Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ပြည်ခိုင်ဖြိုးပါတီတွင်း အခြေခံ သဘောထား ကွဲပြားမှုများရှိဟု ဦးအောင်သောင်း၏ ပြောကြားမှုများအရ ဟံသာဝတီ ဦးဝင်းတင် သုံးသပ် – အံ့ခေါင်မင်း

$
0
0

“ ပြည်ခိုင်ဖြိုးပါတီဆိုတာ အာဏာရ ပါတီတစ်ခုပဲ . . .

ရန်စွယ်ငေါငေါ အပုပ်ချတယ် ဆိုတော့ မသင့်တော်ဘူး . . .”

ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စုတ်ပြတ်သတ်နေအောင် ညစ်ပတ်တဲ့ နည်းမျိုးစုံနဲ့ သူတို့ တိုက်ခိုက်ခဲ့ တာပဲ နိုင်ငံရေးမှာပုဂ္ဂိုလ်ရေး တိုက်ခိုက်တာ မကောင်းတဲ့အလုပ် သူတို့ပဲ တစ်လျှောက်လုံး လုပ်တယ် ဦးအောင်သောင်းဟာ ဦးသန်းရွှေရဲ့ ပုံရိပ်နဲ့ ပါတီမှာ သြဇာကြီးနေတဲ့လူ ဒီလိုလူရဲ့ အခုပြောဆိုမှုဟာဆိုရင် ပါတီကြီးနှစ်ခုရဲ့ အောက်ခြေမှာရှိတဲ့ လူထုတွေကြားထဲမှာ အကုန်လုံး ပြဿနာတွေ ဖြစ်နိုင်တယ် . . .
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD အဖွဲ့အစည်း၊ တိုင်းသူပြည်သား အများစုရဲ့ ထောက်ခံမှုရတဲ့ အဖွဲ့အစည်းကိုတောင် ဒီလိုပြစ်တင် ရှုတ်ချတယ်ဆိုရင် ကျန်တဲ့ပါတီတွေ ဘယ်လိုလုပ်မလဲ။ နောင်ဆိုရင် အဲဒီပါတီတွေကို ဘယ်လောက် ရိုင်းပျစော်ကားလုပ်မလဲ။ ဒီလို အလုပ်မျိုးတွေဟာ မလုပ်သင့်တော့ဘူးလို့ ကျွန်တော်ပြောချင်တယ် . . .
မြန်မာသံတော်ဆင့် အပတ်စဉ်သတင်း အတွဲ-၂၊ အမှတ်(၄၃)တွင် “”ပြည်ခိုင်ဖြိုး ပါတီ ဗဟို အတိုင်ပင်ခံ ဦးအောင်သောင်း နှင့် နိုင်ငံရေးေ ဆွးနွေးခြင်း”"ခေါင်းစဉ်ဖြင့် နိုင်ငံရေး တွေ့ဆုံမေးမြန်းခန်း တစ်ရပ်ကို ဖော်ပြခဲ့ သည်။ ထိုတွေ့ဆုံ မေးမြန်းခန်းတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက ““တကယ်တော့ လက်ရှိ အနေအထားအရ ကြည့်မယ်ဆိုရင် ပြည်ခိုင်ဖြိုးပါတီက အင်အား နည်းနည်း တောင့်တင်းတဲ့ သဘော ရှိတာပေါ့။ NLD ဆို ဒေါ်စုကြည်ပဲ ရှိတယ်။ နောက်လိုက် သိပ်မရှိဘူး။  …
http://thandawsint.files.wordpress.com/2014/01/page-3-copy.jpg?w=270&h=311
ယခု NLD ပါတီ သဘာပတိအဖွဲ့ဝင် (ယခင်ပါတီအတွင်းရေးမှူး အဖွဲ့ဝင်)
ဟံသာဝတီဦးဝင်းတင်ကို NLD ပါတီမှ ပြုလုပ်သော ၆၄ နှစ်မြောက်
အာဇာနည်နေ့အခမ်းအနားအပြီးတွေ့ရစဉ်။
