Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ကိုပေါ်ဦးရဲ့သွေးက ကျွန်တော်တို့ထက်ရဲတယ်

$
0
0







ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသော ၈၈ ကျောင်းသားများသည် သက်ဆိုင်ရာ အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာပြီးသည့်နောက် မိမိတို့ယုံကြည်ချက်အတိုင်း ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ဆက်လက်ချီတက် လျှောက်လှမ်းကြမည်ဖြစ်သည့်အတွက် အကျဉ်းထောင်အတွင်း ခံစားခဲ့ရသော ကျန်းမာရေးဝေဒနာများကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း၌ အသီးသီးလာရောက်၍ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

၂၄.၁.၂၀၁၂ ရက်နေ့ နေ့လည် (၁း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ ကိုသက်နွယ် အသက် (၅၄)နှစ်၏ ရုပ်အလောင်းအား မီးသင်္ဂြိုလ်ခြင်း အခမ်းအနားကို ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကို နိုင်နှင့် အဖွဲ့သည် သွားရောက်ခဲ့ပြီးသည့်နောက် မြောက်ဒဂုံမြို့နယ်ရှိ ဝဋ်ကြွေးတော်ပြေ ဆရာတော်ကြီး အား သွားရောက်ဖူးမြော်ခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက် ၍ လေ့လာခဲ့ကြသည်။ ဥက္ကဋ္ဌ ဦးကျော်သူနှင့် တွေ့ဆုံစကားပြောဆိုပြီးသည့်နောက် နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ လုပ်ငန်းဆောင်ရွက်မှုများအား လိုက်လံရှင်းလင်းပြသခဲ့ကာ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် အချိန်မအားလပ်သည့်ကြားမှ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် သွေးဖောက်၍ ကျန်းမာရေးစစ်ဆေးမှုကို ခံယူခဲ့သည်။ ကိုမင်းကိုနိုင် သွေးဖောက်စစ်ဆေးစဉ် ဥက္ကဋ္ဌ ဦးကျော်သူမှ “ကိုပေါ်ဦးရဲ့သွေးက ကျွန်တော်တို့ထက်ရဲတယ် .. ဟေ့” ဟု ပြောကြားခဲ့ရာ အဖွဲ့သား အားလုံးတို့အတွက် အားဆေးတစ်ခွက် တိုက်ကျွေးခဲ့ရသလို ဖြစ်တော့သည်။

ကျန်းမာရေးစစ်ဆေးရန် ကျန်ရှိသော ၈၈ ကျောင်းသားအဖွဲ့များအားလည်း မိမိတို့ အားလပ်သည့် နေ့ရက်၊ အချိန်များတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်၍ သွေးဖောက်ခြင်း၊ ECG၊ Ultra Sound၊ ဓါတ်မှန်ရိုက်ကူးခြင်းတို့အပြင် သက်ဆိုင်ရာဆရာဝန်ကြီးများနှင့် ဆေးဝါးကုသမှုများကိုလည်း ပြုလုပ်ပေးလျှက်ရှိပါသည်။
(ကိုကျော်သူ)



Viewing all articles
Browse latest Browse all 32865

Trending Articles


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ရေဘေးသင့် ဟျူစတန်မှာ ညမထွက်ရ အမိန့်ထုတ်


MECTel CDMA 800 MHz ဖုန်း အသုံးပြု သူများ မိုဘိုင်းဖုန်း မှတစ် ဆင့်...


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲ ကျင်းပ


အလုပ်ဟောင်း နေရာဟောင်း ပြန်ရချင်သူများအတွက် ယတြာ


မောင်တူး - သက်ရှိပန်းချီ - အပိုင်း (၁၉)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>