Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဂျပန်ကုမ္ပဏီများနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း လက်တွဲဖွယ်ရှိ

$
0
0
(Reuters မှ Jan 10 2014 ရက်စွဲပါ "Myanmar state-owned telecom likely to take Japanese partner " သတင်းကို ဘာသာပြန်ဆိုသည်)

ဂျပန် KDDI Corp နှင့် Surnitorno Corp တို့သည် ကမ္ဘာ့ဆက်သွယ်မှု အနိမ့်ကျဆုံး တိုင်းပြည်တွင် ဝန်ဆောင်မှုများ ချဲ့ထွင်ရန်အတွက် မြန်မာအစိုးရဆက်သွယ်ရေးလုပ်ငန်းများနှင့် လက်တွဲဖွယ်ရှိသည်ဟု ဆူမီတိုမို တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT နှင့်ပူးပေါင်းလုပ်ကိုင်ရေးအတွက် သီးသန့်ဆွေးနွေးမှုများ ပြုလုပ်ရန် ၎င်းကုမ္ပဏီနှစ်ခုစလုံး အတူတကွ ဖိတ်ခေါ်ခြင်းခံရသည်ဟု ဆူမီတိုမို၏ မြန်မာနိုင်ငံဆိုင်ရာ ခေတ်အဆက်ဆက် အထွေထွေမန်နေဂျာ ဦးစိုးကြူက ပြောကြားခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းလုပ်ကိုင်ရေးဆိုင်ရာ အသေးစိတ် အချက်အလက်များ ကိုမူ မသိရှိရသေးပါ။

MPT သည်လောလောဆယ်တွင် တစ်နိုင်ငံလုံး၏ ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းကို တစ်ဦးထဲ လုပ်ကိုင်နေပြီး ၎င်းကဏ္ဍ၏ ထိန်းချုပ်စီမံသူအဖြစ် တာဝန်ယူထားသည်။ မြန်မာအစိုးရက ၂၀၁၅ တွင် ဆက်သွယ်ရေး ကဏ္ဍ စီမံခန့်ခွဲမှုအသစ်ကို ဖွဲ့စည်းရန် စီစဉ်နေပြီး MPT တစ်စိတ်တစ်ပိုင်းကို ခွဲဝေပေးမည် ဖြစ်သော်လည်း အများစု ရှယ်ယာကို ဆက်လက်ထိန်းချုပ်ထားလိမ့်မည်။ အမည်သစ်ဖြင့် ထူထောင်မည့် ၎င်းကုမ္ပဏီသည် လိုင်စင်ရအော်ပရေတာ လေးဦးထဲတွင် ပါဝင်မည်ဖြစ်သည်။

လက်ရှိတွင် အင်တာနက်ဝန်ဆောင်မှုပေးနေသော အစိုးရပိုင် ရတနာပုံဆိုင်ဘာတက်သည်လည်း အလားတူ အော်ပရေတာလိုင်စင်တစ်ခုရရှိထားသည်။ ကျန်လိုင်စင်နှစ်ခုအတွက် ဇွန်လက အကြိတ်အနယ် ယှဉ်ပြိုင် အနိုင်ရရှိ ထားကြသော နော်ဝေး Telenor နှင့် ကာတာ Ooredoo တို့မှာမူ၎င်းတို့၏ ကွန်ယက်ကို စတင်မဖြန့်ခင် နောက်ဆုံး အတည်ပြုချက်ကို စောင့်ဆိုင်းနေကြဆဲဖြစ်သည်။

KDDI နှင့်ဆူမီတိုမိုတို့ ပူးပေါင်းထားသော ကုမ္ပဏီသည် ဇွန်လက ဆက်သွယ်ရေးလိုင်စင်လေလံတွှု ဆန်ကာ တင်စာရင်း ဝင်ပြီးမှ နောက်ကျကျန်ခဲ့သော်လည်း ယခုတစ်ချိန်တွင် မမြင်နိုင်သော ဖြစ်ရပ်များ မည်သို့ပင်ရှိစေ ကာမူ MPT နှင့်လအနည်းငယ်အတွင်း လက်တွဲကြရန် သဘောတူကြတော့မည် ဖြစ်ပြီး၊ ယခုတစ်ကြိမ်တွင် ယုံကြည်စိတ်ချမှု ရှိသည်ဟု ဦးစိုးကြူက ဆိုပါသည်။

နိုင်ငံခြားတယ်လီကွမ်း ကုမ္ပဏီများကို ပထမဆုံးအကြိမ်ခွင့်ပြုလိုက်သော အောက်တိုဘာက ဆက်သွယ်ရေး ဥပဒေသစ်ထုတ်ပြန်ပြီးနောက်တွင် စည်းမျဉ်းစည်းကမ်းများ ရေးဆွဲပြီးစီးချိန်အထိ Telenor နှင့် Ooredoo တို့၏ လိုင်စင်နောက်ဆုံး အတည်ပြုခြင်းကို အစိုးရက ဆိုင်းငံ့ထားသည်ဟု အကြီးတန်း ဆက်သွယ်ရေးတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးကာလက ဆက်သွယ်ရေးကမ္ဘာကို တင်းကြပ်စွာ ချုပ်ကိုင်ထားခဲ့ပြီး၊ အစိုးရ တစ်ဦးတည်း လက်ဝါးကြီးအုပ် လုပ်ကိုင်ကာ SIM ကဒ်များစတင် မိတ်ဆက်ရာတွင် ဒေါ်လာထောင်ဂဏန်း ပမာဏဖြင့် ရောင်းချခဲ့ကြဘူးသည်။