ဓာတ်ပုံ- လင်းယုန်
အာဃာတတွေနဲ့ လက်စားချေလိုတဲ့ နိုင်ငံရေးသမား၊ အာဃာတကိုဖော်ဆောင်နေတဲ့ နိုင်ငံရေးသမား၊ မကျေနပ်ချက်ကို အခြေခံပြီးဖြစ်လာတဲ့ နိုင်ငံရေးသမား၊ အခွင့်အရေးများ ရမလား ဆိုပြီးတော့ ၀င်လာတဲ့ နိုင်ငံရေးသမား ဖြစ်နေတယ်။။ တကယ့် နိုင်ငံရေးကို နားလည် ယုံကြည်ပြီးတော့ NLD ရဲ့ လမ်းစဉ် မူဝါဒတွေ ကောင်းတယ်၊ အဲဒါတွေသာ တိုင်းပြည်ကြီး တည်ဆောက်လို့ရတယ်၊ အလွန်ကောင်းမှာပဲ၊ ချမ်းသာသွားမှာပဲ၊ အောင်မြင်သွားမှာပဲ၊ ကမ္ဘာကလည်း လက်ခံမှာပဲ ဆိုတဲ့ ဒီလိုအမြင်နဲ့က နည်းတယ်”" ဟု ပြည်ခိုင်ဖြိုးပါတီနှင့် အဓိက ပြိုင်ဘက်ပါတီ အဖြစ် တည်ရှိနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ကို ဝေဖန် ပြောကြားခဲ့သည်။ ထို ပြောကြားချက် နှင့်အတူ ပါတီနှစ်ရပ်ကြား ခေါင်းဆောင်များ၏ လက်ရှိ ဆက်ဆံမှု အနေအထား၊ နှစ်ဖက် အင်အားစုများ၏ ယခင် ရပ်တည်မှု အနေအထားများအရ စဉ်းစားဝေဖန် သုံးစရာ ကိစ္စရပ်များစွာ ထွက်ပေါ် လာခဲ့သည်။ ထို့ကြောင့် ဦးအောင်သောင်း၏ ယင်းပြောကြားချက် အပါအ၀င် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် စပ်လျဉ်းသည့် ပြောကြားချက်များ အပေါ်ပါ သုံးသပ်ချက် တစ်ရပ်ကို မြန်မာသံတော်ဆင့်မှ ထပ်မံ တင်ပြ လိုက်ရပါသည်။ ဦးအောင်သောင်း ဝေဖန် ပြောကြားခဲ့သည့်  NLD ပါတီကို စတင် ထူထောင်စဉ်ကပင် ခေါင်းဆောင် တစ်ဦးအနေဖြင့် အခရာကျကျ ပါဝင်ခဲ့သူ၊ ယနေ့အချိန်အထိ ပါတီ၏ ဖြစ်စဉ်များတွင် ဦးဆောင် လမ်းညွှန်သူ တစ်ဦးဖြစ်သူ၊ NLD ပါတီတွင်း၌ပင် မူဝါဒပိုင်းဆိုင်ရာ ချွတ်ယွင်းမှုများ ဖြစ်ပေါ်လာလျှင် မထောက်မညှာ ဝေဖန်သုံးသပ်မှု ပြုတတ်သူ၊ NLD ပါတီ သဘာပတိအဖွဲ့ဝင် ဟံသာဝတီ ဦးဝင်းတင်၏ သုံးသပ်မှုများမှာ -
ယခင်တစ်ပတ်မှအဆက်
အာဏာသိမ်း၊ လူသတ်
ကျွန်တော်တို့တွေက နိုင်ငံရေးထဲကို အာဃာတနဲ့ ၀င်လာတယ်လို့ဆိုရင် သူတို့ကော အာဃာတနဲ့ ရောက်လာတယ်လို့ မပြောနိုင်ဘူးလား။ အာဏာသိမ်းပြီး၊ နိုင်ငံရေးထဲ ရောက်ရောက်လာတာ။ အာဏာ သိမ်းပြီ ဆိုကတည်းက လူပစ်သတ်တာတွေ လုပ်ခဲ့တာ။ ကျွန်တော်တို့တွေက သူပြောသလို အာဃာတနဲ့ လုပ်တယ် ဆိုရင်တောင် ပစ်သတ်ခဲ့တဲ့သူ တစ်ယောက်မှ မရှိဘူး။ ထောင်ထဲ ထည့်ခဲ့တဲ့သူ  တစ်ယောက်မှ မရှိဘူး။
