Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အချုပ်အခြာအာဏာအား ထိပါပြီးနေထိုင်ခြင်းကိုခွင့်ပြု၍မရ ဧည့်သည်အဖြစ် လာသည့် ပုဂ္ဂိုလ်များ ဥပဒေနှင့် အချုပ်အခြာအာဏာကို လေးစားရမည်

$
0
0

အချုပ်အာဏာအား ထိပါးပြီးနေထိုင်ခြင်းကို ခွင့်ပြု၍မရကြောင်း ဧည့်သည်အဖြစ်လာသည့် ပုဂ္ဂိုလ်များသည် မြန်မာနိုင်ငံ၏ ဥပဒေနှင့် အချုပ်အခြာအာဏာကို လေးစားရမည်ဟု NLD ပါတီမှ
ဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူးအဖွဲ့ဝင်ဦးဥာဏ်ဝင်းက ပြောကြားသည်။

ဇန်နဝါရီလ ၄ရက်နေ့တွင် ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ NLD ပါတီရုံးချုပ်တွင်ပြုလုပ်သော နှစ် (၇၀)ပြည့် လွတ်လပ်ရေးနေ့အခမ်းအနား တွင် သဘာပတိမိန့်ခွန်းပြောကြား၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

"လွတ်လပ်ရေးဆိုတာ အချုပ်အခြာအာဏာပါ။မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးဆိုတာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပါ။ အချုပ်အခြာအာဏာ
ကို ထိပါးပြီးနေထိုင်တာကို ကျွန်တော်တို့ခွင့်ပြုလို့မရပါဘူး။ ဧည့်အဖြစ်လာတဲ့ ပုဂ္ဂိုလ်တွေဟာမြန်မာနိုင်ငံရဲ့ ဥပဒေတွေကို လေးစားရမယ်
မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားရမယ်" ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။

တိုင်းပြည်၏ အချုပ်အခြာအာဏာကို မည်သို့ကျင့်သုံးမလဲဆိုသည်မှာ အစိုးရအဖွဲ့၏ အလုပ်ဖြစ်ပြီး ပြင်ပက ဝင်ရောက်စွက်ဖက် ပြောဆိုခွင့်မရှိဟု ၎င်း က ဆက်လက်ပြောကြားသည်။

NLD ပါတီ၏ နှစ် (၇၀) ပြည့် လွတ်လပ်ရေးကြေညာချက်ထဲတွင်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးသည် မြန်မာတစ်နိုင်လုံး၏အရေးဖြစ်သလို ရခိုင်အမျိုးသားများ၏ အရေးသည်လည်း မြန်မာတစ်မျိုးသားလုံး၏ အရေး
ဖြစ်ပါသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းပြဿနာသည် မြန်မာနိုင်ငံ၏ အမျိုးသားဂုဏ်သိက္ခာနှင့် အမျိုးသားအချုပ်အခြာအာဏာအပေါ် စိန်ခေါ်မှုဖြစ်ပါသည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းအချို့နှင့် နိုင်ငံကြီးအချို့၏ မြန်မာနိုင်ငံအပေါ် ငြိုးသူရန်ဘက်ပမာတိုက်ခိုက်နေမှုများနှင့် ပိတ်ဆို့အရေးယူမှုအချို့
အား မြန်မာနိုင်ငံသည် တုန်လှုပ်မှုမရှိဘဲ ပကတိအမှန်တရားနှင့် လက်တွေ့ဆောင်ရွက်မှုများကိုသက်သေထား တုန့်ပြန်လျက်ရှိပါသည် ဟု ထည့်သွင်းဖေါ်ပြထားသည်။

===============

အောင်ရဲနောင်
The Ladies News

Viewing all articles
Browse latest Browse all 32865

Latest Images

အသိပေးခြင်း

အသိပေးခြင်း

Trending Articles


သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ လာအောင် ချစ်အောင် ၀င်အောင် ဓာတ်ရိုက်ဓာတ်ဆင်နည်း


ဂျပန်နာမည်ကြီး အပြာမင်းသားကြီးနဲ့ ကိစ္စ သင်ဇာဝင့်ကျော်ပြောပြီ…..


အပျိုဖော် ဝင်ခါစ ၁၆ နှစ်သမီးလေး အခန်းထဲကို အဖေတယောက် ဝင်ကြည့်လိုက်တဲ့ အခါ


Burmese to English Dictionary (Unicode)


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


တာချီလိတ်လူငယ်ပရဟိတဂေဟာသို့ ခရိုင်ပညာရေးကော်မတီမှ ထောက်ပံ့


တာချီလိတ်မြို့ မယ်ဟုတ်ချောင်းတွင်း သင်္ကြန်ကာလအတွက် ဖွင့်လှစ်ထားသည့်...


စနေမင်း နှင့် တနင်္ဂနွေမင်း


နောင်တော်ကြီးမင်း၏ နောက်ဆုံးည

<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>