စမ်းချောင်းမြို့နယ်ရှိ ငွေလဲကောင်တာ ဓားပြတိုက် မှုမှာ တစ်နှစ်ကျော်သွားပြီဖြစ်သော်လည်း ကျူးလွန် သူနှစ်ဦးနှင့်ပတ်သက် သည့် သဲလွန်စကို ယနေ့အချိန်ထိ ရရှိခြင်း မရှိသေးကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး စီအိုင်ဒီမှ ရဲအရာရှိတစ်ဦးက ” လိုက်လံ စုံစမ်းဆဲပဲ ရှိသေးတယ်။ သဲလွန်စလည်း မရသေးဘူး။ ဖြစ်တဲ့ချိန် တုန်းက စီစီတီဗွီက ရ တဲ့ဓာတ်ပုံတွေနဲ့ လိုက်လံအတည်ပြုဆောင်ရွက် နေတယ်။ ကျူးလွန်သူနှစ်ဦး ကို ဖမ်းမမိသေးဘူး ” ဟု ဇန်န၀ါရီ ၃ ရက်က ဒီမိုကရေစီတူဒေး သို့ ပြောသည်။
ဒီဇင်ဘာ ၃ရက်က စမ်းချောင်းမြို့နယ်တွင် ဖွင့်လှစ်ထား သည့် ငွေ လဲကောင် တာ တစ်ခုကို နေ့ခင်းကြောင်တောင် ဓားပြတိုက် မှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန် ဖွယ်ရှိသူနှစ်ဦးအား စီစီတီဗွီကင်မရာ၌ တွေ့ရှိထားခဲ့သည်။
စမ်းချောင်းမြို့နယ် မြေနီကုန်းမြောက်အရပ် ရှမ်းကုန်းလမ်း၊ တိုက်အမှတ်-၁၄/ဘီ၊ မြေညီထပ်၌ ဖွင့်လှစ်ထားသည့် MS Group Money Changer တွင် ဒီဇင်ဘာ ၃ရက် မွန်းလွဲ ၁နာရီခွဲခန့်က လူနှစ်ဦးက သေနတ် ပစ်ဖောက်ကာ ငွေသားကျပ်သိန်း ၅၀၀ နီးပါး၊ ဖုန်းလေးလုံးနှင့် အခြားပစ္စည်းများကို လုယက်ထွက်ပြေးသွားခြင်း ဖြစ်သည်။
အဆိုပါအမှုကို စမ်းချောင်းမြို့နယ်ရဲစခန်းမှ (ပ)၄၁၄^၂၀၁၆၊ ရာဇသတ် ကြီးပုဒ်မ- ၃၉၂/၃၃၆/၄၂၇/၁၁၄ ဖြင့် အမှုဖွင့်ထား ကြောင်း သိရသည်။
Credit: WYHW/Democracytoday







_Battalion-Royal_Canadian_Regiment_of_Infantry.jpg)