သူတို့ အာဏာသိမ်းအပြီး နိုင်ငံရေးထဲ ၀င်လာတဲ့ စစ်ဗိုလ်တွေက ကျန်တဲ့လူတွေကို သူခိုး၊ ဓားပြ၊ လူဆိုး၊ လူမိုက်၊ တည်ဆဲ ဥပဒေတွေကို ဖျက်ဆီးတဲ့ လူတွေဆိုပြီး ပစ်သတ်တာ ဘယ်လောက်များလဲ။
ပိုင်ဆိုင်မှုတွေကြေညာမလား
နောက်ပြောရရင် ကျွန်တော်တို့မှာ ခိုးခဲ့၊ ၀ှက်ခဲ့တဲ့ ငွေတွေရှိရင် ပြောပါ။ ခင်ဗျားတို့လည်း ခိုးခဲ့တဲ့၊ ၀ှက်ခဲ့တဲ့ ငွေတွေကို ၀န်ခံမလား။ ဘယ်လောက် ချမ်းသာတယ်၊ ဘာပစ္စည်းတွေ ရှိတယ်ဆိုတာ အကုန်လုံး ထုတ်ပြီးတော့ ပြောနိုင်တာရှိလား။ လွှတ်တော်ထဲမှာ သူတို့ဝန်ကြီးတွေကို ပိုင်ဆိုင်မှု ကြေညာ ခိုင်းတုန်းကတော့ မကြေညာ ၀ံ့တဲ့ လူတွေလေ။
ဒါကို ကျွန်တော်တို့ကို အာဃာတနဲ့ နိုင်ငံရေး လုပ်တယ်ဆိုရင် သူတို့လည်း လုပ်ကြတာပဲ။ လောဘဇော တိုက်နေတဲ့ အာဏာတနဲ့ လုပ်ကြတာပဲ။ ကျွန်တော်က အဲဒီလိုပဲပြောချင်ပါတယ်။
တစ်ဦးတည်းသောခေါင်းဆောင်
NLD မှာ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ပဲ ခေါင်းဆောင်ရှိတယ်။ ကျန်တဲ့လူတွေ အသုံးမကျဘူး။ ဒါဟာ ပြောနေစရာတောင် မလိုပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က ထူးချွန်တဲ့ ခေါင်းဆောင် တစ်ယောက်ပဲ။ နိုင်ငံရေး ရည်မှန်းချက် ကြည့်မလား။ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်တာ ကြည့်မလား။ နောက်ဆုံး စစ်တပ်အပေါ်မှာ ထားတဲ့  သဘောထားတွေ ကြည့်မလား။
ကျွန်တော်တို့ဆိုရင် ကြံ့ဖွံ့ကို မကြိုက်တဲ့လူတွေ။ ပေါ်လစီအရ ဆန့်ကျင်နေတဲ့ လူတွေ။ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဦးအောင်သောင်းနဲ့လည်း ပေါင်းတယ်။ ဦးသိန်းစိန်နဲ့လည်း ပေါင်းတယ်။ ဦးရွှေမန်းနဲ့လည်း ပေါင်းတယ်။ အဲဒီအတွက်တောင်  ဒေါ်အောင်ဆန်းစုကြည်မှာ အများကြီး ပြစ်တင်ခံရတယ်၊ ရှုတ်ချခံရတယ်။ ဒီလို စိတ်ဓာတ်၊ အရည်အချင်း၊ လုပ်ရည်ကိုင်ရည် တွေကြောင့် ကျွန်တော်တို့ထဲမှာ တစ်ဦးတည်းသော ခေါင်းဆောင်လို့ သတ်မှတ်ထားတယ်။ ဒေါ်အောင်ဆန်းစုကြည်သာ တစ်ဦးတည်းသော နိုင်ငံရေး ခေါင်းဆောင် တစ်ယောက် ဖြစ်သင့်တယ်လို့ ယူဆတယ်။ ဒါကြောင့် ကျွန်တော်တို့ အားလုံးနောက်လိုက် လုပ်နေတာ မဟုတ်လား။