အကျိုးဆက်အနေဖြင့် မြန်မာနိုင်ငံသည် ကမ္ဘာတွင် မိုဘိုင်းဖုန်း ပျံ့နှံ့သုံးစွဲမှု အနိမ့်ဆုံးနိုင်ငံအဆင့်သို့ ရောက်သွားခဲ့ပြီး လူဦးရေသန်း ၆၀ ၏လေးရာခိုင်နှုန်းမျှသာ တယ်လီဖုန်းသုံးစွဲခွင့်ရသည်ဟု ဆွီဒင်ဆက်သွယ် ရေး ကုမ္ပဏီကြီး Ericsson က ၂၀၁၂ တွင်ထုတ်ပြန်ထားသည်။

၂၀၁၁ ခုနှစ်တွင် စစ်အုပ်ချုပ်ရေး ဖျက်သိမ်းလိုက်သောအခါ အာဏာလွဲပြောင်း ရရှိလာသော အရပ်ဖက်အစိုးရ က နိုင်ငံရေး၊ စီးပွားရေးပြုပြင်လဲနေမှုများကို စတင်အကောင်အထည်ဖော်ခဲ့ပြီး၊ မြောင်းပုပ်ထဲရောက်နေသော စီးပွားရေးကဏ္ဍကို ပြန်လည်ဆယ်တင်ရေး အစီအစဉ်၏ သော့ချက်အစိတ်အပိုင်းအဖြစ် တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းများကို ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ တစ်ဖက်ကလည်း အာဏာပိုင် အကြီးအကဲတို့၏ ဒီမိုကရေစီ ဟန်ပြ ပြောင်းလဲမှုအပေါ် မကျေမနပ်ဖြစ်လာသော ပြည်သူလူထုကို နှစ်သိမ့်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။

အစိုးရသည် ယခုလပိုင်းများအတွင်း ဈေးကွက်ထဲသို့ sim ကဒ်များပိုမို ထုတ်ပေးလာခဲ့သော်လည်း ဝယ်လိုအားကို လုံလုံလောက်လောက် ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေးပဲ၊ ပြင်အဈေးကွက် sim ကဒ်တစ်ခုလျှင် မြန်မာငွေ ကျပ် တစ်သိန်းကျော်ဖြင့် ရောင်းချနေဆဲပင်ဖြစ်သည်။ မနှစ်က ၆ ရာခိုင်နှုန်းခန့်သာရှိခဲ့သော မိုဘိုင်းဖုန်း ပျံ့နှံ့သုံးစွဲမှုနှုန်း မှာ ယခုအခါ ၉ ရာခိုင်နှုန်းသို့ ရောက်ရှိလာပြီဟု ကိန်းဂဏန်းများက ဆိုပါသည်။

Ooredoo ၏ မြန်မာနိုင်ငံဆိုင်ရာ စီအီအိုရောစ့်ကော်မတ်က ၎င်း၏ကုမ္ပဏီသည် နောက်ဆုံးအတည်ပြုချက် ရရှိပြီးပါက ၆ လအတွင်း အကြီးဆုံးမြို့တော်လေးခု၌ ကွန်ယက်တည်ဆောက်ကာ phone နှင့် data service ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပြီး၊ ငါးနှစ်အတွင်း လူဦးရေ၏ ၉၇ ရာခိုင်နှုန်းအထိ ရောက်ရှိလာမည်ဟု Reuters သို့ပြောကြားခဲ့သည်။

ကျေးလက်ဒေသများတွင် အခြေခံအဆောက်အဦ စနစ်မရှိခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများစွာက ကျယ်ပြန့်သော နယ်မြေမျာူကို ထိန်းချုပ်ထားကြခြင်း၊ မြေပိုင်ဆိုင်မှုပြဿနာများ ဖြစ်ပွားနေခြင်းစသော ကိစ္စပေါင်းစုံ ရှုတ်ထွေးပွေလီနေသည့် တိုင်းပြည်မျိုးတွင် လိုင်စင်ရ အော်ပရေတာများအနေဖြင့် ၎င်းတို့၏ လုပ်ငန်းများကို ခက်ခက်ခဲ ခဲလမ်းထွင်၍ လုပ်ကိုင်ကြရပါလိမ့်မည်။

နိုင်ငံတစ်လွှား ဆက်သွယ်ရေးကွန်ယက်ဖြန့်ကျက်ရာတွင် လိုအပ်သော တာဝါတိုင်များ တည်ဆောင်ရန်အတွက် မြေနေရာ ငှားရမ်းရရှိရေး လုပ်ငန်းစဉ်ကို ရိုးရှင်းလွယ်ကူအောင် ပြုလုပ်ပေးရန် Ooredoo ၏ဥပဒေရေးရာ ကိုယ်စားလှယ် VDB Loi ရှေ့နေလုပ်ငန်းက မြန်မာအစိုးရကို တိုက်တွန်းထားပါသည်။

Ooredoo အနေဖြင့် MDT နှင့် Telenor နှစ်ဖွဲ့စလုံးနှင့်ဖြစ်စေ၊ နှစ်ဖွဲ့ထဲမှ တစ်ဖွဲ့နှင့်ဖြစ်စေ အဆောက်အအုံနှင့် အခြေခံ အဆောက်အဦစနစ်များ မျှဝေအသုံးပြုသွားရန်စီစဉ်ထားပြီး၊ တိုင်းရင်းသားနယ်မြေများတွင် ကွန်ယက်ချဲ့ထွင်ရန် အတွက် ထပ်ဆင့် ကန်ထရိုက်များက လက်နက်ကိုင် အုပ်စုများနှင့် ညှိနှိုင်းကြလိမ့်မည်ဟု Ooredoo စီအီးအို ကောမက်က Reuters သို့ရှင်းလင်းပြောဆိုသွားခဲ့သည်။

Yangon chronicle

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>