများ ဦးနှောက်စားလျက် ရှိသည်။

မနှစ်ကမူ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီကလင်တန်က မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာပေးပို့ရာတွင် ယခင်အတိုင်း Burma ဟု သုံးနှုန်းခဲ့သည်။

သို့ရာတွင် ယခုနှစ် လွတ်လပ်ရေးနေ့ သဝဏ်လွှာ ပေးပို့ရာတွင်မူ လက်ရှိနိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက Myanmar ဟု ပြောင်းလဲ သုံးစွဲလိုက်ပါသည်။

အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီဟတ်ဖ်က အမေရိကန်ပြည်ထောင်စု ၏ မူဝါဒသည် အပြောင်း အလဲ မရှိကြောင်း၊ သို့ရာတွင် အချို့သော ကိစ္စများတွင် သံတမန်ဆိုင်ရာ လောကဝတ်အရ အမေရိကန် အစိုးရတာဝန်ရှိ သူများက Myanmar ဟု ခေါ်ဝေါ်သုံးစွဲကြခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောဆိုသည်။

ရန်ကန်မြို့မှ အကဲခတ်လေ့လာသူများက မှတ်ချက်ပေးရာတွင် “အမှန်စင်စစ် Myanmar ဖြစ်စေ၊ Burma ဖြစ်စေ စကားလုံးအသုံးအနှုန်းမှာ အရေးမကြီးသော်လည်း တစ်ကမ္ဘာလုံးနှင့် မြန်မာလူထုကပါ မုန်းတီးရွံ့ရှာ စက်ဆုပ်ကြသော ယခင် တပ်မတော်အစိုးရ၏ လက်ဆော့တီထွင်မှု စကားလုံး ဖြစ်နေသောကြောင့်သာ ယခုကဲ့သို့ အကဲခတ်သော ကိစ္စတစ်ခုဖြစ် နေရခြင်း ဖြစ်ကြောင်း” သုံးသပ်ပြောကြားသည်။

Yangon chronicle

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>