လူနုံတွေမဟုတ်၊ နေရာမမက်
ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း တုန်းကလည်း ဒီလိုပဲ နောက်လိုက်တွေ ရှိခဲ့တယ်။ အဲဒီသူတွေကို အကုန်လုံး သူခိုး၊ ဓားပြတွေ၊ ငနုံ၊ ငပျင်းတွေလို့ပြောမှာလာ။ သူ့အရည်အချင်းနဲ့သူ လုပ်နိုင်တဲ့ လူတွေရှိတယ်။ ဘကြီး ဘဖေလို လူမျိုးတွေရှိတယ်။ ဦးကျော်ငြိမ်းလို လူမျိုးတွေ ရှိတယ်။ ဦးချစ်မောင်လို လူမျိုးတွေ ရှိခဲ့တယ်။ ပညာ တတ်တွေ၊ အသိပညာရှိတဲ့ လူတွေ ရှိခဲ့တယ်။ သူတို့တွေ ၀န်းရံခဲ့လို့ ဗိုလ်ချုပ်အောင်ဆန်းလည်း လုပ်နိုင်တာ။ ဒါကို အဲဒီအချိန်က ဗိုလ်ချုပ်အောင်ဆန်းပဲ ရှိတယ်။ ကျန်တဲ့လူတွေကို အလကားလူတွေလို့ ပြောလို့ရမလား။ မရဘူး။
အလားတူပဲ ဒေါ်အောင်ဆန်းစုကြည် ကို ယုံကြည်လို့ ခေါင်းဆောင်အနေနဲ့ ထားတာ။ ကျွန်တော်ဆိုရင် နိုင်ငံရေးသမား မဟုတ်ဘူး။ နိုင်ငံရေးသမား မဟုတ်ဘူးလို့လည်း ထုတ်ကြေညာ ထားတယ်။ ပါတီမှာလည်း တော်လောက်ပါပြီ။ အငြိမ်းစား ယူရမယ်။ လူငယ်လူသစ်တွေနဲ့ လုပ်ရမယ် ဆိုတာ တစ်လျှောက်လုံး ပြောလာခဲ့တာ။ ပါတီစထောင် ကတည်းကပဲ။ ကျွန်တော့်မှာ ဒီသဘောထားတွေ ရှိတယ်။ ခင်ဗျား တို့ကော ရှိလား။ ခင်ဗျားတို့ သေခါနီးနေပြီ။ ဒီလိုစွန့်လွှတ်ဖို့ စိတ်ထားမျိုး ရှိလားလို့ မေးရင် သူတို့ အမှန်အတိုင်း ဖြေရဲလား။
ပြောရရင်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဋ္ဌ လုပ်ပါတော့ဆိုတာ ကျွန်တော် တင်တဲ့အဆိုပဲ။ ၂၀၁၂၊ ဇန်န၀ါရီလ ၅ရက်နေ့  ပါတီပြန်ဖွဲ့တဲ့ အချိန်မှာ ကျွန်တော် တင်ခဲ့တဲ့အဆို။ ဘာဖြစ်လို့ တင်လဲဆိုတော့ ဒေါ်အောင်ဆန်း စုကြည်လို ထူးချွန်တဲ့ ခေါင်းဆောင် သူလည်း အသက်ကြီးလာပြီ။ နောက်လူတွေ ခေါင်းဆောင် တင်ချင်ရင် လမ်းဖွင့်ပေးဖို့၊ လုပ်ပေးဖို့လိုပြီ။ ကျွန်တော့်တို့ ကိုယ်တိုင်လည်း တော်လောက်ပြီ။  ဘေးဖယ် ပေးသင့်ပြီဆိုပြီး အဲဒီအဆို တင်ခဲ့တာ။
ဒေါ်အောင်ဆန်းစုကြည် ကတောင် ဘေးဖယ်ပေးတယ် ဆိုတဲ့စကား မသုံးပါနဲ့ ဆရာ။ နောက်လူတွေ ၀င်လို့ ရအောင် ဘေးကိုချဲ့ပေးတယ် ဆိုတဲ့ စကားပဲ သုံးပါလို့ ပြောတယ်။
ကဲ မေးခွန်းထုတ်ရရင် ခင်ဗျားတို့ အဲဒီလိုလုပ်တာတွေ ရှိလား။ အခုထိ နေရာအတွက် လုပ်နေကြတုန်း မဟုတ်လား။
