Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

စည်းကမ်းမဲ့တဲ့ ဟော်တယ်စားသောက်ဆိုင်ရောင်းသူတွေနဲ့ လသာမြို့နယ်ကြီးကတော့

$
0
0
လသာမြို့နယ်အတွင်း မဟာဗန္ဓုလ လမ်းမကြီးပေါ်က မော်တော်ယာဉ်သွားတဲ့ ကတ္တရာ လမ်းမအပေါ်မှာ လမ်းဘေး ဟော်တယ်စားသောက်ဆိုင် နှင့် လမ်းဘေးဈေးသည်များကို ညနေ ၅ နာရီမှ ည၉နာရီ အထိ လသာမြို့နယ် စည်ပင်သာယာမှ အကန့်အသတ် နားလည်မှုတစ်ခုအနေဖြင့် စည်းကမ်းသတ်မှတ်ပြီး ဈေးရောင်းချခွင့် ပြုတယ်လို့ သိရပါတယ် ။ စောပြီးလည်း မရောင်းရသလို ၉ နာရီနောက်ပိုင်း အပြီးသိမ်းဖို့ ညွှန်ကြားထားတယ်လို့သိရပါတယ် ။ သို့ပေမယ့် အမှန်တကယ်ဖြစ်နေတဲ့ ည၉နာရီနောက်ပိုင်းအခြေအနေကတော့ ဒီလိုပါ ။ ည ၉ နာရီထိုးတာနဲ့ လမ်းမတော်သံဈေးကစပြီး စဥ့်အိုးတန်းအကြားနေရာက ကားလမ်းမပေါ်မှ ဈေးသည်များက အချိန်ကိုက် သိမ်းနေလို့ မော်တော်ကားများ ကားပါကင်မှာ ၉ နာရီကျော်တာနဲ့ ရပ်လို့ ရသွားပါပြီ ။ စည်းကမ်းဖေါက်ဖျက်နေသူတွေကတော့ စဥ့်အိုးတန်းလမ်းမှ လသာလမ်း အကြားက ဈေးသည်များပဲ ဖြစ်ပါတယ် ။ အချက်ပေးဆက်သွယ်မှုများလုပ်ပြီး စည်ပင်သာယာ မော်တော်ယာဉ်သုံးစီး မလာမီ လှည်းများကို လမ်းကြားထဲအလျင်အမြန် တွန်းထားပြီး လမ်းပေါ်မှာမမြင်ရအောင် လမ်းရှင်း လိုက်ပါတယ် ။ စည်ပင်သာယာမှ ရိမ်းဂျား မော်တော်ယာဉ်သုံးစီး ဖြတ်သွားပြီးတာနဲ့ အရင်ဆုံး သူတို့ ဈေးရောင်းတဲ့ မူလနေရာမှာ ပါကင်ထိုးရပ်နားမည့် ကားများရပ်လို့ မရအောင် ထင်ရှူးသစ်သားပုံးများ လမ်းပေါ်ကို အရင် ပစ်ချထားပြီး ရပ်နားရန်လာသည့် မော်တော်ကားများကို လမ်းအလည် ဓါတ်တိုင်ကြားမှာ သွားရပ်ရန် နှင်ထုတ်ပါတယ် ။ ကားသမားများက ဈေးသည်ကို ကြောက်ပြီး မိမိကားကို တစ်စုံတစ်ခု လုပ်မည် စိုးသောကြောင့် လမ်းမအလည် ဓါတ်တိုင်ကြားမှာ သွားရပ်ကြပါတယ် ။ ထိုသို့ နှင်ထုတ်ပြီးမှ လမ်းကြားထဲမှာ တွန်းပြီး ဖွက်ထားသော စားသောက်ဆိုင်ဈေး လှည်းများကို မူလနေရာမှာ ပြန်ပြီး ဗိုလ်နေမြဲ ကျားနေမြဲ ထားပြီး ပြန်လည်ရောင်းချနေပါတော့တယ် ။ ကားသုံးစီးနှင့် တစ်ပတ်သာ ပတ်သွားသော စည်ပင်သာယာအဖွဲ့ကလည်း နောက်တစ်ကြိမ် လုံးဝ ပေါ်မလာတော့ပါ ။ ကားပါကင်တွင်မရပ်ရသော ကားများက လမ်းအလည်မှာ ။ လမ်းဘေးဟော်တယ် စားသောက်ဆိုင်များက ကားပါကင်မှာ ။ ဒီလိုပဲ နေ့တိုင်းလုပ်နေကြတာပါတဲ့လေ ။ တာဝန်ကျေ ကားဖြတ်မောင်းတဲ့ စည်ပင်သာယာ ၊ စည်းကမ်းမဲ့တဲ့ ဟော်တယ်စားသောက်ဆိုင်ရောင်းသူတွေနဲ့ လသာမြို့နယ်ကြီးကတော့ ??????????????

Ah Ba Yah

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>