ဒေါ်အောင်ဆန်းစုကြည်ချင်းပြည်နယ်ခရီးစဉ်အတွက် ဟားခါးမှာ ပြည်ထောင်စုရိပ်သာမှာ အခန်း ၁၅ ခန်း ကြိုတင်ဘွတ်ခ်လုပ်ထားခဲ့တယ် လို့သိရပါတယ် ။ ဟားခါးကို ရောက်တဲ့ အချိန်မှာ ၆ ခန်းပဲ ရမယ်လို့ အကြောင်းပြန်ခဲ့ပါတယ် ။ အဲဒီပြည်ထောင်စုရိပ်သာမှာ အခန်း ၃၄ ခန်းရှိပြီး အခန်း နှစ်ခန်းမှာ နိုင်ငံခြား သားများတည်းခိုနေတယ်လို့ သိရပါတယ် ။ အခန်းတွေရှိရက်သားနဲ့ ဘာကြောင့် ဘွတ်ခ်လုပ်ထားတဲ့ ကျန်အခန်းတွေကို မပေးနိုင်ဖူးလို့ ပြောတာလဲ လို့ ဒေါ်အောင်ဆန်းစုကြည်က ချင်းပြည်နယ်ဝန်ကြီးကို မေးတဲ့အခါမှာ ၊ ကျန်တာတွေက Reserve ထားရလို့ပါလို့ ပြန်ပြောခဲ့ပါတယ် ။
ဘာအတွက် Reserve ထားတာလဲ ကြိုမှာထားလို့လား ၊ ဘယ်နိုင်ငံမှာဖြစ်ဖြစ် ကြိုမှာထားမှ Reserve ထားရတာပါ ။ ကြိုမှာထားတာမရှိရင် ရောက်လာတဲ့သူကို ဦးစားပေးရမှာပေါ့ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပြီး အဖွဲ့သားအားလုံးတစ်စုတစ်စည်းထဲ တည်းခွင့်ရဖို့ပြောခဲ့ပါတယ် ။ ဒါပေမဲ့ ဘယ်လိုမှပြောမရပဲ ၆ ခန်းပဲပေးတဲ့အတွက် သတင်းထောက်များအတွက်စီစဉ်ထားတဲ့ ချယ်ရီတည်းခိုခန်းမှာ သွားရောက်တည်းခဲ့တာဖြစ်တယ် လို့ စစ်ကိုင်းတိုင်း NLD ဥက္ကဌ ဒေါက်တာမြင့်နိုင်ထံမှသိရပါတယ် ။
ဒေါက်တာမြင့်နိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲဒီချင်းပြည်နယ်ဝန်ကြီး စကားပြောဆိုနေချိန်မှာ အနားမှာ အတူရှိနေခဲ့ပါတယ် ။ ဖြစ်စဉ်အရတော့ ဒေါ်အောင်ဆန်းစုကြည် ဖလမ်းအရောက်မှာ ၀န်ထမ်းတွေကို ဟောပြောပွဲမတက်ရဖူးလို့ တားမြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါတယ် ။ အဲဒီမှာ ၀န်ကြီးချုပ်က ရုံးချိန်မို့ပါ လို့ ပြောခဲ့ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်က ကျမက မနက် ၈း၀၀ နာရီဟောမှာ ရုံးချိန်မဟုတ်ဖူး လို့ ပြန်ပြောခဲ့ပါတယ် ။ နောက်ပြီး ဆရာ/မတွေ ကျောင်းသားတွေ ကို ဟောပြောပွဲမသွားရလို့ တားမြစ်ထားတာကို သိရတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်က ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့ပါတယ် ။ ကျောင်းသား နိုင်ငံရေးမလုပ်လို့ နိုင်ငံရေးအလေ့အကျင့်မရှိရင် နိုင်ငံကိုဘယ်သူက ဦးဆောင်မှာလဲ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ် ။ အဲဒီနောက်မှာ ကျောင်းထဲက ကျောင်းသားတွေကို လွှတ်ပေးခဲ့တယ်လို့ သိရပါတယ် ။
ထင်လင်းဦး
အဲဒီကိစ္စတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ၀န်ကြီးချုပ်ကို သတိပေးစကားပြောခဲ့တယ်လို့ သိရပါတယ် ။ (ဟောပြောရာမှလဲ ထည့်သွင်းပြောဆိုခဲ့ပါတယ်) အဲဒီနောက်မှာ ဒေါ်အောင်ဆန်းစုကြည် ချယ်ရီတည်းခိုခန်းမှာ အဖွဲ့သားများနဲ့အတူ တစ်စုတစ်စည်းထဲ သွားရောက်တည်းခိုခဲ့ပါတယ် ။ လတ်တလောသိရတဲ့သတင်းကို တင်ပေးတာဖြစ်ပါတယ် အတူလိုက်ပါသွားတဲ့ စစ်ကိုင်းတိုင်း NLD ဥက္ကဌ ဒေါက်တာမြင့်နိုင်ထံမှ ဖုန်းသတင်းရတာဖြစ်ပါတယ် ။