ပါတီတွင်း ရန်တိုက်ပေးခြင်း
အခု ဦးအောင်သောင်းရဲ့ ပြောတာဟာ NLD ပါတီထဲမှာရှိတဲ့ လူပုဂ္ဂိုလ် အချင်းချင်းတွေ တိုက်ခိုက်အောင် လုပ်တာ။ ဒါမျိုးဟာ နိုင်ငံရေးမှာ မလုပ်ကောင်းဘူး။ အခုပြောတာမှာ ဒေါ်အောင်ဆန်းစုကြည်ကို နတ်နေကိုင်း ချန်သလို ချန်ပြောတာပဲ ရှိတယ်။ ဒါက အခုမှ မလွှဲသာလို့။ အရင်တုန်းကဆို ဒေါ်အောင်ဆန်း စုကြည်ကိုလည်း စုတ်ပြတ်သတ်နေအောင် ညစ်ပတ်တဲ့ နည်းမျိုးစုံနဲ့ သူတို့ တိုက်ခိုက်ခဲ့တာပဲ။ နိုင်ငံရေးမှာ ပုဂ္ဂိုလ်ရေး တိုက်ခိုက် တာ မကောင်းတဲ့အလုပ်။ သူတို့ပဲ တစ်လျှောက်လုံး လုပ်တယ်။
ကျွန်တော် သတင်းစာဆရာ တစ်ယောက်ပဲ။ တိုက်ခိုက် ပြောဆိုတာတွေ လုပ်တတ်တယ်။ ဒါပေမဲ့ မလုပ်ခဲ့ဘူး။ တိုက်ခိုက်ရင်လည်း ပေါ်လစီပဲ တိုက်ခိုက်တယ်။ ခင်ဗျားတို့ လုပ်ကိုင်မှုတွေကို ကျွန်တော်မကြိုက်ဘူး။ ဒီလို ရှင်းရှင်း ပြောခဲ့တယ်။ ဘာလို့လဲဆို  ကြံ့ဖွံ့ဟာ ရှင်းရှင်းပြောရရင် စစ်တပ်က မွေးထားတာ။ စစ်တပ်အရေခြုံဖို့ အဆင်အသင့် ရှိတဲ့လူတွေ။ စစ်တပ်ကိုမှီပြီးတော့ မြောက်များစွာ ကိုယ်ကျိုး စီးပွားအတွက် စုနေကြတယ်လို့ ကျွန်တော်မြင်တယ်။ ဒီပေါ်လစီမူကိုတော့ ကျွန်တော်တို့ပြောမယ်။ ပုဂ္ဂိုလ်ရေးကတော့ မတိုက်ခိုက်ဘူး။
အခု သူပြောတာကို အရှည်ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD အဖွဲ့အစည်း၊ တိုင်းသူပြည်သား အများစုရဲ့ ထောက်ခံမှုရတဲ့ အဖွဲ့အစည်းကိုတောင် ဒီလိုပြစ်တင် ရှုတ်ချတယ်ဆိုရင် ကျန်တဲ့ ပါတီတွေ ဘယ်လိုလုပ်မလဲ။ နောင်ဆိုရင် အဲဒီပါတီတွေကို ဘယ်လောက် ရိုင်းပျစော်ကား လုပ်မလဲ။ ဒီလို အလုပ်မျိုးတွေဟာ မလုပ်သင့်တော့ဘူးလို့ ကျွန်တော် ပြောချင်တယ်။
ပြည်ခိုင်ဖြိုးပါတီဆိုတာ အာဏာရပါတီ တစ်ခုပဲ။ အင်အားအရလည်း ကြီးမားတဲ့ပါတီ တစ်ခုပဲ။ အတွေ့အကြုံရှိတဲ့ လူတွေ လုပ်ကိုင်နေတာ။ အဲဒီပါတီတစ်ခုက ရန်စွယ်ငေါငေါ အပုပ်ချတယ်ဆိုတော့ မသင့်တော်ဘူးလို့ ပြောချင်တယ်။
အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက်
NLD ပါတီထဲမှာ မူဝါဒအရ ခိုင်မာချင်တဲ့၊ ပြင်းထန်တဲ့ လူတွေက ကြံ့ဖွံ့ကို မကြိုက်တာတွေရှိတယ်။ အမှန်ပဲ။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေး မတိုက်ဘူး။ မူဝါဒ အရ တိုက်တာ။ ဒေါ်အောင်ဆန်းစုကြည်ဟာ မူဝါဒအရ ပျော့ပျောင်းစွာ စဉ်းစားတယ်။ ဒီတော့ ကျွန်တော်တို့လည်း အများကြီး ပျော့ပျောင်းစွာ နောက်က လိုက်လုပ်တယ်လို့ ပြောချင် တယ်။ အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး လုပ်နေတာဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတဲ့ လိုင်းထဲက တစ်ခုပဲ။ ကြံ့ဖွံ့နဲ့ ပူးပေါင်းပြီး လုပ်တာတွေ ရှိလာတာလည်း ဒီဆောင်ရွက်ချက်ထဲက အစိတ်အပိုင်း တစ်ခုပဲ။ ဒီအတွက် ကျွန်တော်တို့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှု ခံယူပြီးတော့ နိုင်ငံရေး လုပ်ရှားမှု လုပ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ အပုပ်ချတယ်။ ပုတ်ခတ်တယ်တို့ လုပ်ဖူးလား။ မရှိ သလောက်ပါလို့ ပြောချင်ပါတယ်။
ဒီမူဟာ ကျွန်တော်တို့ အနေနဲ့ ကြံ့ခိုင်ရေးနဲ့ တွဲလုပ်လို့ ရနိုင်တာတွေ  တွဲလုပ်မယ်ဆိုတဲ့ ပုံစံပဲ။  ဒေါ်အောင်ဆန်း စုကြည် လွှတ်တော်ထဲ ၀င်သွားတာ ပုဂ္ဂိုလ်ရေးအရ ပြောရရင် မကြိုက်ဘူး။ ကျွန်တော် ကန့်ကွက်ခဲ့တယ်။ ရွေးကောက်ပွဲ ၀င်ဖို့ကိုလည်း ကျွန်တော် ကန့်ကွက်ခဲ့တယ်။ သို့သော် ကျွန်တော်တို့က ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခေါင်းဆောင်မှု နောက်က လိုက်တယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေး သဘောထားကို ကြည့်တဲ့ အတွက် ကျွန်တော်တို့ လျှော့နိုင်တာကို လျှော့ပေးတယ်။ မကြိုက်တာတွေကို ဆွေးနွေးတယ်၊ တင်ပြတယ်။ ကြံ့ခိုင် ဖွံ့ဖြိုးရေးကလည်း ဒီသဘောထား ရှိမယ်လို့ ယူဆခဲ့တယ်။ ဒါပေမဲ့ အခု ဦးအောင်သောင်း ပြောလိုက် တာဟာ တစ်မျိုး ဖြစ်သွားစေတယ်။
နှစ်ပါတီ အောက်ခြေထု ပြဿနာ ဖြစ်နိုင်
ဦးအောင်သောင်းဟာ ဦးသန်းရွှေရဲ့ ပုံရိပ်နဲ့ ပါတီမှာ သြဇာကြီးနေတဲ့ လူဆိုတာ သိတယ်။ ပါတီထဲမှာ သူ့ရဲ့ စည်းရုံးရေးတို့၊ သူရဲ့ ပင်ကိုယ်သြဇာတို့ ဘယ်လိုရှိလဲတော့ မသိဘူး။ သူဟာ ဦးသန်းရွှေရဲ့ ရောင်ပြန် ဟပ်မှုကို ယူပြီးတော့ ပါတီမှာ နေရာရှိနေတယ်။ အဲဒီလိုလူမျိုးက ဒီလိုမျိုး သဘောထားတွေ ရှိတယ်ဆိုရင် လက်ရှိ မြန်မာပြည်ရဲ့ နိုင်ငံရေးမှာ အင်အားကြီး ပါတီကြီး နှစ်ခုပဲ ရှိတယ်။ ဒီပါတီကြီးနှစ်ခုရဲ့  ဆက်ဆံရေးဟာ ဒီလို အပြောကြောင့် ပုံမှန်ဘယ်လို ဖြစ်နိုင်တော့မလဲ။
ဒေါ်အောင်ဆန်းစုကြည်ကို မတိုက်ခိုက်ပေမယ့် ကျန်တဲ့ လူတွေ အားလုံးကို၊ အကုန်လုံးကို အမှိုက်လှည်းသလို သိမ်းကျုံး ပြောတာမျိုးဆိုတော့ ဘယ်လိုမှ မှန်ကန်တဲ့ သဘောထားတွေ ရှိနိုင်မယ်လို့ မထင်ဘူး။
အခု လွှတ်တော်ထဲမှာ NLD နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တစ်ခုနဲ့တစ်ခု ပူးပေါင်း လိုက်လံ ဆွေးနွေးတာတွေ ရှိတယ်။ ဦးသိန်းစိန် အစိုးရသည်လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေး အစိုးရပဲဗျ။ ဒါတောင် NLD  နဲ့ တတ်နိုင်သမျှ ညှိညှိနှိုင်းနှိုင်း လုပ်တာတွေ ရှိတယ်။ ဒီလို အခြေအနေမှာ ဦးအောင်သောင်း ပြောဆိုတာဟာ အောက်ခြေထု တွေကြားမှာ  ဘယ်လိုမှ ပေါင်းစပ်လို့ရမှာ မဟုတ်ဘူးဆိုတဲ့ အမြင်တွေကို ဖြစ်စေတယ်။ ဒီလိုလူရဲ့ အခု ပြောဆိုမှုဟာဆိုရင် ပါတီကြီးနှစ်ခုရဲ့ အောက်ခြေမှာရှိတဲ့ လူထုတွေကြားထဲမှာ အကုန်လုံး ပြဿနာတွေ ဖြစ်နိုင်တယ်။ အဲဒါကြောင့် ဒီလို အပြောအဆိုတွေကို လုံးဝ မကြိုက်ဘူးလို့ ပြောချင်တယ်။
ပါတီတွင်း အခြေခံသဘောထား ပျက်ပြားနေကြ
အခု အပြောတွေကို ကြည့်ရရင် အုပ်စုကွဲတယ်၊ မကွဲတယ် ဆိုတာကို ကျွန်တော်တော့ သိပ်မပြောချင်ဘူး။ ဒါပေမဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးထဲမှာ အခြေခံအားဖြင့် သဘောထား နှစ်ခုကတော့ သီးခြား ထွက်နေတယ် ဆိုတာကတော့ မြင်သာနေတာပဲ။ ဦးအောင်သောင်း အခုလို ပြောတယ်။ ဒီစကားတွေ ပြည်ခိုင်ဖြိုးပါတီ ဗဟိုက ကြားနေမှာပဲ။ ဒီလိုပဲ အခြေခံဥပဒေနဲ့ ပတ်သက်လို့ ပါတီ ဗဟိုကော်မတီက ပြင်မယ်ဆိုတဲ့ သဘောထား ချမှတ်တာတောင် ဦးအောင်သောင်းက လွှတ်တော်ထဲမှာတောင် ပြင်လို့မရဘူးဆိုတဲ့ ပုံစံမျိုး ပြောတဲ့ဟာ ရှိတယ်။ ဒီလို ကွာဟမှုတွေ အများကြီး ရှိတဲ့အခါကျတော့ သူတို့အတွင်း ဘယ်လို အနေအထားတွေ ဖြစ်လဲဆိုတာ ကျွန်တော်တို့လည်း မပြောကောင်းတဲ့အတွက် မပြောတော့ဘူး။ ဒါပေမဲ့ ပါတီထဲက အခြေခံ သဘောထားတွေမှာ အများကြီး ပျက်ပြားနေတာပေါ့။
အံ့ခေါင်မင်း
မြန်မာသံတော်ဆင့်

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>